မသိမဖြစ် နှလုံးရောဂါ လက္ခဏာရပ်များ


နှလုံးရောဂါ လက္ခဏာတွေ သိရှိနားလည်းထားခြင်းက အသက်တစ်ချောင်းကို ကယ်တင်နိုင်စွမ်း ရှိပါတယ်။ နှလုံးရောဂါတွေဆိုတာ အသံတိတ် လူသတ်သမားများဖြစ်ပြီး ဘယ်သူမဆို ၄င်းရဲ့ သားကောင်ဖြစ်နိုင်ပါတယ်။

လေ့ကျင့်ခန်း မလုပ်ခြင်း၊ ထမင်းပုံမှန်မစားခြင်းနဲ့ တစ်သမတ်တည်း မရှိတဲ့ ဘဝနေထိုင်မှုပုံစံက နှလုံးရောဂါ အန္တရာယ် ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။ Guardaon မြို့ Columbia Asia Hospital မှ နှလုံးရောဂါ အထူးကုဆရာဝန် Dr Anil Bansal က ကျွန်ုပ်တို့ကို နှလုံးရောဂါ အသိပေး လက္ခဏာတွေ သိရှိစေခဲ့ပါတယ်။

Dr Anil Bansal ရှင်းပြတဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ သင်္ကေတများ နဲ့ ရောဂါလက္ခဏာများမှာတော့

ရင်ဘတ်လေးလံခြင်း၊ အစာအိမ်အပေါ်ဘက်ခြမ်း မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲခြင်း၊ ဘယ်ဘက်လက်မောင်း ကိုက်ခဲခြင်း၊ မေးစေ့နဲ့ လည်ပင်း နာကျင်ကိုက်ခဲခြင်းနဲ့ အသက်ရှူတိုးပြတ်ပြတ် ဖြစ်ခြင်းတို့ စတင်ခံစားတဲ့အခါ အနီးဆုံး ဆေးရုံကို အမြန်သွားပြီး ECG စစ်ဆေးမှု ခံယူပါ။ တစ်ဦးတစ်ယောက်ချင်းဆီ ဖယ်ရှင်းလိုက်တဲ့ ကိစ္စတချို့ရှိပေမယ့် ချက်ချင်း ဆေးဝါးကုသမှု ခံယူဖို့ အရေးကြီးတယ်။

တခြား အသိပေးလက္ခဏာတွေမှာ မအီမသာဖြစ်ခြင်း၊ ချွေးစေးထွက်ခြင်း နဲ့ ခေါင်းအနည်းငယ်ကိုက်ခြင်းတို့ ပါဝင်ပါတယ်။ ရင်ဘတ်မှာ ပြင်းထန်တဲ့ ဖိစီးမှုဒဏ် တွေ့ကြုံခံစားရနိုင်ပါတယ်။

အမျိုးသားတွေမှာ အဖြစ်များဆုံး နှလုံးရောဂါ လက္ခဏာက ရင်ဘတ် နာကျင်ကိုက်ခဲခြင်းပဲ ဖြစ်တယ်။ အမျိုးသမီးများအနေနဲ့  အမောဆို့ အသက်ရှူကျပ်ခြင်း၊ မအီမသာဖြစ်ခြင်း နဲ့ ကျောကုန်း နဲ့ မေးရိုး ကိုက်ခဲခြင်း တွေ့ကြုံခံစားနိုင်ခြေ ပိုများပါတယ်။

ဒီရောဂါလက္ခဏာတစ်ခုခု ခံစားရတဲ့အခါ သို့မဟုတ် ကိုယ်တွေ့ကြုံလာတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှု ချက်ချင်းတောင်းခံပါ။ ဒါမှမဟုတ် နီးစပ်ရာ ဆေးရုံတစ်ခုခုသို့ အမြန်ဆုံးသွားပါ။

Ref: Indiatimes

No comments

Powered by Blogger.