ဝိုင်နီတစ်ဖန်ခွက် သောက်တာက Gym မှာ တစ်ချိန် ကစားတဲ့အတိုင်း


ဝိုင်နီတစ်ဖန်ခွက်သောက်ပေးတာဟာ Gym မှာ ကာယလေ့ကျင့်ခန်း လုပ်တာနဲ့ တူညီတဲ့ အကျိုးရလဒ်တွေ ရရှိနိုင်ကြောင်း သက်သေပြလိုက်ပါတယ်။ Canada နိုင်ငံ၊ Alberta တက္ကသိုလ်က သိပ္ပံသုတေသီတွေရဲ့ တွေ့ ရှိချက်အရ ၀ိုင်နီမှာ ပါဝင်တဲ့ resveratrol (ရက်စ်ဗဲရက်တရော) ဆိုတဲ့ သဘာဝဒြပ်ပေါင်းတစ်မျိုးကို  ကြွက်တွေနဲ့ စမ်းသပ်ခဲ့ရာမှာ ကိုယ်လက်လှုပ်ရှားဆောင်ရွက်မှု၊ နှလုံးလည်ပတ်မှုနဲ့ ကြွက်သားခွန်အားတွေကို တိုးတက်စေခဲ့ တာကို တွေ့ ရှိခဲ့ရပါတယ်။

ဦးဆောင်လေ့လာသူပညာရှင် Jason Dyck က “ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်းကနေ ရရှိတဲ့ အကျိုးရလဒ်တွေနဲ့  Resveratrol ဒြပ်ပေါင်းက ရတဲ့ရလဒ်တွေက ဆင်တူနေပါတယ်” လို့ ဆိုပါတယ်။ အားကစားလုပ်ချင်ပေယ့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာမသန်စွမ်းတဲ့သူတွေအတွက်တော့ Resveratrol က အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ Reveratrol ဟာ လေ့ကျင့်ခန်းလုပ်တာကနေရတဲ့အကျိုးရလဒ်တွေကို မသန်စွမ်းသူတွေအတွက် တုပပေးစွမ်းနိုင်မှာဖြစ်သလို၊ အားကစားလုပ်ရင်လည်း အကျိုးကျေးဇူး ပိုရနိုင်မှာပါ။

ဒါပေမယ့် ၀ိုင်တစ်ဖန်ခွက်လောက်ကပဲ အကျိုးကျေးဇူးကောင်းကောင်းရနိုင်ပြီး ဒီထက်ပိုသောက်ရင်တော့ ကိုယ်အလေးချိန်တိုးလာတဲ့ ဆန့် ကျင်ဘက်အကျိုးရလဒ်တွေ တွေ့ နိုင်ပါတယ်။ ၁၇၅ မီလီလီတာ ၀ိုင်နီတစ်ခွက် မှာ ကယ်လိုရီ ၁၂၀ ပါဝင်ပြီး ၂၅၀ မီလီလီတာ တစ်ဖန်ခွက်မှာဆိုရင် ၂၁၅ ကယ်လိုရီ လောက်ပါဝ်ပါတယ်။ သုံးခွက်လောက်သောက်မယ်ဆိုရင် ညစာကယ်လိုရီပမာဏရဲ့ နှစ်ဆ လောက်များနေပြီဖြစ်ပါတယ်။

ဒါပေယ့် ၀ိုင်နီဟာ ဒီအကျိုးရလဒ်တစ်မျိုးတည်း ပေးစွမ်းနိုင်တာမဟုတ်ဘဲ ခန္ဓာကိုယ်ကမကောင်းတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေကာ၊ သွေးခဲမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ မှတ်ဥာဏ် စွမ်းရည်ကျဆင်းမှု ကိုလည်း နှေးကွေးစေနိုင်ပြီး မျက်စိအတွင်းတိမ်စွဲနိုင်ခြေ၊ အူမကြီးကင်ဆာဖြစ်နိုင်ခြေ နဲ့  ဆီးချို အမျိုးအစား (၂) ရနိုင်ခြေတို့ ကိုလည်း နည်းပါးစေတယ်လို့ လေ့လာတွေ့ ရှိထားပါတယ်။

Ref: Metro 

No comments

Powered by Blogger.