မသိမဖြစ် သိထားသင့်တဲ့ အသံတိတ် လူသတ်သမားရဲ့ ကနဦး လက္ခဏာ


သားအိမ်ကင်ဆာရောဂါက ကနဦးရောဂါ လက္ခဏာတွေကို ပြလေ့မရှိဘဲ ဖြစ်ပွားလေ့ရှိတယ်လို့ ယူဆခြဲ့ကတာကြောင့် ဒီရောဂါကို ဆယ်စုနှစ် အတော်ကြာအောင် အသံတိတ် လူသတ်သမားလို့ အမည်ပေးခဲ့ကြပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ အမေရိကန် ကင်ဆာပညာရှင်များက သားအိမ်ကင်ဆာရဲ့ အစောပိုင်း အဆင့် လက္ခဏာ ၄ ခုကို ဖော်ထုတ်နိုင်ခဲ့ကြပါတယ် ရောဂါ လက္ခဏာတွေက ထင်ရှားမှုမရှိတဲ့ အတွက် လူအများစုက သတိမပြု မိတတ်ကြတာ ဖြစ်ပါတယ်။ သိပ်မပြင်းထန်တဲ့ ရောဂါတွေရဲ့ လက္ခဏာတွေနဲ့ တူနေတဲ့အတွက် ရောဂါ အမည်တပ် မှားတတ်ကြပါတယ်။

ဝမ်းဗိုက်ဖောင်းတင်းနေခြင်း

အစာစားတာများသွားတဲ့အခါ ၀မ်းဗိုက်ဖောင်းတင်းနေတာမျိုး ကြုံဖူးကြမှာပါ ။ဒါပေမဲ့ သားအိမ်ကင်ဆာရဲ့ လက္ခဏာက နေ့တိုင်းဖောင်းတင်းနေခြင်းဖြစ်ပြီး သက်သာသွားတာ မရှိပါဘူး။ ဗိုက်ပြည့်နေသလို ဖောင်းနေတတ်ပြီး ဘောင်းဘီ ကြယ်သီးတပ်လို့ မရလောက်အောင်အထိ ဖောင်းနေတာမျိုးလည်း ကြုံရတတ်ပါတယ်။ ၂ ပတ်ထက်ပိုပြီး ၀မ်းဗိုက်ပူတင်းနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ တခါတလေမှာ လေပွတာ ၊ ၀မ်းချုပ်တာ ၊အစာအိမ် အူလမ်းကြောင်း ရောဂါတွေနဲ့ မှားယွင်းတတ်ပါတယ်။

ဆီးခုံတ၀ိုက် နာကျင်ခြင်း

ရာသီသွေးမလာဘဲ ဆီးခုံတစ်ဝိုက်နာကျင်နေတတ်ပါတယ်။ ရာသီလာစဉ် ကြွက်တက်သလိုမျိုး ပြင်းပြင်း ထန်ထန် နာကျင်ပြီး ဆေးသောက်ပြီး လဲလျောင်းနေမှ သက်သာတတ်ပါတယ်။ ရာသီလာတာနဲ့ မဆိုင်ဘဲ ကြာရှည် ဆီးခုံတ၀ိုက် နာကျင်နေရင် ဒါဟာ သားအိမ်ကင်ဆာ လက္ခဏာပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးမှု၊လေပွတာ နဲ့ဝမ်းချုပ်တာတွေနဲ့ မှားယွင်းတတ်ပါတယ်။

အစာစားနေခိုက်မှာပဲ ပြည့်အင်သလို ခံစားရတာ

ပုံမှန်စားနေကျ အစားအသောက် ပမာဏ မပြည့်ခင်မှာပဲ ပြည့်အင်သလို မကြာခဏ ဖြစ်လာရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါပြီ။ အစာစားချင်စိတ် မရှိတာ မဟုတ်ဘဲ အနည်းငယ် စားရုံနဲ့ မအီမသာ ဖြစ်လာတာပါ။ အစာအိမ် အူလမ်းကြောင်း ရောဂါတွေနဲ့ မှားတတ်ပါတယ်။

မကြာခဏ ဆီးသွားချင်သလို ဖြစ်ခြင်း

ဆီးသွားချင်စိတ် မကြာခဏ ဖြစ်ပြီး အမှန်တကယ် မသွားတဲ့အခါများ ကြုံရလျှင် မူမမှန်မှု တစ်ခုခု ရှိုနေသလားလို့ ဆရာဝန်နဲ့ စစ်ဆေးကြည့်သင့်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ရောဂါနဲ့မှားယွင်းပြီး ပိုးသတ်ဆေးများ သောက်သော်လည်း မသက်သာဘဲ ရောဂါလက္ခဏာ ကျန်ရှိနေတဲ့ အချိန်ကျမှ သားအိမ်ကင်ဆာမှန်း သိရှိတတ်ကြပါတယ်။ သားအိမ်ကင်ဆာရဲ့ ကနဦးလက္ခဏာတွေက တချို့ အမျိုးသမီးတွေမှာ ပြတတ်ပေမဲ့ အမျိုးသမီးအများစုက ရောဂါရဲ့ အစောပိုင်း အဆင့်မှာ မသိရှိကြတာ များပါတယ်။ဒါကြောင့် ရောဂါ အကြောင်းသိရှိအောင် လေ့လာထားမယ်ဆိုရင် ဖြစ်လာတဲ့အခါမှာ  အစောဆုံးသိရှိပြီး အကောင်းဆုံး ကုသမှုပေးနိုင်မှာ ဖစ်ပါတယ်။Ref:cancer.org 

No comments

Powered by Blogger.