အသက် (၃၀) လောက် ရောက်လာတဲ့အခါ ဒီအချက် ( ၇ )ချက်နဲ့ ပတ်သက်ပြီး နောင်တရလာနိုင်

ဆယ်ကျော်သက်အရွယ်၊ နှစ်ဆယ်ကျော်စွန်းစွန်းကနေ ခုတော့ အသက် (၃၀)ပြည့်တော့မှာ ဟုတ်။ ဒီလို အသက်အရွယ်လောက် ရောက်လာပြီဆိုရင် လူတိုင်းဟာ ငယ်ငယ်တုန်းက ဘာမလုပ်ခဲ့ရဘူး၊ ဘာလေးလုပ်ခဲ့လိုက်ရင် ကောင်းမှာပဲ ဆိုတဲ့ နောင်တစကားလေးတွေ ပွင့်အန်လာတတ်ကြပါတယ်။ တကယ်တော့ သင်ဟာ အတွေ့အကြုံကောင်းများစွာကို ရရှိပိုင်ဆိုင်ပြီးသူတစ်ယောက် ဖြစ်ရင်တော့ အသက်အရွယ် ရလာတာ ဆိုးဝါးတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်ဟာ ဒီလိုအချက်လေးတွေ လစ်ဟာမှုရှိခဲ့ရင် သင့်စိတ်ထဲ မချင့်မရဲဖြစ်နေပါလိမ့်မယ်။
၁။ ဒါတွေ ရှိသင့်တယ် ဆိုတာမျိုး
သင်ဟာ ဒီအရွယ်မှာ အိမ်ထောင်မပြုရသေးဘူးဆိုရင် ငါ ဒီအရွယ် အိမ်ထောင်လေးတစ်ခု ထူထောင်သင့်ပြီ ဆိုတာမျိုး၊ ကလေးတစ်ယောက်လောက်တော့ ရှိသင့်တယ်ဆိုတာမျိုး၊ အိမ်ခန်းလေးတစ်ခန်းလောက် ပိုင်ဆိုင်ထားသင့်ပြီဆိုတာမျိုးတွေ တွေးမိလာပါလိမ့်မယ်။  ဒါပေမယ့် ဖြစ်သင့်တယ်ဆိုတာမျိုးတွေကို မေ့ထားပြီး သင့်ဘ၀ကိုလက်ရှိမှာ အကောင်းဆုံး ဖြစ်အောင် နေထိုင်သွားပါ။ ပြီးသွားတဲ့ အရာတွေကို နောင်တမရပါနဲ့။ လက်ရှိအချိန်ကိုသာ အကောင်းဆုံးနေထိုင်သွားပါ။ တစ်ချိန်မှာ နောင်တမရဖို့ပေါ့။
၂။မိဘတွေကို အချိန်မပေးခဲ့မိတာတွေ
ငယ်ရွယ်စဉ်အချိန်တုန်းကလည်း အပျော်အပါးကိုသာ အာရုံရောက်နေတယ်၊ ဒါမှမဟုတ် လေ့လာစရာရှိတာတွေနဲ့ ချာလပတ်ရိုက်နေမယ်။ နောက်ပိုင်း ချစ်သူရည်းစားကို အချိန်ပေးဖြစ်ပြီး အလုပ်အတွက် အာရုံရောက်နေရတာမို့ မိဘကို သေချာအချိန်မပေးခဲ့မိတာကို သင်စိတ်မကောင်းဖြစ်တတ်ပါတယ်။
၃။ဘာမဟုတ်တာတွေနဲ့ အချိန်ကုန်ခဲ့ရတာတွေ
ပေါင်းတဲ့ သူငယ်ချင်းတွေကလည်း ဒီလောက်ကိုယ့်အပေါ် ကောင်းတာမရှိပဲ သူတို့ကို အချိန်တွေပေးပြီး ပေါင်းသင်းဆက်ဆံခဲ့ရခြင်းအတွက် သင်နောင်တရနေပါလိမ့်မယ်။ ဒီတော့ ခုချိန်ကစပြီး ကိုယ့်အပေါ် တကယ်ကောင်းမယ့်၊ သင်လည်းတကယ့်ကို ခင်မင်ပြီးပေါင်းသင်းနိုင်မယ့် သူကိုသေချာရှာပေါင်းပါ။
၎။အသက် (၃၀)တောင်ရောက်နေပြီဆိုတဲ့ စိတ်မျိုး
အသက် (၃၀)လောက်ရောက်လာပြီဆိုတာနဲ့ လူတွေဟာ ငါအသက်တွေ ကြီးနေပြီလို့ ဆိုက်ကိုဝင်တတ်ကြပါတယ်။ တကယ်တော့ အဲ့လောက်လည်း ဖြစ်စရာ မလိုသေးပါဘူ။ ဒါပေမယ့် ဒီအချိန် တခြားအရာတွေကိုတော့ စတင်ပြင်ဆင်နေထိုင်သင့်ပြီပေါ့။ အသက် ၅၀ ၊ ၆၀ လူကြီးတွေကတော့ သင့်ကို ဒါဘ၀အစလို့တောင် ပြောချင်ပြောနိုင်ပါသေးတယ်။ အခွင့်အလမ်းတွေကို ဆွဲယူပြီး တိုးတက်ရာတိုးတက်ကြောင်းကို အားသွန်ခွန်စိုက် ကြိုးစားသင့်တဲ့ အရွယ်ရောက်ပါပြီ။
၅။ကိုယ့်ခန္ဓာကိုယ်ကို သေချာဂရုမစိုက်ခဲ့မိတာတွေ
အသက် (၃၀)အရွယ်မှာ အသားအရေက စတင်သိသာလာပါပြီ။ အရေးအကြောင်းအများကြီး မပေါ်သေးရင်တောင် မျက်နှာအသားအရေ၊ လက် နဲ့လည်ပင်းစတာတွေမှာ အရင်နဲ့မတူတဲ့ အရေပြားဆိုင်ရာ ပြသနာလေးတွေ ခံစားလာကြရပါလိမ့်မယ်။ ဒါဟာ ဆယ်ကျော်သက်ဘ၀တုန်းက ဖြစ်သလို နေထိုင်ခဲ့မိတာ၊ ကိုယ့်ခန္ဓာကိုယ်ကို ဂရုမစိုက်ခဲ့တာကြောင့် ဖြစ်ပါတော့။ ဒီတော့ ခုချိန်ကတည်းက ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ထိန်းသိမ်းသင့်တွေကို ထိန်းသိမ်း၊ ဂရုစိုက်သင့်တာတွေကို ဂရုစိုက်ဖို့ လိုလာပါပြီ။
၆။ခရီးတွေ မထွက်ခဲ့မိတာ
တကယ်တော့ ခရီးထွက်ခြင်းက ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက ပြောလို့တောင် မကုန်နိုင်ပါဘူး။ မကြာခဏ ခရီးထွက်ပေးခြင်းကြောင့် သင်ဟာ ပျော်ရွှင်မှုတွေရမယ်၊ အတွေ့အကြုံကောင်းတွေရမယ်၊ အစီအစဉ်တွေကို အရင်ထက် ပိုမိုမြန်ဆန်စွာ စဉ်းစားရေးဆွဲတတ်လာမယ်။ စိတ်သစ်လူသစ် ဖြစ်လာလိမ့်မယ်။ ဒီအရာတွေကို ခရီးမထွက်တဲ့သူတွေက ခံစားဖူးမှာ မဟုတ်ပါဘူး။ အသက် ၃၀မတိုင်ခင်က ခရီးတွေ မထွက်ဖြစ်ခဲ့ဘူးဆိုရင်လည်း ခုချိန်က စပြီး ခရီးထွက်ပေးလိုက်ပါ။ ဒါ သင့်စိတ်အသစ်တစ်ဖန် ပြန်လည် ဖြစ်တည်လာဖို့ အခွင့်အရေးပါပဲ။
၇။ပိုက်ဆံတွေ သေချာမစုမိ၊ မရင်းနှီးမိတာကြောင့်
ဆယ်ကျော်သက်အရွယ်ကတည်းက ခုချိန်ထိ ရလိုက်၊ သုံးလိုက်၊ စုလိုက်၊ ပြန်ကုန်လိုက် အဖြစ်နဲ့ ချာလပတ်ရမ်းနေတယ်ဆိုရင်တော့ အသက် (၃၀)အရွယ်မှာ ငါ့လက်ထဲ တစ်ပြားမှ မရှိသေးဘူးဆိုတဲ့ ဆိုက်ကို ၀င်မှာပါပဲ။ ခုလို မဖြစ်အောင် သင့်အနေနဲ့ ငါ ခုကစပြီး ပိုက်ဆံသေချာစုမယ်ဆိုတဲ့ စိတ်သွင်းပါ။ ဘဏ်မှာ ပိုက်ဆံသေချာစုဖို့ လုပ်မယ်ဆိုရင် နောက်မကျသေးပါဘူး။
Ref:popsugar
Powered by Blogger.