အမျိုးသမီးတွေဟာ သုံးကြိမ်ထက်မနည်း လိင်တူစိတ်ဝင်စားတာမျိုး ရှိတတ်ကြကြောင်း လေ့လာတွေ့ရှိချက်တွေအရ သိရ
အရင်လေ့လာမှုဖော်ပြချက်တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေကိုရော၊ အမျိုးသမီးအချင်းချင်းပါ စိတ်ဝင်စားတဲ့ bisexual တွေ ဖြစ်နေတတ်တယ်ဆိုတာ သင်သိပြီးသားဖြစ်မှာပါ။ Centers fof Disease Control ရဲ့ ဒေတာ အသစ်တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လိင်တူဆက်ဆံရေးကို အနည်းဆုံး သုံးကြိမ်လောက်တော့ စိတ်ဝင်တစား ရှိကြတယ်လို့ ထပ်မံဖော်ပြထားပါတယ်။
တစ်ခါတစ်လေ သင့်လူမှုကွန်ယက်ပေါ်မှာ သင်အမြဲတမ်းစောင့်ကြည့်ဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို စိတ်ထဲက သဘောကျနေတာမျိုး၊ သူနဲ့အတူရှိချင်တာမျိုးတွေ စိတ်ထဲဖြစ်တတ်ကြပါတယ်။ ဒါ့အပြင် တွန်ဘွိုင်းချောချောလေးတွေ တွေ့ရင်လည်း ဘဲထားမယ့်အထား ဒီလိုမျိုးလေးတွေပဲ ထားလိုက်ချင်တော့တယ်ဆိုပြီး စိတ်ထဲအမြဲ ဖြစ်လေ့ရှိပြန်ရော။
နောက်ဆုံးလေ့လာချက်အရ အသက် ၁၈နှစ်ကနေ ၄၄နှစ်အတွင်း အမျိုးသား အမျိုးသမီး ၉၁၇၅ယောက်ကို မေးခွန်းတွေ မေးမြန်းခဲ့တာဖြစ်ပြီး အဖြေတွေကလည်း စိတ်ဝင်စားစရာတော်တော်လေး ကောင်းပါတယ်။
- ၁၇.၄ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ သူတို့ဘ၀မှာ လိင်တူချစ်သူတွေ ရှိဖူးကြောင်း ပြောခဲ့ချိန် အမျိုးသားတွေကတော့ ဒီလို လိင်တူချစ်သူ ထားဖူးတာ ၆.၂ရာခိုင်နှုန်းသာရှိပါတယ်။
- ၈၁ရာခိုင်နှုန်းသော အမျိုးသမီးတွေက ဆန့်ကျင်ဘက်လိင်ကိုသာ စိတ်ဝင်စားတယ်လို့ ဖွင့်ဟချိန် အမျိုးသားတွေရဲ့ ရာခိုင်နှုန်းက ၉၂ ရာခိုင်နှုန်းရှိနေပါတယ်။
- ၅.၅ရာခိုင်နှုန်းသော အမျိုးသမီးတွေ သူတို့ကိုယ်သူတို့ လိင်တူရော၊ လိင်ကွဲမှာ အတူနေတယ်လို့ ဖွင့်ဟချိန်မှာတော့ အမျိုးတွေဘက်က ၂ရာခိုင်နှုန်းသာ ခုလို နေတာမျိုး ရှိပါတယ်။
Ref:womenshealth
No comments