နှစ်သစ်မှာ နေ့သစ်တွေကို လန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ရာ ဒီအချက်လေးတွေအတိုင်း လုပ်ဆောင်ကြည့်ရန်လို


သင့်စိတ်တွေ မကြည်လင်လင်ပဲ ရှုပ်ထွေးနေတယ်ဆိုရင် ဒီအရာတွေအားလုံး အဆင်ပြေသွားအောင် စိတ်တွေကြည်လင်လန်းဆန်းသွားအောင် လိုက်နာလုပ်ဆောင်ရမယ့် နည်းလေးတွေ ပေးချင်ပါတယ်။ တကယ်တော့ သင့်စိတ်တွေ လန်းဆန်းအောင်လုပ်ဖို့ မြန်ဆန်ပြီး ရိုးရှင်းပါတယ်။ တကယ်တော့ သင်စိတ်ရှုပ်သွားရတဲ့ အကြောင်းအရင်းက အမှားကြီးတစ်ခုကို ကျူးလွန်လိုက်တာမျိုး မဟုတ်ပဲ ခေါင်းမလျှော်ရသေးလို့ ညစ်ပတ်နေတာကြောင့် စိတ်ရှုပ်သွားတာ၊ တစ်ခါတစ်လေ အိပ်ယာထ နောက်ကျလို့ ကိုယ့်ကိုကိုယ် စိတ်ပျက်တာမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒါတွေကို ဘယ်လိုဖြေရှင်းမလဲ .....။

၁။အသက်ကို ၀အောင်ရှုပါ။ မျက်လုံးတွေကို မှိတ်ထားပြီး ခုခံစားနေရတာကို ဘယ်လိုကောင်းအောင် လုပ်မလဲ စဉ်းစားကြည့်ပါ။

၂။ ကိုယ့်ဘာသာကိုယ် ဒါမဖြစ်သင့်ကြောင်း ပြောဆိုနိုင်ပါတယ်။

၃။မှန်ရှေ့မှာရပ်ပြီး ဖုန်းပြောတာမျိုး၊ ဒါမှမဟုတ် ရပ်ပြီး ဒီအတိုင်းပြုံးကြည့်တာမျိုး လုပ်ပါ။ သင်ပြုံးနေချိန်မှာ သင်မျက်နှာရဲ့အကြိုက်ဆုံး နေရာကို ကြည့်ပြီး ဒီအတွက် ကိုယ့်ကိုကိုယ် ကျေနပ်စွာ ချီးမွမ်းပါ။ သင့်မှာ သူများနဲ့မတူတဲ့ အစိတ်အပိုင်းမျိုး ပိုင်ဆိုင်တာကြောင့်ပေါ့။

၎။သင်ပုံမှန်အားဖြင့် ဆိုးလေ့ဆိုးထမရှိတဲ့ လက်သည်းဆိုးဆေးတစ်ခုခုကို အပြောင်းအလဲအနေနဲ့ ဆိုးကြည့်ပါ။

၅။သူငယ်ချင်းနဲ့ ကော်ဖီဆိုင်အတူတူသွားပြီး သင့်ကို သူဘာ့ကြောင့် ခင်မင်ရသလဲဆိုတာလေး မေးကြည့်ပါ။

၆။ကိုယ့်ကိုကိုယ် အသုံးမ၀င်ဘူး၊ အသုံးမကျဘူးလို့ တွေးနေတာတွေရပ်ပြီး သင်ဘယ်အရာတွေမှာ အားသာသလဲဆိုတာ တွေးပါ။

၇။သင်ရှေ့လျှောက် လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ အရာတွေ၊ ရောက်အောင်သွားမယ် ဆုံးဖြတ်ထားတဲ့ ပန်းတိုင်တွေကို ချရေးပါ။

၈။သင့်လက်ထဲက ဖုန်းကိုချပြီး သင့်အနီးအနားဘာတွေဖြစ်နေသလဲဆိုတာ လေ့လာပါ။ သဘာဝအလှတွေ၊ မတူညီတဲ့ မျက်နှာသွင်ပြင် ပတ်ဝန်းကျင်က အရာတွေအတွက် အချိန်ပေးပါ။

၉။မျက်လုံးမှိတ်၊ ၀င်လေထွက်လေကို ဆယ်ကြိမ်ရှုထုတ်ပြီး ဒါကို အပန်းဖြေနည်းတစ်ခုလို လုပ်ဆောင်ပါ။

၁၀။တခြားလူတွေနဲ့ ကိုယ့်ကိုကိုယ် နှိုင်းယှဉ်တာမျိုးတွေ ရပ်လိုက်ပါ။ သူတစ်ပါးနဲ့နှိုင်းယှဉ်ဖို့ ကြိုးစားခြင်းဟာ ကိုယ့်ဘယ်လောက်တော်တယ်၊ ထက်မြက်တယ်ဆိုတာတွေကို မေ့နေလို့ဖြစ်ပါတယ်။

၁၁။သင့်ပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်အတွက် ကျန်းမာရေး ဂရုစိုက်ပါ။ လေ့ကျင့်ခန်းလုပ်နိုင်သလောက် လုပ်ပေးပါ။ စားလိုက် အိပ်လိုက် ချည်း လုပ်မနေမိပါစေနဲ့။

၁၂။မျက်နှာအတွက် ကိုယ့်အိမ်မှာကိုယ် ပေါင်းတင်တာမျိုးလေးတွေ လုပ်ပေးပါ။

၁၃။စိတ်တွေ မွန်းကျပ်လို့ ငိုချင်ရင် အောင့်မထားပါနဲ့။ ငိုချလိုက်ပါ။

၁၄။သင်တကယ်ကို ကျေးဇူးတင်တဲ့ အရာတွေရှိရင် အဲ့ဒါတွေကို ချရေးလိုက်ပါ။

၁၅။သီချင်းအော်ဆိုချင်တဲ့အခါ ဘယ်သူမှ ကိုယ့်အသံမကြားရသလို ဖွင့်ဆိုလိုက်ပါ။ ဒါဟာ သင့်စိတ်ကို သက်သာရာရစေပါလိမ့်မယ်။

၁၆။ သင့်အလုပ်စားပွဲကို ရှင်းလင်းလိုက်ပါ။ သင်စိတ်ရှုပ်ထွေးတာ သက်သာသွားပါလိမ့်မယ်။

၁၇။ သင်အကြိုက်ဆုံး အမှတ်တရအဖြစ်ဆုံး အရာတွေကို ပြန်တွေးပါ။

၁၈။ တစ်စုံတစ်ယောက်ကို ပွေ့ဖက်ပါ။

၁၉။ လူစိမ်းတစ်ယောက်ကို ပြုံးပြလိုက်ပါ။ တစ်ခါပြုံးပြလိုက်ရင် နောက်ပိုင်း သင်ဆက်တိုက်ပြုံးပြဖြစ်လာပါလိမ့်မယ်။

၂၀။သင့်နေ့စဉ်လုပ်ဆောင်နေရတဲ့ အရာတွေကို နည်းနည်းအပြောင်းအလဲလေး လုပ်ကြည့်လိုက်ပါ။

၂၁။ ပခုံးကိုမတ်မတ်ထား၊ ရင်ကိုကော့ပြီး ကော်ဇောနီပေါ် လမ်းလျှောက်လာသလို သဘောထားပြီး ကြွကြွရွရွလေး လျှောက်လိုက်ပါ။ ဒါသင့်စိတ်ကို ပိုမိုတက်ကြွသွားစေပါတယ်။

၂၂။ကိုယ် ၀ါသနာပါတဲ့ အရာကို စွဲစွဲမြဲမြဲလုပ်ဆောင်နိုင်အောင် ကြိုးစားပါ။

၂၃။သင်မလုပ်ချင်တဲ့ အရာတွေကို အားနားပြီး မလုပ်ဆောင်ပါနဲ့။ ငြင်းသင့်တာကိုငြင်းနိုင်အောင် လုပ်ပါ။

၂၄။ကိုယ့်ဘာသာကိုယ် တစ်ခုခုကို အသစ်အဆန်းဖြစ်အောင် စိန်ခေါ်လုပ်ဆောင်ပါ။

၂၅။သင့်ခံစားချက်အတိုင်း လုပ်ဆောင်ပါ။ တစ်ခါတစ်လေ စိတ်ပင်ပန်းတာ သဘာဝပါ။ မဖြစ်ဖြစ်အောင် ဆက်လက်လုပ်ဆောင်ရင်းကနေ သတ္တိတွေ ရလာပါလိမ့်မယ်။

Ref:popsugar

No comments

Powered by Blogger.