စက္ကန့်ပိုင်းအတွင်း ဆီးချိုရောဂါ ရှာဖွေစစ်ဆေးပေးမယ့် စမတ်ဖုန်းနဲ့ တွဲဖက်ပစ္စည်းကိရိယာ


စမတ်ဖုန်းနဲ့ တွဲဖက်အသုံးပြုနိုင်မယ့် ပစ္စည်းကိရိယာအသစ်တစ်ခုဟာဆိုရင် လူတစ်ယောက်ရဲ့ တံထွေးကနေတဆင့် စက္ကန့်အနည်းငယ်အတွင်း ဆီးချိုရောဂါ စမ်းသပ်စစ်ဆေးနိုင်မှာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။
အဆိုပါ စက်ပစ္စည်းကိရိယာက တံထွေးမှာ ဆီးချိုရောဂါအန္တရာယ်ရှိမရှိကို စစ်ဆေးပေးသွားမှာ ဖြစ်ပြီး ငွေဝင်နည်းတဲ့ လူတွေလည်း အသုံးပြုနိုင်မှာဖြစ်ကြောင်း သုတေသန ပညာရှင်များက ဆိုပါတယ်။
ဒီဖန်တီးမှုကို တမူထူးခြားစေတာက ဆဲလ်ဖုန်းများနဲ့ တွဲလျက် အသုံးပြုနိုင်ခြင်းနဲ့ အပ်ချောင်းများ အသုံးပြုရခြင်း ဒုက္ခကင်းဝေးပြီး စက္ကန့်ပိုင်းအတွင်း ရလဒ်အဖြေသိနိုင်ခြင်းပင် ဖြစ်ပါတယ်။
တစ်နည်းအားဖြင့်  တံထွေးမှာ ဒြပ်ပေါင်းစပ်ခြင်းရှိမရှိက မှတ်တမ်းတင်ပေးမယ့် မိုဘိုင်းလ်ဖုန်းနဲ့ တွဲသုံးနိုင်တဲ့ ကက်ထရိတ်တစ်မျိုးဖြစ်ပြီး လူနာတွေမှာ ဆီးချိုရှိမရှိ တွေ့မြင်နိုင်စေမှာဖြစ်ကြောင်း သိရတယ်။
Ref: Indiatimes

No comments

Powered by Blogger.