ကိုယ်ဝန်ဆောင်အမျိုးသမီးများဖြစ်လေ့ရှိသည့် နံနက်ခင်းပျို့အန်ခြင်းကို လျော့ပါးစေမည့် နည်းလမ်းများ


ဇီဝဗေဒနည်းအရကြည့်လျှင် ကိုယ်ဝန်ဆောင်အမျိုးသမီးများဖြစ်လေ့ရှိသည့်  နံနက်ခင်းပျို့အန်ခြင်းသည် သန္ဓေသားကို တနည်းနည်းဖြင့် ကာကွယ်ပေးခြင်းဖြစ်သည်။အကြောင်းမှာ သန္ဓေသားလောင်းအား ထောက်ပံ့ပေးသည့် အရေးပါသော ကိုယ်ဝန်ဆောင်ဟော်မုန်းများဖြစ်သည့်  အီစထရိုဂျင်နှင့် HCG ဟုခေါ်သော ဟော်မုန်းများကြောင့် ပျို့အန်လိုခြင်း ဖြစ်သည်။ နံနက်ခင်းပျို့အန်မှုကို ခံစားရသော အမျိုးသမီးများသည် ကိုယ်ဝန်ပျက်ကျနိုင်မှု အန္တရာယ် နည်းပါးသည်ဟု ဆိုသည်။(သို့သော် ယင်းဝေဒနာ မခံစားရလျှင်လည်း ပူပင်ရန်မလိုပါ။) လနှင့်ချီ၍ ပျို့အန်ခြင်းဝေဒနာခံစားရသည်မှာ သက်သာသည့်ခံစားမှု မဟုတ်ပါ။ ထို့ကြောင့် ယင်းဝေဒနာများ ကို လျော့ပါး သက်သာစေမည့် နည်းလမ်းများကို တင်ပြပေးလိုပါသည်။

၁)အစာကို မကြာခဏ စားပေးပါ။ အစာအိမ်ထဲမှာ ဘာမှမရှိလျှင် ပို၍မူးဝေပျို့အန်စေနိုင်ပါသည်။

၂)သို့သော် အလွန်အကျွံမစားပါနှင့်။ ဗိုက်ပြည့်အင့်နေလျှင်လည်း မူးဝေစေနိုင်ပါသည်။

၃)အိပ်ယာဘေးတွင် ဘီစကစ် ဆောင်ထားပါ။မနက်အိပ်ယာမှ နိုးသည်နှင့် ဘီစကစ်နှစ်ချပ်ခန့် ၀ါးစားလိုက်ပါ။

၎)အေးသောအစားအစာများဖြစ်သည့် ဒိန်ချဉ်၊ အသီးအနှံများနှင့် အရွက်သုတ်တို့စားပေးပါ။

၅)ရေဓာတ်အမြဲ ပြည့်နေပါစေ။အုန်းရည် သို့ ဆိုဒါနှင့်ရောထားသော ချင်းဖျော်ရည်တစ်မျိုးကို သောက်ပေးပါ။

၆)အိပ်ရာမ၀င်မီ ပရိုတင်းဓာတ်ပါသော မုန့်တစ်ခုခုစားပေးပါ။

၇)လိမ္မော်သီးအမြဲဆောင်ထားပါ။တခါတရံ အရည်ရွှမ်းပြီး ချိုသော အရသာရှိသည့် အသီးများသည် အော့အန်မှုကို သက်သာစေသည်။

၈)အနံ့မပါသော ဆပ်ပြာ၊ရေချိုး ခရင်မ်တို့ကို ပြောင်းသုံးပါ။

၉)သွေးခုန်နှုန်းစမ်းနိုင်သော လက်ကောက်ဝတ်နေရာကို ဖိပေးပါ။

၁၀)အလွန်ပူစပ်သော၊အဆီများသော၊ကြော်ထားသော အစာများကို ရှောင်ပါ။

Ref:womenshealthmag 

No comments

Powered by Blogger.