window မှာ Theme ပြောင်းပြီးလျှင် မြန်မာစာ မပေါ်တာကို ဖြေရှင်းနည်း

ဒါက ဖြစ်နေကျပါ။ window မှာ Theme တစ်ခု ကနေ နောက်တစ်ခု ပြောင်းလိုက်ရင် မြန်မာစာ
ရိုက်လို့မရ။ မပေါ်တော့ပဲ လေးထောင့်တုံးတွေပဲ ပေါ်လာတယ်။
Theme ပြောင်းပြီးရင် System ရဲ့ Default ဖောင့်ကိုပဲ window က ပြောင်းလိုက်တာကြောင့်ပါ။
မြန်မာစာ ပြန်မြင်ရအောင် ပထမဆုံး Desktop မှာ R-click ထောက်ပါ။ Personalize ကိုရွေးပါ။
အောက်ကပုံလေးကိုကြည့်ပါ။
အောက်က Window color ဆိုတာလေးကို Click လိုက်ပါ။

Advanced apperance settings ဆိုတာကို ထပ် click ပါ။

ဒီအဆင့်မှာတော့ Item: မှာ Down Arrow လေးကို နှိပ်လိုက်ပါ။ တစ်ခုချင်းစီကို အောက်က
Font: မှာ ZawGyi နဲ့ထားပေးလိုက်ပါ။
အဆင်ပြေပါပြီခင်ဗျာ။
www.aungkyaw.net
ရှားလော့ဟုမ်း (ဆော့ဝဲလ်မြို့တော်)
From: အောင်ကျော်ခိုင်(ပုသိမ်) by Aung Kyaw Pathein