အကျဉ်းသားများကို တစ်ရက် တစ်ထောင်ကျပ်နှုန်းခန့်ဖြင့် ကျွေးမွေးနိုင်ရန် စီစဉ်


- မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစ၍ တစ်ရက်လျှင်တစ်ထောင် ကျပ်နှုန်းခန့်ဖြင့် ကျွေးမွေးနိုင်ရန် စီစဉ်နေကြောင်း အကျဉ်းဦးစီးဌာနထံမှ သိရသည်။ - လက်ရှိတွင် အကျဉ်းထောင်များရှိ အကျဉ်းသားတစ်ဦးကို တစ်ရက်တာ အတွက် ကျပ် ၆၀၀ နှုန်း၊ အကျဉ်းစခန်းမှ အကျဉ်းသားတစ်ဦးလျှင် တစ်ရက် တာအတွက် ၆၂၅ ကျပ်နှုန်းဖြင့် ကျွေးမွေးနေကြောင်း၊ ကုန်ဈေးနှုန်းများ ကြီးမြင့်လာ၍ တစ်ရက်လျှင် ၁၀၀၀ ကျပ်နှုန်းအတွင်း ကျွေးမွေးနိုင်ရန် တိုးမြှင့်တောင်းခံရခြင်း ဖြစ်ကြောင်း ယင်းဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။ - “လက်ရှိကျွေးတဲ့နှုန်းက ၂၀၁၅ ခုနှစ်က သတ်မှတ်ထားတဲ့နှုန်း၊ အကျဉ်းထောင် တွေမှာ ရှိတဲ့ အကျဉ်းသားတွေထက်စာရင် အကျဉ်းစခန်းတွေမှာရှိတဲ့ အကျဉ်းသားတွေက အလုပ်လုပ်ရတဲ့ အတွက် ကျွေးမွေးစရိတ် ပိုများတယ်” ဟု ၎င်းက ရှင်းပြသည်။ - မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄၀ ကျော်ရှိပြီး အကျဉ်းသား ခုနစ်သောင်း ကျော် ရှိကြောင်း အကျဉ်းဦးစီးဌာန မှတ်တမ်းများအရ သိရသည်။ - ပြစ်မှုနှင့်ပြစ်ဒဏ် မမျှတသည့် အကျဉ်းသားများ၊ လွှတ်သင့်လွှတ်ထိုက် သူများကို စိစစ်လွှတ်ပေးမည် ဆိုပါက အစိုးရနှင့် ကုန်ကျစရိတ် သက်သာ စေနိုင်ကြောင်း မန္တလေးမြို့တော်ရှိ နိုင်ငံရေး အင်အားစုအဖွဲ့ အချို့က ပြောဆိုသည်။ - အကျဉ်းသားများကို အစိုးရ အစီအစဉ်ဖြင့် ကျွေးမွေးနေသည့်အပြင် အလှူရှင်များ၏ ကျွေးမွေးမှုကိုလည်း လက်ခံပေးနေကြောင်း အကျဉ်းဦး စီးဌာနထံမှ သိရသည်။ ===== the voice Today Deal $50 Off : https://goo.gl/efW8Ef

No comments

Powered by Blogger.