စိတ်ဖိစီးမှု ပြေလျော့စေဖို့ နည်းလမ်း ၅ သွယ်


စိတ်ဖိစီးမှုတွေ ဘဝထဲမှာ တိုးလာတာနဲ့ အမျှ ဆိုးကျိုးတွေ ဖြစ်လာမှာပါ။ အဲဒိတော့ စိတ်ဖိစီးမှု မဖြစ်အောင် ရှောင်နိုင်ရင် ရှောင်၊ မရှောင်နိုင်ရင်လဲ ထိန်းချုပ်ထားနိုင်ဖို့ လိုပါတယ်။ စိတ်ဖိစီးမှုကို ဖြေလျော့နိုင်ဖို့ အကြုံပြုချက် ချက်ကို အောက်မှာ ပေးထားပါတယ်။ ကြိုးစားကြည့်လိုက်ပါ။
. စိတ်ဖိစီးမှုအကြောင်း မှတ်တမ်းရေးပါ။ အဲဒါဟာ သင့်ကို ဘယ်အရာက စိတ်ဖိစီးစေတာလဲ ဆိုတာနဲ့ သင် ဘယ်လို ဖြေရှင်းနေလဲဆိုတာကို ခြေရာခံမိစေပါတယ်။ စိတ်ဖိစီးမှု တစ်ခါဖြစ်တိုင်း အောက်က မေးခွန်း ငါးခုကို ရေးချပြီး ပြန်ဖြေကြည့်ပါ။ အဲဒါဆို သင် စိတ်ဖိစီးတာကို ထိန်းချုပ်ဖို့ နည်းလမ်းတွေ ရှာတွေ့လာပါလိမ့်မယ်။
က. ဘာက စိတ်ဖိစီးမှုကိုဖြစ်စေတာလို့ ထင်လဲ??
. သင့် ကိုယ်ခန္ဓာမှာ ဘယ်လိုခံစားရလဲ??
. စိတ်ပိုင်းဆိုင်ရာမှာရော ဘယ်လို ခံစားရလဲ??
. စိတ်ဖိစီးမှုကို သင် ဘယ်လို တုံ့ပြန်လိုက်လဲ??
. စိတ်ဖိစီးတဲ့ အချိန်မှာ သင် ဘာလုပ်ရင် ပိုနေလို့ ကောင်းသွားလဲ??
. အခြေအနေကိုပြောင်းလဲစေတဲ့ နည်းလမ်းလေးခုကို အောက်မှာ ပေးထားပါတယ်။ အသုံးချပါ။
က. စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာကို ရှောင်ကျဉ်ပါ ( အငြင်းစကား များများပြောပါ)
. စိတ်ဖိစီးမှု ဖြစ်စေသူကို ပြောင်းလဲဖို့ ကြိုးစားပါ ( စကားလွှဲပြောတာမျိုးပါ)
. ပြောင်းလဲမရရင် စိတ်ဖိစီးမှု ဖြစ်စေသူနဲ့ လိုက်လျောညီထွေ နေနိုင်အောင် ကြိုးစားပါ။
. စိတ်ဖိစီးမှု ဖြစ်စေတာကို လုံးဝ ရှောင်လွှဲမရရင် လက်ခံပြီး စိတ်လျှော့လိုက်ပါ။
. သင့်ကိုယ်သင် အကောင်းမြင်စကားပြန်ပြောပါ။ငါဒါမျိုး အရင်ကလဲ ကြုံဖူးပါတယ်။ အဲဒိတုန်းကလဲ အဆင်ပြေအောင် လုပ်နိုင်သားပဲ။ဆိုတာလိုမျိုးပါ။ တစ်ချိန်မှာ တစ်ဆင့်ချင်းပဲ အလုပ်လုပ်ပါ။ အဆိုးမြင်စကားကို ရှောင်ပါ။ အမုန်းတရားတွေကို မတွေးပါနဲ့။ အလုပ်ကို မမုန်းပါနဲ့။
. စိတ်ဆရာဝန်တွေက သူတို့ဆီလာတဲ့ စိတ်ဖိစီးမှုဝေဒနာရှင်တွေရဲ့ ၇၅ ကနေ ၉၀ ရာနှုန်းထိကို ပေးလေ့ရှိတဲ့ ကုထုံးဟာ ကျန်းမာအောင် နေထိုင်ဖို့ပါ။ ကိုယ်ကာယ လေ့ကျင့်ခန်းဟာ စိတ်တင်းမာနေတာကို လျှော့ချပေးနိုင်ပါတယ်။ အိပ်ချိန်မှန်စေပြီး စိတ်တည်ငြိမ်စေပါတယ်။

. အသက်ဝဝ ရှုခြင်းနဲ့ တရားထိုင်ခြင်းက စိတ်ဖိစီးမှု လျော့ပါးစေဖို့ အထောက်အကူ ပြုပါတယ်။
လိုအပ်ရင် ကျွမ်းကျင်သူတွေကို အကူအညီတောင်းပါ။ အောက်ပါ လက္ခဏာတွေ ပေါ်ပေါက်လာရင် ဆရာဝန်နဲ့ တိုင်ပင်လိုက်ပါ။
က. အလုပ်၊ ကျောင်းမှာ သိသိသာသာ အရည်အသွေး ကျဆင်းလာရင်
. အရမ်း စိတ်ညစ်ညူးတာ ခဏခဏ ဖြစ်တတ်လာရင်
. နေ့စဉ်ဘဝရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင် ဖြစ်လာရင်
. ကြောက်လန့်မှုတွေ အလိုလို ဖြစ်လာရင်
. အစားအသောက် အရမ်းစားချင်လာပြီး ကိုယ့်ဘာသာ မဝပဲ ဝတယ်လို့ ထင်နေရင်
. အိပ်စက်ခြင်း၊ အစားစားခြင်း အလေ့အကျင့်တွေ ပြောင်းလဲလာရင်
. ရုပ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတွေပါ ဖြစ်လာရင်
. ကိုယ့်ဘာသာ သတ်သေချင်တာ၊ တခြားသူတွေကို ထိခိုက်စေချင်တာမျိုးတွေ ဖြစ်လာရင်
. ကိုယ့်ဘာသာ အန္တရာယ်ဖြစ်စေတဲ့ အပြုအမူတွေ လုပ်မိနေရင် ( အရက်သောက်၊ ဆေးချ၊ ဆိုင်ကယ်၊ ကား အပြင်းမောင်းတာမျိုးပါ)
. အမြဲတမ်း စိတ်အလိုမကျ ခံစားနေရရင်
( လူတစ်ယောက်ယောက် သူ့ဘာသာသူ အန္တရာယ် ဖြစ်စေနိုင်တာ တစ်ခုခုလုပ်တော့မယ်ဆိုတာ သိရင် မြင်ရင် အရေးပေါ်ဋ္ဌာနကို ချက်ခြင်း အကြောင်းကြားပါ။ မြန်မာမှာဆို ၁၉၉ ပါ။ သက်ဆိုင်ရာ နယ်မြေရဲစခန်း မီးသတ်စခန်း ဖုန်းနံပါတ်တွေလဲ မှတ်ထားသင့်ပါတယ်။ )
စိတ်ဖိစီးမှုဟာ သင့်ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့ ကြိုးစားပါ။
 Cyan Calyx

Powered by Blogger.