ချင်းတွင်းမြစ်က စားပြန်ပြီ




မုံရွာသတင်းမှ ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး တိမ်းမှောက် ----------------------------------- ကလေး၊ နိုဝင်ဘာ ၁၀ မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော ကုန်တင်ရေယာဉ်တစ်စီးသည် ယနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ် အချိန်က ဟုမ္မလင်းမြို့အနီးတွင် တိမ်းမှောက်နစ်မြုပ်ခဲ့ကြောင်း ဟုမ္မလင်းမြို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။ ဟုမ္မလင်းမြို့အနီး ဥရုချောင်းနှင့် ချင်းတွင်းမြစ်ဆုံရာ အရောက်တွင် ဥရုချောင်း၏ ရေစီးအားကြောင့် စက်လှေစောင်းကာ သောင်နှင့်ငြိပြီး တိမ်းမှောက်ခဲ့သောလည်း လူသေဆုံးမှု မရှိကြောင်း စက်လှေတိမ်းမှောက်ရာသို့ မြို့နယ်စီမံခန် ခွဲမှု ကော်မတီ ဥက္ကဋ္ဌ အပါအ၀င် အရပ်ဖက် အဖွဲ့အစည်းများ ဌာနဆိုင်ရာ ဝန်ထမ်းများ ရောက်ရှိလာပြီး ရေယာဉ်ပေါ်တွင် ပါလာသည့် ဆီပေပါ ဆန်အိတ်နှင့် သန်ပိုက်လုံးများအနက် ဆီပေပါများကို လိုက်လံဆယ်ယူပေးနေကြောင်း ၄င်းက ရှင်းပြသည်။ “ဆီပေပါတွေတော့ လိုက်ဆယ်ပေးနေတယ်။ ဆန်အိတ်နဲ့ သန်ပိုက်လုံးနဲ့ကတော့ မော်တော်ဝမ်းထဲမှာပဲ ရှိသေးတယ်”ဟု ဦးအောင်ကျော်က ဆိုသည်။ ဓာတ်ပုံ- အရှင်ဩသဓ (ဟုမ္မလင်း)
Powered by Blogger.