MYANMAR MUSIC STORE မှ ဖုန်းဘေနဲ့ ၀ယ်ယူမယ်
မင်္ဂလာပါခင်္ဗျား  ကျွန်တော် သည်နေ့ ရေးသားတဲ့နည်းလမ်းလေးကတော့  ဂီတ ချစ်သူတွေအတွက်ဆို ပိုမှန်ပါလိမ့်မယ်... ဒါကတော့ သီချင်းလေးတွေကို ဖုန်းဘေထဲကနေ ၀ယ်ယူနည်းလေးကိုရေးသားပေးမှာဖြစ်ပါတယ်.. ကျွန်တော်တို့ သီချင်းတွေကို အစုံအလင် တင်ဆက်ပေးထားတဲ့  MYANMAR MUSIC  STORE  ဆိုတဲ့ဆိုဒ်လေးကနေ ဘယ်လိုဝယ်ယူကြမယ် ဘယ်လို နားဆင်ကြမယ်ဆိုတာလေးကို ပြသပေးသွားမှာ ဖြစ်ပါတယ်.. သီချင်းချစ်သူတွေအတွက် အဆင်ပြေစေမယ်လို့ ထင်ပါတယ်...သည်နည်းလမ်းလေးကို ရေးပေးဖို့ ကျွန်တော့်ရဲ့ ညီလေး အဆိုတော်
နောင်ရဲထွဋ်  ကနေ တောင်းဆိုတာမို့ လက်တွေ့ အကောင့်ဖောက်ပြီး စမ်းလိုက်တာဖြစ်ပါတယ်..အောက်မှာ သေခြာ ရှင်းပြထားပါတယ်နော်...
ပထမဆုံးအနေနဲ့  သီချင်းတွေကို ရရှိဖို့     သည်နေရာ  ( http://www.myanmarmusicstore.com/ )
လေးကို ကလစ်ပြီးဝင်လိုက်ပါ။ အောက်မှာပြထားတဲ့တိုင်း Redister  ဆိုတာကိုကလစ်ပါ။
သည်လိုဘော်ကလေးတက်လာမယ် သေခြာ ဖတ်ပြီး ပြန်ပိတ်လိုက်နိုင်ပါတယ်နော်
နောက်တဆင့်အနေနဲ့ လိုအပ်သော အမည်-အီးမေး-စတာတွေကို ဖြည့်ပေးရမှာဖြစ်ပါတယ်.. အီးမေးကို မိမိမှာရှိတဲ့ မေးအမှန်ဘဲ ဖြစ်ပါစေ။
အားလုံးဖြည့်ပြီးတာနဲ့  အောက်က Redister  ဆိုတာကလစ်သွားလိုက်ပါ...မမှန်ကန်သေးပါက ဆက်လက်ပြီး သေခြာ ပြင်ဆင်ပေးလိုက်ပါနော်။ ရပြီဆိုတာနဲ့ အောက်ကလိုပေါ်လာမယ်။
ဒါဆို မိမိတို့ ပေးထားတဲ့ မေးထဲကို ၀င်ပြီး Comfirm လုပ်ပေးရမယ်။
မေးထဲကိုဝ်ငလိုက်ပါနော် အောက်မှာပြထားသလို လင့်ကိုကလစ်ပေးလိုက်တာနဲ့ အတည်ပြု လိုက်ပါပြီ။
အိုကေ ပြီးတာနဲ့  http://www.myanmarmusicstore.com/  မှာ Log In ၀င်လို့ရပါပြီ။
ဝင်လိုက်တာနဲ့  မိမိတို့ ကြိုက် နှစ်သက်သော အဆိုတော် အမည် လိုက်..ကျား/မ-အလိုက် စီးရီးအလိုက် အကုန် အပေါ်က menu ခေါင်းစဉ်တွေမှာ ကလစ်ပြီး ရှာဖွေနိုင်ပါတယ်..ကျွန်တော်ကတော့ ညီလေး နောင်ရဲထွဋ်  ရဲ့သီချင်းလေးနဲ့ နမူနာပြထားပါတယ်။
မိမိဝယ်ယူလိုသော သီချင်း ( တစ်ပုဒ်ချင်းသော်လည်းကောင်း / Album လိုက်သော်လည်းကောင်း )
ကလစ်ပြီး ၀ယ်ယူနိုင်ပါတယ်...။
ကဲ သည်လောက်ဆို သဘောပေါက်ပြီထင်ပါတယ်.. မိမိတို့ ကြိုက်နှစ်သက်ရာ ဖြင့် ၀ယ်ယူနိုင်မှာဖြစ်ပါတယ်.. Gift Card - MyanPay Payment - Ypay Payment-
 PayPal payment- Mobile Payments  စတဲ့နည်းလမ်းပေါင်းစုံမှ ၀ယ်ယူနိုင်ပါတယ်..။
MyanPay Payment System
- MyanPay Payment System ဖြင့် ငွေပေးချေရန် ရွေးချယ်မယ်ဆိုပါက အောက်ကပုံစံအား မြင်တွေ့ရမှာ ဖြစ်ပြီး မိမိတို့ အနေ ဖြင့် ငွေပေးချေမှု လုပ်ငန်း ပြီးမြောက်ရန် မိမိတို့ ၏  MyanPay Account အား အောက်ဖော်ပြပါ နေရာတွင် Log In ဝင်ပေးရမှာဖြစ်ပါတယ်။ထို့နောက် ငွေပေးချေမှု အဆင့်ဆင့်အား ဆက်လက်ဆောင်ရွက် သွားနိုင်မှာ ဖြစ်ပါတယ်။
Gift Card Payment
- Gift Card Payment စနစ်အား အသုံးပြုမည် ဖြစ်ပါက အောက်ဖော်ပြပါ ပုံစံအား မြင်တွေ့ရမှာဖြစ်ပြီး Paid Button အား Click နှိပ်ပေးခြင်း ဖြင့် ငွေးပေးချေ မှုလုပ်ငန်းဆင် အား ပြီးမြောက်စေမှာ ဖြစ်ပါတယ်။ (လူကြီးမင်းတို့ ၏ ဝယ်ယူထားသောငွေစုစုပေါင်း(Item Total) ,Account ထဲ၌ ရှိသောငွေ (Current Amount) , ဝယ်ပြီးနောက်ဆုံးကျန်မည့်ငွေ (Balance Amount) အားလည်း ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။)
Ypay Payment
- လူကြီးမင်းသည် YPay Payment System ဖြင့် ငွေပေးချေရန် ရွေးချယ်ပါက အောက်ဖော်ပြပါ ပုံစံအား မြင်တွေ့ရမှာ ဖြစ်ပြီး လူကြီးမင်းအနေ ဖြင့် ငွေပေးချေမှု လုပ်ငန်း ပြီးမြောက်ရန် လူကြီးမင်းတို့ ၏ သက်ဆိုင်ရာ YPay Account အား အောက်ဖော်ပြပါ နေရာတွင် Log In ဝင်ပေးရမှာဖြစ်ပါတယ်။ထို့နောက် ငွေပေးချေမှု အဆင့်ဆင့်အား ဆက်လက်ဆောင်ရွက် သွားနိုင်မှာ ဖြစ်ပါတယ်။
PayPal payment
- ပြည်ပမှ Myanmar Music Store Website အား အသုံးပြုသူများ အနေဖြင့် ယခုဖော်ပြပါ PayPal Payment System ဖြင့် ငွေပေးချေ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Mobile Payments
- လူကြီးမင်းတို့ အနေဖြင့် Pay with Mobile bill စနစ်အား ရွေးချယ်လိုက်ပါက အောက်ဖော်ပြပါ ပုံစံအား မြင်တွေ့ ရမှာဖြစ်ပြီး သက်ဆိုင်ရာ Box တွင် မိမိတို့ ၏ Mobile Phone Number အား တိကျ မှန်ကန်စွာ ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။
- ထို့နောက် Send Button အား Click နှိပ်ပေးရမှာဖြစ်ပြီး Verification Code အား SMS ဖြင့် လက်ခံရရှိမှာ ဖြစ်ပါတယ်။ Verification Code သည် One Time Password (OTP) ဖြစ်ပါတယ်။
 - Verification Code(OTP) အား ၅ မိနစ် မှ ၁၀ မိနစ် အတွင်း အောက်ဖော်ပြပါ ပုံစံအတိုင်း SMS ဖြင့် လက်ခံရရှိ မှာဖြစ်ပါတယ်။
- Verification Code(OTP) အား လက်ခံရရှိပြီး နောက်တွင် အောက်ဖော်ပြပါ Verification Code box ထဲတွင် မိမိတို့ ရရှိလာသော Code အား တိကျမှန်ကန်စွာ ဖြည့်စွက်ပေးရမှာဖြစ်ပြီး Paid Button အား Click နှိပ်ပေးခြင်းဖြင့် ငွေပေးချေမှု လုပ်ငန်းအား ပြီးမြောက်စေမှာ ဖြစ်ပါတယ်။
Master Card Payment
- လူကြီးမင်းသည် Master Card Payment Option ဖြင့် ငွေပေးချေရန် ရွေးချယ်ပါက အောက်ဖော်ပြပါ ပုံစံအား မြင်တွေ့ရမှာ ဖြစ်ပြီး Card Information များအား ရိုက်ထည့်နိုင်ရန်အတွက် Master Card Logo အား နှိပ်ပေးရမည် ဖြစ်ပါသည်။
တခြားသော  IOS   USER  များအတွက်ကတော့
-iOS device ကိုအသုံးပြု၍ www.myanmarmusicstore.com မှ တေးသီချင်းများ ကို Download ပြုလုပ်လိုပါက Myanmar Music Store App ကို Apple AppStore မှရယူရန်
https://itunes.apple.com/ph/app/myanmar-music-store/id818412438?mt=8
အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်.. ၀ယ်ယူနည်းများကိုတော့ Myanmar Music Store ကနေပြန်လည် တင်ပြပေးထားပါတယ်.။ မရှင်းလင်းသေးတာရှိပါက သည်မှာ
http://www.myanmarmusicstore.com/HowToPay.aspx လေ့လာနိုင်ပါတယ်။
သည်ပို့စ်လေးကို စာအုပ်အဖြစ် ရယူလိုပါကDOWNLOAD  HERE   PDF
Powered by Blogger.