Woodside Energy ရခိုင်ကမ်းလွန်တွင် ဓာတ်ငွေ့ထပ်မံတွေ့ရှိ


သြစတြေးလျ ရေနံရှာဖွေရေးကုမ္ပဏီ​ ​Woodside Energy  က ရခိုင်ကမ်းလွန်မှာ ဒီနှစ်အတွင်း ဒုတိယမြောက် သဘာဝဓာတ်ငွေ့တွင်း ထပ်တွေ့တယ်လို့ ဒီနေ့ ကြေညာ ပါတယ်။

မြန်မာ့ကမ်းရိုးတန်းမြောက်ဘက် ဘင်္ဂလားပင်လယ်အော်အတွင်း လုပ်ကွက်အမှတ် အေဒီ (၇) ရဲ့ သာလင်အမှတ် ၁ (က) တွင်းမှာ တွေ့ရှိတာဖြစ်ပါတယ်။ သာလင်အမှတ် ၁ (က) ဟာ ဒေ၀ူးကုမ္ပဏီက ဆောင်ရွက်နေတဲ့ ရွှေသဘာဝဓာတ်ငွေ့တွင်းနဲ့ ကီလို ၆၀ လောက်အကွာမှာ ရှိပါတယ်။

ဒီတွေ့ရှိချက်ဟာ Woodside ကုမ္ပဏီအဖို့ ဒီနှစ်ဇန်န၀ါရီ ၄ ရက်နေ့က ကြေညာခဲ့တဲ့ ရခိုင်ပြည်နယ် ရွှေရည်ထွန်းအမှတ် (၁) တွင်းက တွေ့ရှိမှုအပြီး ထပ်မံတွေ့ရှိတာဖြစ်ပါတယ်။

ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ပီတာကိုးလ်မန်က ဆန့်ကျင်ဘက် အရပ်တွေက ဒီတွေ့ရှိမှု ၂ ခုဟာ ကုမ္ပဏီအတွက် ကောင်းမွန်တဲ့ရလဒ်ဖြစ်တယ်လို့ ပြောဆိုပါတယ်။

“ဒီရလဒ်တွေဟာ ကျနော်တိုအဖို့ မြန်မာပြည်မှာ နောင်အနာဂတ်ရှာဖွေ အကဲဖြတ်မှုတွေ အတွက် တကယ့်ကို အားတက်စေတယ်” လို့ သူက ပြောပါတယ်။

Woodside ​ကုမ္ပဏီဟာ ​ရခိုင်ကမ်းလွန်ဒေသမှာ ​ရှာဖွေတူးဖော်ရေး လုပ်ဖို့ ​အကွက်ပေါင်း ​၆ ​ခု ​ရရှိထားပြီး ​အကျယ်အဝန်းအားဖြင့် ​စတုရန်း ​ကီလိုမီတာ ​၄၇၀၀၀ ​ရှိပါတယ်။

ရွှေရည်ထွန်း ​အမှတ် ​(၁) ​တွင်းကို ​Woodside ​ကုမ္ပဏီက ​၄၀ ရာခိုင်နှုန်း၊ ​ပြင်သစ် ​Total ​ကုမ္ပဏီက ​၄၀ ရာခိုင်နှုန်းနဲ့ ​မြန်မာနိုင်ငံက ​MPRL ​ကုမ္ပဏီက ​၂၀ ရာခိုင်နှုန်း ​ပိုင်ဆိုင်ကြပါတယ်။ သာလင် ​အမှတ် ​၁ ​(က) ​တွင်းမှာတော့ ​Woodside ​ကုမ္ပဏီက ​၄၀ ရာခိုင်နှုန်း၊ ​Daewoo ​ကုမ္ပဏီက ​၆၀ ရာခိုင်နှုန်း ​ပိုင်ဆိုင်တယ်လို့ ကုမ္ပဏီကြေညာချက်အရ သိရပါတယ်။

Woodside ​ကုမ္ပဏီဟာ ​ရခိုင်ကမ်းလွန်ဒေသမှာ ​ရှာဖွေတူးဖော်ရေး​လုပ်ဖို့ ​အကွက်ပေါင်း ​၆ ​ခု ​ရရှိထားပါတယ်။ လုပ်ကွက်ဟာ အကျယ်အဝန်းအားဖြင့် ​စတုရန်း ​ကီလိုမီတာ ​၄၇၀၀၀ ​ရှိပြီး ဒီပမာဏဟာ Woodside ​ကုမ္ပဏီရဲ့ ​ကမ္ဘာတခွင် ​ရှာဖွေတူးဖော်မှုရဲ့ ​၂၀ ရာခိုင်နှုန်း ​ဖြစ်ပါတယ်။ ဒီဗွီဘီ

No comments

Powered by Blogger.