ဗီရိုထဲက အ၀တ်အစားတွေ ရှင်းထုတ်နည်း (၇)နည်း


နှစ်သစ်မှာ သင့်အခန်းကို ရှင်းလင်းရေးလုပ်မယ်ဆိုရင် ပထမဆုံး ရှင်းလင်းသင့်တာ အ၀တ်အစားတွေပြည့်နေတဲ့ သင့်ဗီရိုပါပဲ။ မ၀တ်တော့တဲ့ အ၀တ်တွေကြား ကိုယ်ဝတ်မယ့် အ၀တ်အစားတွေ အတင်းထိုးမွှေရှာရတာဟာ သိပ်တော့ အဆင်မပြေနိုင်ပါဘူး။ ဒါ့ကြောင့် အ၀တ်အစားတွေ ရှင်းထုတ်တော့မယ်ဆို ဒီလို အ၀တ်အစားတွေကို ဖယ်ထုတ်သင့်ကြောင်း အကြံပေးပါရစေ။

၁။ ဆင်တူအကျီ၊ ဂါဝန်၊ တီရှပ်တွေ

သင့်ဆီမှာ ဒီဇိုင်းတူ၊ အဆင်တူ တီရှပ်၊ ဂါဝန်တွေ ရှိနေတယ်ဆိုရင် သင်အဲ့ဒီဆင်တူ အ၀တ်အစားတွေထဲက တစ်မျိုးလောက်ကိုသာ သင်ဝတ်ဖို့ ရွေးချယ်မိမှာပါ။ ဒီတော့ ကျန်တဲ့ အ၀တ်တွေကို အထုတ်တစ်ထုပ်ထဲ ထည့်သိမ်းပြီး လိုတဲ့သူတွေကို ပေးလိုက်ပေါ့။ ဗီရိုထဲမှာထားပြီး မ၀တ်ဖြစ်မယ့်အတူတူ ၀တ်မယ့်သူတွေကို ပေးလိုက်တာဟာ အကျိုးရှိတဲ့အလုပ်တစ်ခုကို လုပ်ဆောင်လိုက်တာပါပဲ။

၂။ဘယ်တော့မှ မ၀တ်ဖြစ်တဲ့ အ၀တ်အစား၊ တစ်ခါဝတ်ပြီး လှည့်မကြည့်ဖြစ်တော့တဲ့ အ၀တ်အစား

သင့်ဆီမှာ တစ်ခါလောက်သာ ၀တ်ဆင်ပြီး လုံးဝမ၀တ်ဖြစ်တော့တဲ့ အကျီတွေရှိရင် သံယောဇဉ်တွယ်ပြီး သိမ်းထားမနေပါနဲ့တော့။ ဒါတွေကိုလည်း ဖယ်ထုတ်ပစ်လိုက်ပါ။

၃။တစ်ခါတစ်လေမှသာ ထုတ်ဝတ်ဖြစ်တဲ့ အိမ်နေရင်း အ၀တ်အစားတွေ

အိမ်မှာ အမြဲတမ်းလည်း မ၀တ်ဖြစ်သလို စိတ်ထဲဝမ်းနည်းကြေကွဲတဲ့အခါမှသာ ထုတ်ဝတ်ဖြစ်တဲ့ အကျီအ၀တ်အစားမျိုး ရှိတတ်ပါတယ်။ သင့်မှာ အဲ့ဒီလို မဟုတ်လည်း အိမ်နေရင်း အ၀တ်တွေထဲက လုံး၀၀တ်လို့ အဆင်မပြေတဲ့ အ၀တ်အစားတွေ ရှိနေပါလိမ့်မယ်။ ဒါတွေကိုလည်း ရှင်းထုတ်လိုက်ပါ။

၎။ပွဲနေပွဲထိုင်မှသာ ၀တ်လို့ရတဲ့ အခါခါဝတ်ပြီးသား အ၀တ်အစားတွေ

သရဲကြီးများညတို့ဘာတို့မှာ ၀တ်ထားဖူးပြီးသား၊ ပါတီပွဲ၊ ဒင်နာပွဲတွေမှာ ၀တ်ထားဖူးပြီး အ၀တ်အစားတွေကို သင်နောက်တစ်ခါ ပြန်ဝတ်ဖို့ မသေချာတော့ဘူးဆိုတာနဲ့ ဒါတွေကိုလည်း ရှင်းလိုက်ပါ။

၅။ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ ဘယ်လိုမှ ၀တ်လို့မရတော့တဲ့ အ၀တ်အစားတွေ

ကိုယ့်ဘောဒီနဲ့ အဆင်မပြေတော့တဲ့ အ၀တ်အစားတွေကိုလည်း သံယောဇဉ်တွယ်မနေပါနဲ့။ ဒီအ၀တ်အစားဝတ်ဖို့ အရပ်ပြန်ပုမှ ရတော့မှာမျိုး၊ ပြန်ပိန်မှ ၀တ်လို့ရတော့မှာမျိုး စတာတွေက ဖြစ်နိုင်ဖို့ သိပ်မလွယ်ပါဘူး။

၆။ပေရေစွန်းထင်းနေတဲ့ အ၀တ်အစားတွေ

သင့်အ၀တ်အစားတွေထဲမှာ ပြင်လည်ပြင်ဆင်လို့ မရတော့တဲ့ အ၀တ်အစားတွေ၊ အစွန်းအထင်းကို ပြန်ချွတ်လို့ မရနိုင်တော့တဲ့ အ၀တ်အစားတွေဆိုရင်လည်း  ရှင်းထုတ်လိုက်တာ အကောင်းဆုံးပါ။

၇။သင့်စိတ်ထဲ မကြိုက်တဲ့ အ၀တ်အစားတွေ

သင်မကြိုက်တဲ့ အ၀တ်အစားတွေကို ဘာလို့များ ဗီရိုထဲ ထည့်သိမ်းနေတော့မှာလဲ။ အဖြေက ရှင်းရှင်းလေးပါ။ သင်မကြိုက်ဘူးဆိုရင် ၀တ်ဖြစ်စရာကို မရှိတော့ပါဘူး။

Ref:yourtango

No comments

Powered by Blogger.