သမ္မတဦးသိန်းစိန်က နှစ်နိုင်ငံချစ်ကြည်ရေးအရ သေဒဏ်ချမှတ်ခြင်းအပေါ် ပြန်စဉ်းစားပေးရန် ထိုင်းဝန်ကြီးချုပ်ထံ သတင်းစကားပါး


မြန်မာလုပ်သားနှစ် ဦးကို သေဒဏ်ချမှတ်ခြင်းအပေါ် သမ္မတဦးသိန်းစိန်က အံ့သြမိ ကြောင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေး အရ ပြန်စဉ်းစားပေးရန် ထိုင်းဝန် ကြီးချုပ်ထံ အမှာစကားပါး၍ ထိုင်းနိုင်ငံဝန်ကြီးချုပ်ထံ သွား ရောက်ပြောကြားခဲ့ကြောင်း ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က 7Day Daily အား ပြောကြားသည်။

‘‘အမိန့်ချတဲ့ အနေအထား ရော အံ့သြမိတဲ့အကြောင်း သွား ပြောပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အယူခံ ဆက်ဝင်မှာမို့ နှစ်နိုင်ငံချစ်ကြည် ရေးကို ရှေးရှုပြီးတော့ အိမ်နီးချင်း နိုင်ငံလည်း ဖြစ်တယ်။  ပြစ်ဒဏ်ကို ပြန်စဉ်းစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ နှစ်ယောက်တည်း တောင်းဆိုခဲ့တာ မဟုတ်ပါဘူး။ သူတို့ထိုင်းမီဒီယာတွေရှေ့မှာကို တောင်းဆိုခဲ့တာပါ’’ဟု သံအ မတ်ကြီး ဦးဝင်းမောင်က ဒီဇင် ဘာ ၂၄ ရက်တွင် ပြောသည်။

သမ္မတဦးသိန်းစိန်သည် ယင်းအမှာစကားကို နိုင်ငံခြားရေး ၀န်ကြီးဦးဝဏ္ဏမောင်လွင်မှ တစ် ဆင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးထံ ထပ်မံပြောကြား၍ စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းမောင်က ဆက်လက်ပြောသည်။

‘‘ထိုင်းဝန်ကြီးချုပ်က အ စည်းအဝေးလုပ်နေလို့ ၀န်ကြီး ချုပ်ရုံးအမှတ်(၁)၀န်ကြီး မစ္စတာ ပန်နာဒါနဲ့ တွေ့ပြီးပြောခဲ့တာပါ။ သမ္မတကြီးက ပြောခိုင်းတာပါ’’ ဟု ၎င်းကပြောသည်။

သေဒဏ် ကျခံရသော မြန်မာလုပ်သားနှစ်ဦးသည် လူ သတ်မှုတွင်ပါဝင်ခြင်း မရှိသည် ကို ယုံကြည်ကြောင်း သံအမတ် ကြီးက ပြောသည်။

‘‘အဲဒီဟာကတော့ ကျွန်တော် တို့ ရာဇ၀တ်မှုခေါ်တာပေါ့။ ပြစ် မှုဆိုင်ရာကိစ္စ ဖြစ်ပါတယ်။ ပြစ် မှုဆိုင်ရာ ကိစ္စတော့ သူတို့ရဲ့ ဥပဒေအရ လုပ်ထုံးလုပ်နည်းအ ရ လုပ်တာ မှန်ပေမယ့် အိမ်နီး ချင်းနိုင်ငံဖြစ်တဲ့အတွက် ဆက်ဆံ ရေးအပေါ်မှာ မူတည်ပြီးသူတို့က လည်း ပွင့်ပွင့်လင်းလင်း ပြောရ ရင် ကြည့်ပြီးတော့ ပြောသင့် တယ်။ အမှုအောက်ရုံးဖြစ်တဲ့ အောက်ရုံးက ချတာတော့ သူ့ပုံစံ  အတိုင်းပဲ ဖြစ်တယ်။ အလယ်ရုံး နဲ့ အထက်ရုံးကတော့ ဒါဟာနှစ် နိုင်ငံချစ်ကြည်ရေးကို သူတို့ရှေး ရှုပြီးတော့ လွှတ်ပေးရမယ့် အနေ အထားတော့ ရှိတယ်’’ဟု ဦးဝင်း မောင်ကဆိုသည်။

‘‘ဒီအခြေအနေမှာ အဓိက ဦးတည်ချက်က ၀င်းနဲ့ ဇော်တို့ အတွက် ထိုင်းနိုင်ငံ ဥပဒေနဲ့အ ညီ ထိုင်းတရားရုံးတွေမှာ အပြစ် ကင်းစင်ကြောင်း သက်သေပြဆို ပြီး တရားမျှတမှု ရယူနိုင်ရေးပဲ ဖြစ်ကြောင်း သတိပြုစေလိုပါ တယ်။ မြန်မာနိုင်ငံသားတွေအ တွက် ဥပဒေရဲ့ မျှတတဲ့ ဆင်ခြင်  သုံးသပ်နိုင်မှု ရရှိရေးအတွက် မြန်မာအစိုးရအနေနဲ့ လုပ်လို့ရ တာ မှန်သမျှ လုပ်နိုင်စွမ်းရှိတာ မှန်သမျှ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ဟု နိုင်ငံတော်သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ခရစ္စမတ်နေ့ မြန်မာသံရုံး၏ ဆောင်ရွက်ချက် တင်ပြခြင်းဟု ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေး သားထုတ်ပြန်ထားသည်။

‘‘မြန်မာတွေဟာ မျိုးချစ် စိတ်၊ အမျိုးသားရေးစိတ် မြင့်မား ပြင်းထန်ပေမယ့် ဒီလိုတစ်ဖက် နိုင်ငံက စိုးရိမ်နေသလိုမျိုး မစဉ်း စား၊ မဆင်ခြင်လုပ်တတ်တဲ့ နိုင်ငံ သားတွေ မဟုတ်ဘူး ဆိုတာကို လည်း သက်သေပြကြဖို့၊ စည်း ကမ်းတကျ ထိန်းသိမ်းကြဖို့၊ စိတ်ခံစားမှု မလွန်ကဲကြဖို့ လိုပါ တယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာ တွေဟာ ဒီမိုကရေစီကို အဆင့် အတန်းရှိရှိ ကျင့်သုံးဖော်ဆောင် နိုင်တယ်ဆိုတာကို လက်တွေ့ ပြသကြဖို့ အရေးကြီးပါတယ်’’ ဟု ဦးဇော်ဌေးက ရေးသားထား သည်။

‘‘ကျွန်တော်တို့ရဲ့ အာရုံစိုက် မှုနဲ့ စွမ်းအင်တွေအားလုံးကို ထိုင်း နိုင်ငံ၊ ထိုင်းပြည်သူတွေအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေ လုပ် တာမျိုး၊ ဆုံးဖြတ်ချက်အပေါ် စိတ်ခံစားမှုနဲ့ ဆိုင်တဲ့ဒေါသတွေ ထွက်ကြတာမျိုးတွေကိုပဲ အဓိက မထားဘဲနဲ့ အဲဒီအစား အယူခံ တရားရုံးဆီ ယုံကြည်စိတ်ချရ လောက်ပြီး ထိရောက်မှုရှိတဲ့ အယူခံဝင်မှုတစ်ရပ် ဆောင်ရွက် ဖို့အတွက် ဥပဒေဆိုင်ရာ ကာ ကွယ်ချေပတဲ့အဖွဲ့ကို ထောက်ခံ အားပေးရာမှာ ကျွန်တော်တို့ရဲ့ စွမ်းအင်အားလုံးကို အသုံးချသင့် ပါတယ်။ အဲဒီနောက်ကျရင် တရားရုံးချုပ်အယူခံဝင်ရာမှာ ခု ခံယှဉ်ပြိုင်ပြောဆိုတဲ့ နေရာမှာ တောင်မှ အသုံးချသင့်ပါတယ်။ ဒီအမှုမှာ အယူခံဝင်စရာ အချက် တွေ အများကြီးရှိတယ်’’ဟု လိပ် ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ ရှေ့နေအဖွဲ့ကောင်စီ၏ အတိုင် ပင်ခံ ထိုင်းရောက်မြန်မာလုပ်သား အရေးဆောင်ရွက်နေသူ မစ္စတာ အန်ဒီဟောက အကြံပြုသည်။

ဒီဇင်ဘာ ၂၄ ရက်တွင် ကော့စမွီတရားရုံး၌ အပြီးသတ် အမိန့်ချမှတ်ရာ လိပ်ကျွန်းလူ သတ်မှုဖြင့် မြန်မာလုပ်သားနှစ်ဦး ကို သေဒဏ် အပါအ၀င် တရားစွဲဆိုထားသော ပုဒ်မခုနစ်ခုလုံး အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
7day

No comments

Powered by Blogger.