အိုင်စီတီပြပွဲနှင့် CommuniCast Myanmar 2015 ပူးတွဲကျင်းပမည်


မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က ကြီးမှူး၍ နှစ်စဉ် ကျင်းပလျက်ရှိသော International Myanmar ICT Exhibition 2015 ပြပွဲနှင့် Bangkok Exhibition Services Company မှ စီစဉ်ကျင်းပသော CommuniCast Myanmar 2015 ပြပွဲများကို ရန်ကုန်မြို့ Event Park ၌ နိုဝင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ International Myanmar ICT Exhibition 2015 ပြပွဲတွင် ပြည်တွင်းပြည်ပ နည်းပညာ ကုမ္ပဏီများက ကွန်ပျူတာနှင့် မိုဘိုင်းဆိုင်ရာ ထုတ်ကုန်အမျိုးမျိုး၊ ဆော့ဖ်ဝဲနှင့် အပလီကေးရှင်း အမျိုးမျိုးနှင့် နည်းပညာဆိုင်ရာ ထုတ်ကုန်အမျိုးမျိုးကို ပြသသွား မည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် ပြည်တွင်းမှ လုပ်ငန်းထူထောင်ကာစ နည်းပညာကုမ္ပဏီများလည်း ဝင်ရောက်ပြ သနိုင်ရန် ရည်ရွယ်၍ အထူးအစီစဉ်တစ်ခု ပြုလုပ်ကာ နေရာများ ရောင်းချပေးမည် ဖြစ်ကြောင်း၊ ရောင်းချမည့်ပုံစံမှာ သတင်းအချက်အလက် ကောင်တာတစ်ခု၊ ပါဝါပွိုင့်တစ်ခု ပါဝင်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ဝဝ သာ ကျသင့် မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ နည်းပညာဆိုင်ရာ ဦးဆောင်နည်းစနစ် ပံ့ပိုးနေသူ များနှင့် ဆော့ဖ်ဝဲနှင့် ဆက်သွယ်ရေး နည်းပညာ နယ်ပယ်မှ ဦးဆောင်ကုမ္ပဏီ ၁၅ဝ ကျော်တို့ ပါဝင်ဆွေးနွေးကြမည့် CommuniCast Myanmar 2015 ကိုလည်း ကျင်းပသွားမည် ဖြစ်သည်။ CommuniCast Myanmar 2015 ပြပွဲတွင် ဒုတိယအကြိမ်မြောက် Myanmar Satellite Forum ဆွေးနွေးပွဲလည်း ပါဝင်မည် ဖြစ်ကာ နက်ဝပ်တည်ဆောက်ခြင်း နည်းပညာများ၊ ဂြိုဟ်တုနှင့် Broadband နည်းပညာများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ CommuniCast Myanmar 2015 ကို ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ပြီး သက်ဆိုင်ရာ နယ်ပယ်မှ ကျွမ်းကျင်သူ လုပ်ငန်းရှင်များ၊ ဥပဒေပြု သူများ၊ စီးပွားရေးလုပ်ငန်း၊ စွန့်ဦးလုပ်ငန်းများ ပါဝင်ဆွေးနွေးကြမည် ဖြစ်ကြောင်းလည်း သိရသည်။ ပြပွဲနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို အောက်တိုဘာ ၂၆ ရက်က မြန်မာအင်ဖိုတက်ခ်၌ ကျင်းပခဲ့ပြီး ပြပွဲဆိုင်ရာ အသေးစိတ် အချက်အလက်များကို www.ictexhibition.com.mm, www.myanmarictexhibitions.org, www.communicast myanmar.com ဝက်ဘ်ဆိုက်များတွင် ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ "

No comments

Powered by Blogger.