ချစ်သူက အနုပညာလောကထဲကပါပဲလို့ ဖွင့်ဟလိုက်တဲ့ မိတ်ကပ်ခင်စန်းဝင်း


ချစ်သူက အနုပညာလောကထဲကပါပဲလို့ ဖွင့်ဟလိုက်တဲ့ မိတ်ကပ်ခင်စန်းဝင်း မိတ်ကပ်လောကမှာ နှစ်ပေါင်းများစွာ အောင်မြင်ထင်းရှားသူတစ်ဦးဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ် ချစ်ကံခေသူလို့ အမြဲပြောလေ့ရှိတဲ့ မိတ်ကပ်ခင်စန်းဝင်း (မကြီးစန်း) တစ်ယောက် "မကြီးစန်းနှင့်သူ၏ချစ်သူများ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးပါပြီ၊ ရှေ့ဆက်ပြီး အချစ်ရေးနဲ့ သူမရဲ့အနုပညာအကြောင်းမေးကြည့်တဲ့အခါ.. အခုတလောလုပ်ဖြစ်နေတာတွေက 
မကြီးစန်းနှင့်သူ၏ချစ်သူများ ဇာတ်ကားရိုက်ပြီးသွားပြီးပေါ့။ မိတ်ကပ်ပစ္စည်းတစ်ခုရဲ့ TV Program တစ်ခုရိုက်ဖြစ်တယ် ဝတ်ခြံပျောက်ဆေးကြော်ငြာတွေ
လည်းရိုက်ဖြစ်တယ်။ 

 ဇာတ်ကားကော ထပ်ရိုက်ဖို့လက်ခံထားသေးလား 
ဆရာမ ပုညခင်ရဲ့ဝတ္တုကိုရိုက်ဖို့ လက်ခံထားတာ ရှိပါတယ်။ စိန်ဌေးက ရိုက်မှာပါ။ မင်းသားအဆင်မပြေသေးဘူးတဲ့။ ဘယ်လိုဇာတ်လမ်းမျိုးလဲ။ ဇာတ်ညွှန်းကို 
အတိအကျ မသိသေးပါဘူး။ မကြီးစန်ရဲ့အပြင်ကာရိုက်တာကိုပဲ အခြေခံပြီးရိုက်မှာပါ။ 

 ဇာတ်ကားရိုက်ပြီးသွားပြီဆိုတော့ အတွေ့အကြုံတွေရနေပြီးပေါ့။ 
မကြီးစန်းက ရုပ်ရှင်လောကမှာ ၁၅ နှစ်လောက် မင်းသမီးတွေ နောက်လိုက်ပြီး မိတ်ကပ်လိမ်းလာတာဆိုတော့ ကိုယ်တိုင်သာ သရုပ်မဆောင်ဖူးတာ ရုပ်ရှင်ရိုက်
တာကို ရင်းနှီးပြီးသား။ သရုပ်ဆောင်နေကြတာတွေ အားလုံးမြင်နေကျပဲလေ။ ကိုယ်တိုင်ရိုက်တဲ့အခါမှာတော့ မစိမ်းဘူးပေါ့။ ခတ်ခဲတာဆိုလို့ ငိုတဲ့ အခန်းတွေပဲ
ရှိတယ်။ ဖီလင်ရှိမှငိုလို့ ရတာဆိုတော့။

 ဒါဆို မကြီးစန်းက အငိုလွဟ်တဲ့အထဲမှာမပါဘူးပေါ့။ 
ငိုရတာလုံးဝ အဆင်မပြေဘူး။ ခံစားချက်တော့ ရှိပေမယ့် ကိုယ်ကလုပ်ငန်းတစ်ခုကို ဦးဆောင်နေတဲ့သူဖြစ်တယ်။ ကိုယ်အောက်မှာ ကိုယ့်ကိုဆရာတင်ထားတဲ့ 
တပည့်တွေလည်း အများကြီးရှိတော့ လူငယ်တွေလို စိတ်ခံစားမှုနောက်ကို အလိုလိုက်လို့ မရဘူးလေ။ ကိုယ့်အနေအထားနဲ့ ထိန်းရ၊ ချုပ်တည်းရတာတွေကြောင့် 
လုံးဝမငိုဖြစ်တော့တာကြာပြီ။ ဒီကားက အငိုခန်းများတယ်။ အဲ့ဒီတော့ Mood သွင်းရတာ ခက်တယ်။ 

 မကြီးစန်းနှင့် သူ၏ချစ်သူများက ဆင်ဆာငြိတယ်လို့ ကြားတယ်။ 
ဆင်ဆာခွင့်ပြုမိန့်လွတ်လွတ်ကင်းကင်းကို ကျသွားပါပြီ။ စက်တင်ဘာလ ၂၂ ရက်နေ့ မှာ ဆင်ဆာကတ်ထွက်လာပြီ လကုန်လောက်မှာ ပရိသတ်တွေဆီရောက်
တော့မယ်လို့ ထင်ပါတယ်။ 

 လက်ရှိချစ်သူက အနုပညာလောကထဲက ပဲလား။ 
ဟုတ်ပါတယ်။ ဘယ်သူဆိုတာတော့ မပြောတော့ပါဘူး။ သူက အခုနာမည်ရဖို့ကြိုးစားနေတဲ့ အချိန်ဆိုတော့ မကြီးစန်းကြောင့် ပရိသတ်အမြင်တစ်မျိုးဖြစ်သွားမှာ
စိုးတယ်။ မကြီးစန်းတို့အနေအထားက ယောကျာင်္းလေးတစ်ယောက်နဲ့တကယ်မေတ္တာ သက်ဝင်လို့ချစ်တယ်ပဲထားပါဦး။ လူအများအမြင်ကတော့ သဘာဝမကျတာ
မို့ သူ့ကို ထိခိုက်မှာ စိုးတယ်။ 

 မကြီးစန်း Fan အတွက် စကားလက်ဆောင် 
မကြီးစန်းရဲ့ Fan အတွက် အများကြီးရှိနေတယ်။ မကြီးစန်းခံစားရလို့ Post လေးတွေရေးတင်မိတိုင်း သူတို့က ကိုယ်နဲ့အတူလိုက်ပြီး ခံစားပေးကြတာမျိုးတွေ 
ကိုယ်ကိုလာပြီး ဝေဖန်တိုက်ခိုက်တဲ့သူတွေတွေ့ရင် ကိုယ့်ဘက်က ရပ်တည်ပြီး တုံ့ပြန်တာမျိုးတွေ လုပ်ပေးကြတယ်။ ဒါတွေက တော်ရုံတန်ရုံအားပေးမှုမျိုးနဲ့ 
မဟုတ်ဘူး။ မကြီးစန်းလိုသာမန် မိတ်ကပ်ပညာရှင်တစ်ယောက်ကို မေတ္တာထားပေးကြတာကို ကျေးဇူးတင်ပါတယ်လို့။ 
 

 Credit - Oasis Journal
Powered by Blogger.