Facebook မှာ စိတ်ဓာတ်လှုံ့ဆော်မှုပေးတဲ့ အဆိုအမိန့် ကိုးကားစကားတွေကို တင်တဲ့သူတွေဟာ တကယ်တမ်းတော့ ဥာဏ်ရည်နိမ့်ပါးသူတွေဖြစ်
ဥာဏ်ရည်နိမ့်ပါးမှုနဲ့  တွေ့ ကရာ စိတ်ဓာတ်လှုံ့ဆော်မှုပေးတဲ့အဆိုအမိန့် တွေကို ယုံကြည်မှုတို့ အကြားမှာ ဆက်စပ်မှု ရှိနေကြောင်း မကြာသေးမီကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ ရှိခဲ့ပါတယ်။ဦးဆောင်သုတေသနပညာရှင် Gordon Pennycook က “ ဒီနေရာမှာ လေးနက် သယောင်ယောင်ရှိတဲ့ အဆိုအမိန့် ကိုးကားချက်အတုတွေကို ကျွန်တော်တို့  အဓိက ထား လေ့လာ ခဲ့တာဖြစ်ပါ တယ်။ လေးနက်သယောင်ရှိတဲ့အဆိုအမိန့် အတု ( pseudo-profound quotes ) တွေဆိုတာ တကယ်လေးနက်ပြီး အဓိပ္ပါယ်နက်ရှိုင်းသယောင်ရှိပေမယ့် တကယ်တမ်း တော့ ဘာမှအဓိပ္ပါယ်မည်မည်ရရမရှိတဲ့ စကားတွေ၊ ဆိုလိုတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ကနေဒါနိုင်ငံ၊ ၀ါတာလူးတက္ကသိုလ်က Gordon Pennycook နဲ့ အဖွဲ့ ဟာ ဒီ အဆိုအတုတွေအပေါ် လူတွေရဲ့ ယုံကြည်ချက်ကို စမ်းသပ်ဖို့ အတွက် New Age Bullsh*t Generator ဆိုတဲ့ ၀က်ဘ်ဆိုဒ်နဲ့ Wisdom of Chopra ဆိုတဲ့ ဆိုက်နှစ်ခုက ကြုံရာကျပန်းအဆိုအမိန့် တွေကို အသုံးပြုခဲ့ကြပါတယ်။ ထို့ နောက်မှာတော့ လေ့လာမှုမှာပါဝင်ပေးတဲ့ ကောလိပ်ကျောင်းသား ၂၈၀ ဦးကို ဒီ အဆိုအမိန့် တွေကို အဆင့်သတ်မှတ်ချက် ၁ ကနေ ၅ အတွင်းပေးခိုင်းခဲ့ပါတယ်။ အဆင့် ၅ သတ်မှတ်ရင် အလေးနက်ဆုံးဖြစ်ကာ အဆင့် ၁ ကတော့ လုံးဝ အဓိပ္ပါယ်မရှိဘူးလို့ သတ်မှတ်တာဖြစ်ပါတယ်။
ဒီလေ့လာမှုရဲ့တွေ့ ရှိချက်အရ ဒီ အဆိုစကားတွေက လေးနက်မှုရှိတယ်လို့ ထင်တဲ့လူတွေမှာ ဘာသာရေးအစွဲ တွေ ပြင်းထန်ပြီး၊ အတွေးအခေါ်ကောင်းသူတွေမဟုတ်ကြောင်း တွေ့ ရှိခဲ့ရကာ အဆိုကြမ်းအဆင့်သာရှိတဲ့ လှို့ဝှက်ကြံစည်သီအိုရီ (conspiracy theories) တွေကို ယုံကြည်နိုင်ခြေလည်း ပိုများကာ၊ သဘာဝကုထုံးတွေနဲ့  သဘာဝလွန်ဖြစ်ရပ်တွေကိုလည်း ယုံကြည်နိုင်ခြေ ပိုများနေတာကိုလည်း တွေ့ ရှိခဲ့ရပါတယ်။“ အခြေခံသဘောတရားကတော့ အသိဥာဏ်ပညာမြင့်တဲ့ လူတွေဆိုရင် ဒီအဆိုအမိန့် တွေဟာ အလကား အဆိုအမိန့် တွေဆိုတာ သိသင့်ပြီး သူတို့ ကို ပြလိုက်တဲ့ အလကားအဆိုအမိန့် တွေကိုလည်း လွယ်လွယ်မယုံဘဲ၊ သံသယနဲ့ ပိုကြည့်သင့်ပါတယ်” လို့ Pennycook က ပြောပြခဲ့ပါတယ်။
Ref: yourtango
No comments