ကျပ်သိန်း (၃၀)ကိုင်ဆောင်ထားနိုင်သည့် သူတောင်းစား ±±±±±±±±±±±±±±±±±±±±±±±±±±±±




ကျပ်သိန်း (၃၀)ကိုင်ဆောင်ထားနိုင်သည့် သူတောင်းစား ±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±± ၂-၂-၂၀၁၇ ထိုင်းနိုင်ငံတောင်ပိုင်း ပူးကက် ပြည်နယ်အတွင်းမှာ ရှိတဲ့ Wat Chai Thararam ချိုင်းထာရာရမ် ဘုန်းကြီးကျောင်း ဘုရားပွဲအတွင်းမှာ သူတောင်း စားတွေ များပြီး အချင်းချင်း ခိုက်ရန်ဖြစ် နေကြကြောင်း ပြည်သူတွေက ရဲကို တိုင်းကြားခဲ့ကြရပါတယ်။ ရဲတွေ လာရောက် ရှင်းကြတဲ့အခါ သူတောင်းစားတွေဟာ ကျောင်းဝင်း အတွင်းက ထွက်ပြေးလွတ်မြောက်သွားကြ ပြီး ခြေတဘက် မသန်သူ Mr Suthep, 67 နိုင်ဆူထစ် အသက် ၆၇ ကိုသာ မပြေးနိုင်လို့  ဖမ်းမိခဲ့ပါတယ်။ သူ့ အိပ်အတွင်းမှာ တောင်းရထားတဲ့ ဘတ်ငွေ တစ်သိန်းခန့် ရှာဖွေတွေ့ ရှိ ခဲ့ပြီး ခုလိုငွေတွေ သိန်းချီကိုင်ဆောင်ထားတာဟာ လုယက်တာခံရနိုင်လို့  ရဲတွေက သူ့ နံမည်နဲ့  ဘဏ်မှာ အပ်ပေးမယ်လို့  သိရပါတယ်။ သူတောင်းစားတွေကိုထိုင်းနိုင်ငံမြို့ ပေါ်တွေမှာ တောင်းစားခွင့်မပေးဘဲ တွေ့ တယ်ဆိုရင်ထိမ်းသိမ်းပြီး နေရင်းအရပ်ကိုပြန်ပို့ လေ့ရှိပါတယ်။ SAW

No comments

Powered by Blogger.