သေခြင်းတရားကိုမတွေးမိတဲ့ သံတွဲမြို့က ဇနီးမောင်နှံ အပြည့်အစုံဖတ်ရန်နှိပ်ပါ။





ငါလည်းတစ်နေ့ ☆☆☆ ဇီဝိတံ မေ အဓုဝံ၊ မရဏံ မေ ဓုဝံ။ မေ ငါ၏၊ ဇီဝိတံ အသက်သည်၊ အဓုဝံ မမြဲ။ မေ ငါ၏၊ မရဏံ သေခြင်းသည်၊ ဓုဝံ မြဲ၏။ ဒီကနေ့မနက် ထမင်းစားတဲ့ အချိန်ထိ ဒီလင်မယားနှစ်ယောက် သေခြင်းတရားဆိုတာ ဟို ဝေးရာအရပ်မှာလို့ပဲ ထင်နေကြလိမ့်မယ်။ နေ့လည် ၁၂ နာရီလောက်မှာတော့ တစ်ချိန်တည်း တစ်ပြိုင်တည်း တစ်နေရာတည်းမှာ ဝေဒနာအတူခံစားရပြီး အတူတူ သေပွဲဝင်ခဲ့ကြရတယ်။ အဲဒါကြောင့်... မီးဘေး ရေဘေး ပြည်ပျက်ဘေးကား၊ ဆယ်ရေး တစ်ရေး ကယ်နိုင်သေး၏။ အိုဘေး နာဘေး သေခြင်းဘေးဟု၊ ဤဘေး သုံးပါး လွန်ကြီးမားကား၊ သားနဲ့ အမိ ဖြစ်တုံဖိလည်း၊ မျက်စိအောက်တွင် ရင်ခွင်တင်လျှက်၊ သက်ရေးဆံပိုင် မကယ်နိုင်ဘူး၊ လက်မှိုင်ချကာ မေရစွာရှင့် တဲ့။ သဗ္ဗေ သတ္တာ ကမ္မဿ. ကာ။ သံတွဲ မီး ==÷÷÷== သံတွဲမြို့  အမှတ် (၅) ရပ်ကွက်ရှိ ငကျော်တောင် အထက ခွဲကျောင်းအနီး ဒေါ်ကျန်တင် ကုန်စုံဆိုင်နှင့်တွဲလျှက်အိမ် ယနေ့ နေ့လည် ၁၂း၄၅ ခန့်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်စဉ်တွင် ကိုဝင်းကိုအောင် ၃၆ နှစ်နှင့် မဂျူစီဦး ၃၀ နှစ်၊ မီးလောင်၍ သေဆုံးသွားသော လင်းမယား နှစ်ယောက် ကောင်းရာသုဂတိ ရောက်ကြပါစေ။
Powered by Blogger.