တယ်လီနောနှင့် MPT ဆင်းမ်ကတ်အသုံးပြုသူများကို ကံစမ်းမဲဖောက်ပေးမည်


တယ်လီနောနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့သည် ယင်းတို့၏ တယ်လီဖုန်း ဆင်းမ်ကတ် အသုံးပြုသူများကို ကံစမ်းမဲ အသီးသီး မဲဖောက်ပေးမည် ဖြစ်ကြောင်း အဆိုပါ အော်ပရေတာများထံမှ သိရသည်။ MPT ၏ ကံစမ်းမဲ အစီအစဉ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့မှ ဇန်နဝါရီလ ၉ ရက်နေ့အထိ နှစ်သစ်ကူးကာလ အထိမ်းအမှတ်အဖြစ် Toyota Land Cruiser မော်တော်ယာဉ် တစ်စီးနှင့် Corolla ယာဉ်ငါးစီး၊ TV ၂၅ လုံး၊ iPhone 6S နှင့် iPad air 2 အလုံး ၂၀ စီနှင့် တစ်ကျပ်သား ရွှေဆွဲကြိုး အကုံး ၂၀ အပါအဝင် ဆုမဲပေါင်း ခုနစ်သောင်း မဲဖောက်ပေးမည် ဖြစ်ကြောင်း၊ ဖုန်းဘီလ် ကျပ် ၃၀၀၀ အထက် ဖြည့်သွင်းခြင်း၊ ဆင်းမ်ကတ် ဝယ်ယူခြင်း၊ MPT ဖုန်းအချင်းချင်း တစ်မိနစ်ထက် ပြောဆိုခြင်းဖြင့် ကံစမ်းမဲ လက်မှတ်များ ရရှိမည်ဖြစ်ပြီး တစ်ပတ်လျှင် တစ်ကြိမ် ဆုမဲပေါက်သူများကို ကြေညာပေးသွားမည် ဖြစ်ကြောင်း MPT ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။ နော်ဝေအခြေစိုက် တယ်လီနောကမူ ကျပ် ၃၀၀၀ နှင့်အထက် ဖုန်းဘီလ် ဖြည့် သွင်းသူတိုင်းကို ဖုန်းဘီလ် ၁၀ ရာခိုင်နှုန်း အပိုထပ်ဆောင်း ပေးခြင်းအပြင် ငါးမူးသားရွှေဒင်္ဂါး အပြားတစ်ရာ မဲဖောက် ချီးမြှင့်ပေးမည် ဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖုန်းနှင့် SMS များမှတစ်ဆင့် ကြေညာမည် ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။"

No comments

Powered by Blogger.