အလုပ်နည်းသည့်ဌာနမှ ၀န်ထမ်းများကို လိုအပ်ချက်ရှိသောဌာနသို့ ပြောင်းရွှေ့ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


 နောင်လာမည့် အစိုးရ သက်တမ်းအတွင်း ၀န်ကြီးဌာန များ လျှော့ချရေးပြုလုပ်ရာတွင် အလုပ်တာဝန်နည်းပါးသော ဌာန မှ ၀န်ထမ်းများကို အလုပ်တာဝန် များပြား၍ လိုအပ်ချက်ရှိသော ဌာနများသို့ ရွှေ့ပြောင်းတာဝန် ပေးမည်ဖြစ်ကြောင်း ရွေးကောက် ပွဲအနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။

‘‘၀န်ကြီးဌာနတွေ ပေါင်း လည်း ၀န်ထမ်းတွေလိုမှာပဲ။ တချို့ နေ ရာတွေမှာ ဖောင်းပွပြီး တချို့နေရာတွေမှာ မလောက်ဘူး ဖြစ်နေတယ်။ ဒါတွေကို မှန်မှန် ကန်ကန်သုံးစွဲဖို့ပဲလိုတယ်။ အ လုပ်ရှိတဲ့နေရာကို အလုပ်မရှိတဲ့ ၀န်ထမ်းတွေကို ပို့ရမှာပေါ့။ ဒါ တွေက ပြန်ပြီး Re organize လုပ် ရမှာပေါ့’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

ဒီဇင်ဘာ ၃၁ ရက်တွင် RFA သတင်းဌာနကထုတ်လွှင့်ခဲ့သည့် ဒီမိုကရေစီခရီးကြမ်းနှင့်ဒေါ်အောင် ဆန်းစုကြည်အစီအစဉ်၌ အထက် ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံပိုင်သတင်းစာ များ၊ မီဒီယာများကိုလည်း ဒီမိုက ရေစီစနစ်နှင့် လျော်ညီစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

‘‘အစိုးရပိုင် သတင်းစာတွေ ဘာတွေဆိုတာ ဒီမိုကရေစီနဲ့ သင့် လျော်တဲ့ကိစ္စတွေမဟုတ်ဘူးလို့ ထင်တယ်လေ။ ဒါပေမဲ့ဒါကို နေ့ ချင်းညချင်း ကျွန်မတို့မလုပ်ပါ ဘူး။ သေချာတိုင်ပင်ပြီးတော့မှ လုပ်မှာပါ။ ဒါပေမဲ့ သိပ်လည်းအ ချိန်မဆွဲချင်ဘူး။ ဒီမိုကရေစီနည်း လမ်းကျအောင်လို့ အမြန်ဆုံးလုပ် မှပဲ ဒီနိုင်ငံဟာ အဆင်ချောသွား မှာပါ။ ရေဒီယိုနဲ့ ရုပ်မြင်သံကြား ကတော့ နိုင်ငံတကာမှာလည်းအစိုးရက ထောက်ပံ့ထားတဲ့ ရုပ်မြင်သံ ကြား၊ ရေဒီယိုဌာနတွေရှိတယ်။ အစိုးရက ထောက်ပံ့ပေးတယ်ဆို ပေမယ့် လွတ်လွတ်လပ်လပ်လုပ် နိုင်ဖို့တော့လိုတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဝန်ထမ်းများအား ဌာန ပြောင်းရွှေ့ထမ်းဆောင်စေခြင်း သည် ကောင်းမွန်သော်လည်း အ ချို့နေရာများ၌ အခက်အခဲဖြစ် ပေါ်နိုင်ကြောင်း လက်ရှိဝန်ထမ်း အချို့က ပြောသည်။

‘‘အမေစု ပြောတာမှန်ပါ တယ်။ တချို့ဝန်ကြီးဌာနဆိုတာ အပိုတွေလိုဖြစ်နေတာ။ တစ်နေ ကုန်လို့မှ စာလေးတစ်ရွက်လက် မှတ်ထိုးရတာပဲရှိတဲ့ ဌာနတွေရှိ တယ်။ တချို့ဌာနတွေကျတော့ လည်း ညလုံးပေါက် အလုပ်လုပ် ရတာမျိုးရှိတယ်။ အခုပြောသလို ဌာနပေါင်းလိုက်မယ်ဆိုရင် နဂိုရှိ ပြီးသား ၀န်ထမ်းအဖို့က ဘာမှမ ဖြစ်နိုင်ပေမယ့် အပြောင်းခံရမယ့် သူအဖို့ကတော့ အခက်အခဲတွေ့ နိုင်မယ်။ သူမကျွမ်းကျင်တာရယ်၊ တချို့ကကျတော့ အဲဒီလိုသက် သာတဲ့နေရာရအောင်ကို တမင် လိုက်ပြီးပြောင်းထားတာရှိတယ်’’ ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ ၀န်ထမ်း တစ်ဦးက ပြောသည်။

ထို့အပြင် နယ်များရှိမြို့နယ်၊ ခရိုင်အဆင့် ရုံးခွဲများတွင်တာဝန် ကျသော ၀န်ထမ်းအချို့မှာလည်း တာဝန်ချိန်တွင် ပြင်ပစီးပွားရေး လုပ်ကိုင်လျက်ရှိသည့် ဖြစ်စဉ်များရှိသဖြင့် ယင်းကိစ္စများကိုအစိုးရသစ်က သေချာစွာကိုင်တွယ်နိုင်ရန်လိုကြောင်း ၀န်ထမ်းအချို့က ဆိုသည်။ အစိုးရအဖွဲ့သစ်တွင်ဝန်ကြီး ဌာနအချို့ ပူးပေါင်းမည်ဖြစ်သော် လည်း ၀န်ထမ်းများအား ဖြုတ် ထုတ်သတ်လမ်းစဉ် ကျင့်သုံးမည့် မူဝါဒမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၇ရက်က ပြောကြားခဲ့သည်။
7daynews

No comments

Powered by Blogger.