ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး စားစရာ ၁၀ မျိုး စာရင်း ပေါ်ထွက်လာ


ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးလို့ ဆိုနိုင်တဲ့ စားစရာ (၁၀) မျိုး ပေါ်ထွက်ပါတယ်။ ဒီ (၁၀) မျိုး ထဲမှာ အများစုက ဟင်းသီးဟင်းနှံတွေဖြစ်နေတာကိုလည်း တွေ့ ရှိရပြီး သာမန်မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်တွေ ဖြစ်ပေမယ့် ဗီတာမင်၊ သတ္တုဓာတ်နဲ့ အာဟာရဓာတ်တွေကြွယ်ဝတဲ့ စားဖွယ်ရာတွေ ဖြစ်ပါတယ်။ ဒီစာရင်းကို ဘာမင်ဂမ်အခြေစိုက်၊ ပွဲလမ်းသဘင်တွေအတွက် အကျွေးအမွေးတာဝန်ယူပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Plyvine Catering က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဗီတာမင် စီဓာတ်ကြွယ်ဝတဲ့ ရှောက်သီး၊ Omega-3 fatty acid ကြွယ်ဝတဲ့ သစ်ကြားသီး စတာတို့ ပါဝင်သလို ချောကလက်ပါ ပါဝင်တာကို တွေ့ ရှိရပါတယ်။

၁။ ရှောက်သီး

ရှောက်သီးတစ်လုံးမှာ တစ်နေ့ တာအတွက်သင်စားသုံးဖို့ လိုအပ်တဲ့ ဗီတာမင်စီဓာတ် ၁၀၀ ရာခိုင်နှုန်း အထက် ပိုမိုပါဝင်ပြီး ခန္ဓာကိုယ်အတွက်ကောင်းကျိုးပြုတဲ့ HDL ကိုလက်စထရောပမာဏကို မြှင့်တင်ပေးနိုင်ကာ၊ အရိုးအဆစ်တွေကို ကြံ့ခိုင်သန်မာစေပါတယ်။ ရှောက်သီးမှာပါဝင်တဲ့ flavonoid ဆိုတဲ့ဓာတ်တစ်မျိုးက ကင်ဆာဆဲလ်တွေကြီးထွားမှုကို တားဆီးပေးနိုင်ကာ ရောင်ရမ်းနာကျင်ခြင်းကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

၂။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း ရိုးတံတစ်ခုမှာတင် တစ်နေ့ တာအတွက် သင်လိုအပ်တဲ့ ဗီတာမင်ကေ ဓာတ် ရဲ့ ၁၀၀ ရာခိုင်နှုန်း အထက် ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်စီဓာတ်ကလည်း ၂၀၀ ရာခိုင်နှုန်းလောက် ပိုပါဝင်ပါသေးတယ်။ ဒီ ဗီတာမင်ဓာတ်နှစ်မျိုးလုံးဟာ အရိုးအဆစ်တွေကိုသန်မာစေတဲ့အာဟာရဓာတ်တွေ ဖြစ်ကာ၊ ပန်းဂေါ်ဖီစိမ်းကလည်း ကင်ဆာဆဲလ်တို့ ကြီးထွားမှုကို ရပ်တန့် နိုင်ကြောင်း လေ့လာတွေ့ ရှိထားပါတယ်။

၃။ နို့ မပါဝင်တဲ့ ချောကလက်အနက်

တစ်နေ့ ကို ချောကလက်အနက် တစ်အောင်စရဲ့ လေးပုံတစ်ပုံလောက်ပဲ စားပေးတာက သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို တခြားကျန်းမာရေးအကျိုးကျေးဇူးအများအပြားလည်း ရရှိပါတယ်။ ကိုကိုးမှုန့် မှာ အထက်က ဖော်ပြထားတဲ့ flavonoid (ဖလေဗာနွိုက်) ဓာတ်ပစ္စည်းတွေကြွယ်ဝသလို၊ anti-oxidiants တွေလည်း ကြွယ်ဝ တာကြောင့် မကောင်းတဲ့ LDL ကိုလက်စထရောတွေကို လျှော့ချပေးနိုင်ကာ HLD ကိုလက်စထရောပမာဏကို မြင့်တက်စေပါတယ်။

၎။ အာလူး

အာလူးတစ်ဥမှာ သွေးနီဥဆဲလ်တွေကိုထုတ်လုပ်ရာမှာ လိုအပ်တဲ့ဖော်လစ်အက်စစ် ၆၆ မိုက်ခရိုဂရမ်ပါဝင်ပြီး အာလူးနွယ်ဝင် ကန်စွန်းဥမှာတော့ ကင်ဆာကိုတိုက်ဖျက်နိုင်ကာ၊ ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် အေ ဓာတ်တစ်နေ့ တာ လိုအပ်တာထက် ရှစ်ဆ ပိုမိုပါဝင်ပါတယ်။

၅။ ဆယ်လ်မွန်ငါး

Omega-3 fatty acid ပေါကြွယ်ဝတဲ့ငါးမျိုးဖြစ်ပြီး စိတ်ဓာတ်ကျခြင်း၊ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေတို့ ကို လျော့ကျစေပါတယ်။

၆။ သစ်ကြားသီး

အခွံမာသီးတွေထဲမှာ သစ်ကြားသီးက omega-3 fatty acid အကြွယ်ဝဆုံးဖြစ်ပါတယ်။ Omega-3 acid ဟာ ကင်ဆာကို တိုက်ဖျက်နိုင်သလို၊ နေရောင်ခြည်ကြောင့်ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၇။ ထောပတ်သီးကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီဓာတ်တွေပါရှိပြီး ကိုလက်စထရောပမာဏကို ၂၂ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်ပါတယ်။ ထောပတ်သီးတစ်လုံးမှာ တစ်နေ့ တာအတွက်လိုအပ်တဲ့ အမျှင်ဓာတ် ထက်ဝက်ကျော်နဲ့  ဖော်လစ်အက်ဆစ် ၄၀ ရာခိုင်နှုန်းလောက်ပါဝင်ကာ နှလုံးရောဂါရနိုင်ခြေကိုလည်း နည်းစေပါတယ်။

၈။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ ရောဂါတိုက်ဖျက်တဲ့နေရာမှာဆရာတစ်ဖူးပါပဲ။ အစာအဆိပ်သင့်ပိုး E.coli စတဲ့ ဘက်တီးရီးယားတွေကြီးထွားမှုကို ဟန့် တားပေးနိုင်သလို ကိုလက်စထရောနဲ့ သွေးပေါင်ချိန်တို့ ကိုလည်း ကျစေနိုင်ပါတယ်။

၉။ ဒေါက်ခွ

ဒေါက်ခွရွက်မှာ မျက်စိကျန်းမာရေးကိုကောင်းစေတဲ့ Lutein နဲ့ zeaxanthin ဆိုတဲ့ anti-oxidants နှစ်မျိုး ပါဝင်ကာ၊ ကင်ဆာကို တိုက်ဖျက်နိုင်တယ်လို့ ဆိုတဲ့ အသီးအရွက်တွေထဲမှာ၊ ဒေါက်ခွက အစွမ်းအထက်ဆုံး ဖြစ်ကြောင်း သုတေသနပညာရှင်တွေက တွေ့ ရှိထားပါတယ်။

၁၀။ ပဲအမျိုးမျိုး

ပဲတောင့်ရှည်မျိုးနွယ်တွေဖြစ်တဲ့ ပဲနီကလေး၊ ပဲစိမ်းတောင့်တွေကို တစ်ပတ်ကို လေးကြိမ်စားပေးရုံနဲ့  နှလုံးရောဂါ ဖြစ်နိုင်ခြေကို၂၂ ရာခိုင်နှုန်းလျော့ကျစေပါတယ်။ ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။

Ref: DailyMail 

No comments

Powered by Blogger.