နှစ်နှစ်အရွယ်ကလေးမလေးရဲ့မတော်ရာကိုလက်နဲ့ ထိုးသူထောင်ဒဏ် ၂၀ နှစ်ကျ"


__________ "ရန်ကုန် ဇန်န၀ါရီ ၅။ အိမ်နီးချင်းအမျိုးသားတစ်ဦးက နှစ်နှစ်နဲ့ ငါးလအရွယ်ကလေးမလေးရဲ့ မတော်ရာကိုလက်နဲ့  ထိုးကြောင်းထင်ရှားလို့ အနောက်ပိုင်းခရိုင်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၂၀ နှစ်ကျခံစေဖို့ အမိန့် ချပါတယ်။ အနောက်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ၇ တရားခွင်မှာ ရာဇ၀တ်ကြီးအမှုအမှတ် ၈၈/၂၀၁၆ နဲ့ တရားလို နစ်နာသူကမလေးမိခင်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ (မိမိအလိုလျောက် ဓမ္မတာနဲ့ ဆန်ကျင်သော ကာမရယူမှု) အရ ပြစ်မှုကျူး လွန်သူ သိန်းဝင်း(၃၀)နှစ်ကိုအရေးယူပေးဖို့  တရားစွဲဆိုမှုဖြစ်ပါတယ်။ ဖြစ်စဉ်မှာ တရားလိုမ.. က သမီးဖြစ်သူကို ရေချိုးပေးပြီး မအင်္ဂါကို ရေဆေးပေးစဉ် ကလေးက နာတယ် နာတယ်ပြောလို့  စစ်ဆေးကြည့်ရာ စုတ်ပြဲရောင်ရမ်းနေတာ တွေ့ရလို့ သမီးဖြစ်သူကိုမေးရာ မိမိတို့ နေထိုင်ရာ အိမ်မျက်ဆောင်းထိုး မှာ နေထိုင်တဲ့ ဦးဦးသိန်း က လက်နက်နှိုက်ကြောင်း ပြောပြလို့  ပြစ်မှုကျူးလွန်သူ ကို အရေးယူပေးဖို့ တိုင်တန်းခဲ့တာဖြစ်ပါတယ်။ သည် အမှုကို ကြည့်မြင်တိုင်မြို့နယ် ပိတောက်ချောင်းနယ်မြေရဲစခန်းက (ပ)၁၆၅/၂၀၁၆ နဲ့ အမှုဖွင့်စုံစမ်းစစ်ဆေးကာ အနောက်ပိုင်းခရိုင် တရားရုံးကို တရားစွဲတင်ပို့ တာဖြစ်ပါတယ်။ အမှုစစ်ဆေးပေါ်ပေါက်ချက်အရ အမှုနဲ့ စွပ်စွဲခံရသူ သိန်းဝင်း(၃၀)နှစ် ဟာ ပြစ်မှုကျူးလွန်တာ ထင်ရှားတာကြောင့်ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ အရ အလုပ်နဲ့ ထောင်ဒဏ် နှစ်ဆယ်နှစ်ကျခံစေဖို့  အမှုစစ်တရားသူကြီးက ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂ ရက်နေ့ က အမိန့် ချပါတယ်။ အမှုစစ်ဆေးစဉ် အတွင်း ချုပ်ရက်ကို ပြစ်ဒဏ်အတွင်းက ထုတ်နှုန်ခံစားခွင့်ပြုပါတယ်။ author လူမွန် ကုမုဒြာ
Powered by Blogger.