တစ်ကိုယ်တည်းနေထိုင်ခြင်း၊ အထီးကျန်ခြင်းတွေဟာ အဝလွန်ခြင်းကဲ့သို့ ကြောက်စရာကောင်းနေတာ


အဖော်မဲ့ ဖြစ်နေခြင်း သို့မဟုတ် အထီးကျန်ဆန်လွန်းခြင်းတွေဟာ မိမိကျန်းမာရေးကို ချိနဲ့နေစေတာပါ။ မကြာသေးမီက လေ့လာမှုတစ်ခုက အထီးကျန်ခြင်းဟာ အဝလွန်မှုကဲ့သို့ အသက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း ဖော်ပြ ထားပါတယ်။

အထီးကျန် အဖော်မဲ့ခြင်းက စိုးရိမ်ဖွယ် ကျန်းမာရေး ပြသနာတွေ ဖြစ်ပေါ်စေတယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ သေဆုံးမှု ပိုမိုဖြစ်ပွားနိုင်ခြေမှာ ဆေးလိပ်သောက်ခြင်းနဲ့ ညီတူညီမျှ ရှိပြီး အဝလွန်ခြင်းထက် နှစ်ဆ ပိုကြောက်စရာကောင်းပါတယ်။

တစ်ဦးတည်းနေခြင်းနဲ့ အထီးကျန်ခြင်းက ကိုယ်ခံအားကို ထိခိုက်စေပြီး ဆီးချို၊ အဆစ်ရောင်နာနဲ့ နှလုံးရောဂါတွေဖြစ်ပွားစေကာ ခန္ဓာကိုယ်ဖောယောင်မှု အားပေးဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ဒါကို လူတွေ ပြောဆိုခြင်း သိပ်မပြုကြသလို သိပ်လည်း မသိကြပါဘူး။
Ref:wellnessbin

No comments

Powered by Blogger.