ကိုယ်နဲ့ ပြတ်သွားတဲ့ ရည်းစားဟောင်းကို ဘလော့စရာမလိုဘဲ ရှောင်နိုင်မယ့် tool အသစ်တွေကို Facebook စတင်မိတ်ဆက်

နိုဝင်ဘာ ၁၉ ရက်နေ့ ၊ ကြာသပတေးနေ့ မှာ Facebook ဟာ ကိုယ်နဲ့ ပြတ်သွားပြီးတဲ့ ရည်းစားဟောင်းကို Facebook ပေါ်မှာရှောင်နိုင်မယ့် tool အသစ်တွေကို စတင်ကြေငြာခဲ့ပါတယ်။
“ ဒီနေ့ ကစပြီးတော့၊ Facebook အသုံးပြုသူတွေအနေနဲ့  အချစ်ရေးတစ်ခုဆုံး ခန်းတိုင်သွားပြီးနောက် ကိုယ့်ရဲ့ ပါတနာဟောင်းနဲ့ Facebook ပေါ်မှာ ဘယ်လို ဆက်လုပ်မလဲဆိုတာကို ကူညီပေးမယ့် tool အသစ်တွေကို စမ်းသပ်နေပါတယ်” လို့ Facebook ရဲ့ ထုတ်ကုန်မန်နေဂျာ Kelly Winters က သူမရဲ့ပို့ စ်မှာ ရေးသားခဲ့ပါတယ်။
“ ကိုယ့်ရဲ့ relationship မရှိတော့ဘူးလို့ relationship status မှာ ပြောင်းလိုက်တာနဲ့ ၊ ဒီ tool တွေကို စမ်းသပ်ကြည့်ဖို့ အလိုအလျောက်ပေါ်လာမှာဖြစ်ပါတယ်” ယခုစွမ်းဆောင်ရည် အသစ်တွေမှာ ရွေးချယ်စရာ အများအပြားပါဝင်ပြီး၊ block လုပ်၊ unfriend လုပ်စရာမလိုဘဲ ကိုယ့်အဆက်ဟောင်းရဲ့ နောက်ထပ် တင်တာတွေကို မမြင်ရတာတော့မျိုး၊ ကိုယ် tag တွဲတဲ့အခါ သူ့ နာမည် ပေါ်မလာတော့တာမျိုးတွေ ဖြစ်တယ်လို့ သိရပါတယ်။
ကိုယ်အရင်တုန်းက သူနဲ့ အတူတင်ထားတာတွေအတွက်လည်း စိတ်ပူစရာမလိုဘဲ၊ user အနေနဲ့  ကိုယ့်ရဲ့ အရင်ရည်းစားဟောင်နဲ့ ပို့ စ်တွေကို ဘယ်သူတွေပဲမြင်ရမလဲဆိုတာ ရွေးနိုင်တာမျိုး၊ ဒါမှမဟုတ် အရင် ပို့ စ် တွေကနေ tag ဖြုတ်ပစ်တာမျိုးတွေလည်း လုပ်နိုင်မှာဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုကို လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စုက မိုဘိုင်းဖုန်းနဲ့ Facebook အသုံးပြုသူတွေမှာ အရင်စမ်းသပ်လျက်ရှိပြီး user တွေရဲ့ တုံ့ ပြန်ချက်ကို နားထောင်ပြီးမှာ ပြင်ဆင်မှုတွေလုပ်ကာ တစ်ကမ္ဘာလုံးက သုံးစွဲသူတွေကို ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref: usmagazine 
Powered by Blogger.