အစိုးရသစ်လက်ထက်တွင် ပြည်သူ့နစ်နာချက်များ ပေါ်ပေါက်လျှင် ဆန္ဒပြရန် အသင့်ရှိကြောင်း တက်ကြွလှုပ်ရှားသူများပြော
ဦးသိန်းစိန်အစိုးရလက် ထက်တွင် အကြောင်းအရာအမျိုး မျိုးပေါ်မူတည်ပြီး ရာနှင့်ချီသော ဆန္ဒပြမှုပြုလုပ်ခဲ့သူများက ဒေါ် အောင်ဆန်းစုကြည်အစိုးရလက် ထက်၌လည်း တောင်းဆိုကန့် ကွက်စရာများပေါ်ပေါက်လာပါ က ဆက်လက်ပြုလုပ်မည်ဟု ပြောကြားခြင်းဖြစ်သည်။
‘‘တောင်းဆိုဖို့ရာတွေရှိရဲ့ သားနဲ့ ကျွန်တော်တို့က မလုပ်ဘူး ဆိုရင် ကျွန်တော်တို့မှာ အပြစ်ရှိ တာပေါ့။ ကျွန်တော်တို့က အင်န် အယ်လ်ဒီဘက်က ရပ်တဲ့သူတွေ မဟုတ်ဘူး။ ကြံ့ခိုင်ရေးဘက်က ရပ်တည်သူတွေမဟုတ်ဘူး။ တပ် မတော်ဘက်ကရပ်တဲ့သူတွေမ ဟုတ်ဘူး။ ကျောင်းသားဘက်က ရပ်တဲ့သူတွေမဟုတ်ဘူး။ အလုပ် သမားဘက်ကရပ်တဲ့သူတွေ မ ဟုတ်ဘူး။ ကျွန်တော်တို့ရပ်တာက ပြည်သူ့ဘက်ကပါ။ ပြည်သူအ များစုအတွက် တကယ်ဒုက္ခ ရောက်စေနိုင်တယ်၊ အကျိုးမဲ့စေနိုင်တယ်ဆိုတာ သိရဲ့သားနဲ့ ဘာမှမလုပ်ဘဲ ထိုင်နေဖို့ဆိုတာ မဟုတ် ဘူးလေ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရမှာ မရှိတော့ဘူးလို့ မျှော်လင့်ထား တာပါ။ ရှိခဲ့ပါလျက်နဲ့ ကျွန်တော် တို့ဘာမှတောင်းဆိုမှုပြုလုပ်မှာမ ဟုတ်ဘူးဆိုတဲ့ စကားမျိုးကိုဘယ် တော့မှ ပြောမှာမဟုတ်ပါဘူး’’ဟု ဦးသိန်းစိန်အစိုးရလက်ထက်တွင် လယ်သမားအရေး၊ အလုပ်သမားအရေးနှင့် ပတ်သက်၍ ဆန္ဒပြပွဲပေါင်း ၅၀ ကျော် တောင်းဆိုဆန္ဒပြခဲ့သူ ဦးဝင်းချိုက ပြောသည်။
ဆန္ဒပြတောင်းဆိုမှုများပေါ် ပေါက်၍ တောင်းဆိုမှုပြုလုပ်လျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ခံပေးမည်ဟု မျှော်လင့် ကြောင်း ဦးဝင်းချိုက ဆက်လက်ပြောကြားသည်။
‘‘ဒေါ်အောင်ဆန်းစုကြည် လက်ထက်ကျရင်လည်း တိုင်းပြည်ရဲ့လိုအပ်ချက်က ရှိနေဦးမှာပဲ။ အဲဒီအခါကျရင် နစ်နာနေတဲ့ ပြည်သူတွေအတွက် သံချောင်း ခေါက်ရမယ့်တာဝန်ရှိတယ်။ အင်န်အယ်လ်ဒီကျရင်လည်း မင်းတို့ ဆင်းကွဆိုပြီး ဆန္ဒပြတာမဟုတ် ပါဘူး။ အင်န်အယ်လ်ဒီလုပ်တာ ဟာ ဒီမိုကရေစီပုံစံမျိုးနဲ့သွားပါ။ ပါတီတစ်ခုအနေနဲ့ အကျင့်ပျက် ခြစားတာတွေရှိလာမယ်။ အဲဒီလို ဟာတွေမြင်လာတဲ့အခါမျိုးဆိုရင် လည်း ကျွန်တော်တို့က ထောက်ပြ ရပါမယ်’’ဟု တက်ကြွလှုပ်ရှားသူ ဦးဘမြင့်က ပြောသည်။
ဦးဘမြင့်သည် လက်ပံ တောင်းတောင်သပိတ်အကြမ်း ဖက်ဖြိုခွင်းခံရမှု၊ လယ်တီသိမ် တော်မရွှေ့ပြောင်းရေး၊ ပုဒ်မ ၁၈ ပယ်ဖျက်ရေး၊ ပုဒ်မ ၅၉(စ)ပယ်ဖျက်ရေး၊ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ အားကစားကွင်းများပြန်ပေးရေးအပါအ၀င် လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံခြင်းကြောင့် ဖယောင်းတိုင်ထွန်းခြင်းစသည့် ဆန္ဒပြပွဲပေါင်း ၃၀ ကျော် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်။
၎င်းသည် ဇန်န၀ါရီ ၂၂ရက် က သမ္မတဦးသိန်းစိန်၏ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ် မြောက်လာသူဖြစ်သည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ပုဒ်မ ၄၃၆နှင့် ၅၉(စ)ပယ်ဖျက်ပေးရန် ရန်ကုန်မြို့၌ အကြိမ်ပေါင်းများစွာ ဆန္ဒပြတောင်းဆိုခဲ့သူလည်း ဖြစ်သည်။
‘‘အင်န်အယ်လ်ဒီအစိုးရဖြစ် ဖြစ်၊ လက်ရှိအစိုးရဖြစ်ဖြစ် အစိုးရ က ဘယ်သူလဲဆိုတာ စိတ်မ၀င် စားဘူး။ ကျွန်တော်တို့ စိတ်ဝင်စား တာက တက်လာတဲ့အစိုးရက ပြည်သူကို ဘယ်လောက်အလုပ် အကျွေးပြုနိုင်မလဲအပေါ်ကြည့် ပြီး ရပ်တည်သွားမယ်။ အင်န်အယ်လ်ဒီအနေနဲ့ ပြည်သူကို ဗဟိုပြုပြီး ပြည်သူ့ဘက်ကရပ်တည်ဆောင် ရွက်ပြီး ပြည်သူတွေနစ်နာဆုံးရှုံးမှု မရှိဘူးဆိုရင် ကျွန်တော်တို့က လမ်းပေါ်ထွက်စရာအကြောင်းမရှိဘူး’’ဟု လက်ပံတောင်းတောင် အရေးလှုပ်ရှားသူ ကိုဝေဠုက ပြောသည်။
ဦးသိန်းစိန်အစိုးရအဖွဲ့သည် ဆန္ဒပြတောင်းဆိုသူများကို ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည်။
ဆန္ဒပြတောင်းဆိုမှု၏အဓိ ပ္ပာယ်သည် ပြည်သူများ၏ လို အပ်ချက်နှင့် နစ်နာမှုများ ရင်ဖွင့်ခြင်းသာဖြစ်ကြောင်း ဦးဘမြင့်ကပြောသည်။
‘‘ဒေါ်အောင်ဆန်းစုကြည်အ စိုးရက ဦးသိန်းစိန်ဦးဆောင်တဲ့အ စိုးရလို တည်ဆဲဥပဒေတွေအ ကြောင်းပြပြီးတော့ နှိပ်စက်ညှဉ်း ပန်းနေဦးမယ်ဆိုရင် စိတ်ချပါ။ ကျွန်တော်တို့က လုံးဝလက်ခံမှာ မဟုတ်ပါဘူး’’ဟု ဦးဝင်းချိုက ပြောသည်။
7daynews
No comments