နှစ်သစ်မှာ သင်အချစ်ရေး ပိုမိုလန်းဆန်းသစ်လွင်လာစေဖို့ လုပ်ဆောင်ကြည့်သင့်တဲ့ အချက်များ


သင်တို့နှစ်ဦးရဲ့ အချစ်ရေးဟာ တွဲတဲ့အချိန်ကြာလာတာနဲ့အမျှ ပျင်းရိစရာကောင်းလာတယ်လို့ မခံစားရလေအောင် နှစ်သစ်မှာ ဒီနည်းလေးတွေနဲ့ သင့်အချစ်ရေးကို ပိုမိုလန်းဆန်းအောင် လုပ်ဆောင်ကြည့်လိုက်ပါ။

၁။ သင်တို့နှစ်ဦးပထမဆုံး အတူချိန်းတွေ့ခဲ့တဲ့ နေရာလေးကို ပြန်သွားပြီး ဒိတ်လုပ်ပါ။

၂။ နှစ်ယောက်စလုံးရဲ့ မွေးရပ်မြေကို တစ်လှည့်စီ သွားရောက် လည်ပတ်ပါ။

၃။အသိမိတ်ဆွေတွေရဲ့ မင်္ဂလာဆောင်တွေကို အတူတူ တက်ရောက်ပါ။

၎။မသွားဖူးသေးတဲ့ မြို့တွေ၊ နိုင်ငံတွေကို သွားရောက်လည်ပတ်ပါ။ လည်ပတ်တဲ့အခါ စက်ဘီး၊ ဆိုင်ကယ် စတာတွေကို ငှားပြီး လည်ပတ်လို့ အဆင်ပြေရင် အဲ့ဒီိလို လည်ပတ်တာ ပိုကောင်းပါတယ်။

၅။ဟင်းချက်သင်တန်းကို အတူတက်ပါ။

၆။အချစ်အကြောင်း သီးသန့်ရေးတဲ့ စာအုပ်လေးတစ်အုပ်ထားပြီး တစ်ယောက်တစ်လှည့်ရေးပါ။

၇။မမျှော်လင့်ပဲ ချက်ချင်းခရီးတစ်ခုခု စီစဉ်ပြီး သွားပါ။ သင်စီစဉ်ထားပြီး တစ်ဖက်လူ အံ့သြသွားအောင် လုပ်တာမျိုးလည်း ကောင်းပါတယ်။

၈။အစားသောက် အထူးအဆန်းလေးတွေ အတူသွားစားတာ၊ သွားနေကျ မဟုတ်တဲ့ စားသောက်ဆိုင်အသစ်မှာ သွားစားတာမျိုးလေးတွေ လုပ်ပါ။

၉။ချစ်သူကို သူမမျှော်လင့်ထားတဲ့ အချိန်မှာ လက်ဆောင်လေးတွေ ပေးပါ။

၁၀။စတွေ့တုန်းကလိုပဲ ပြင်ပြင်ဆင်ဆင်လေးနဲ့ ဒိတ်လုပ်တာမျိုး တစ်ပတ်ကို တစ်ခါလောက်တော့လုပ်သင့်ပါတယ်။

Ref:popsugar

No comments

Powered by Blogger.