လည်ချောင်း ကျိန်းစပ်နာကျင်ခြင်းအတွက် အိမ်တွင်းဆေးနည်း




အအေးမိခြင်းနဲ့ ရောဂါကူးစက်တဲ့ ရာသီလည်း တရွေ့ရွေ့ရောက်ရှိ လာနေပြီဖြစ်ပြီး လည်ချောင်းကျိန်းစပ် နာကျင်မှုက အဖြစ်များဆုံးရောဂါလက္ခဏာဖြစ်ပါတယ်။ ဇီရာစေ့ အမှုန့်တစ်မျိုးတည်းနဲ့ ဖော်စပ်ပြုလုပ်နိုင် တဲ့ ဆေးနည်းလေးကို စမ်းလုပ်ကြည့်ဖို့ သင့်ပါတယ်။   
ရေ ၂၅၀ မီလီလီတာ 
ဇီရာစေ့အမှုန့် ၈၀ ဂရမ် 
ရှာလကာရည် ထမင်းစားဇွန်း (၁) ဇွန်း 
ဇီရာစေ့မှုန့်ကို ရေ ၂၀၀ မီလီလီတာနဲ့ ရောစပ်ပြီး အရှိန်မပြင်းတဲ့ မီးပေါ် ဆူရုံလေးတည်ပါ။ ပျော့ပြဲပြီး စေးကပ်ကပ်ဖြစ်လာပါလိမ့်မယ်။ နောက် ရေ ၅၀ မီလီလီတာ ထပ်ထည့်ပြီး ဆူပွတ်သည့် အထိ ပြန်စောင့်ပါ။ အေးအောင် ထားပြီးနောက် ရှာလကာရည် လောင်းထည့်ပေးရပါမယ်။ 
နာရီဝက်တိုင်း ထမင်းစားဇွန်း (၁) ဇွန်း စားပေးပါ။ ၂ နာရီကြာပြီးနောက် စတင်သက်သာလာ တွေ့ရပါလိမ့်မယ်။ 
Ref:goodmorningcenter 
Powered by Blogger.