အရှေ့အနောက် စီးပွားရေး စင်္ကြန်လမ်း တည်ဆောက်ပြီးစီးပါက ပြည်တွင်း၌ ပြဿာနာ ၃ ရပ် ကြုံတွေ့ လာနိုင်


အာဆီယံ စီးပွားရေး အသိုက်အ၀န်း “အေအီစီ”မှာ  အရှေ့အနောက် စီးပွားရေး စင်္ကြန် လမ်းမကြီးကို တည်ဆောက်တဲ့ အတွက် မြန်မာနိုင်ငံ အနေနဲ့
ဂျီအမ်အက်စ် နိုင်ငံများနဲ့ ဆက်သွယ်နိုင်ပြီး ဆက်သွယ်မှု လမ်းကြောင်း တည်ဆောက်တဲ့ အတွက် စီးပွားရေး အကျိုးအမြတ်များ ပေါ်ထွက် လာနိုင်တဲ့ အပြင် ပြဿနာ ၃ ရပ်လည်း ပေါ်ထွက်လာ နိုင်တယ်လို့ ယခုရက်ပိုင်း အတွင်းပြုလုပ်တဲ့ AEC work shop မှာ ပညာရှင်များရဲ့ ဆွေးနွေးချက် အရ သိရပါတယ်။
 
အဆိုပါ ပြဿနာ ၃ ရပ်ကတော့ တည်ဆောက်ရေးမှာ ကြီးမားတဲ့ ကုန်ကျစရိတ် အတွက် အသုံးပြု လိုက်တဲ့ စရိတ်များကို အခြား စီးပွားရေး ဖွံ့ဖြိုးမှု အတွက် သုံးရမယ့် ကုန်ကျစရိတ်များနဲ့ နှိုင်းယှဉ် ကြည့်မှသာ ရရှိလာတဲ့ အကျိုးအမြတ်များကို တွက်ချက် နိုင်မှာ ဖြစ်တဲ့ အတွက် စုစုပေါင်း ကုန်ကျစရိတ်နဲ့ ရရှိမယ့် အကျိုးအမြတ်များကို နားလည်ဖို့ လိုအပ်ခြင်းဟာ တစ်ချက် အပါအ၀င် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ပမှ သွင်းကုန် များဟာ အရည်အသွေး ပိုကောင်းမွန်ပြီး ဈေးနှုန်း ချိုသာပါက ပြည်တွင်း ၀ယ်ယူသူများဟာ နိုင်ငံခြား ပစ္စည်းများကို ပိုမို ၀ယ်ယူနိုင်တဲ့ အတွက် ပြည်တွင်းရှိ ပုဂ္ဂလိက ကဏ္ဍဟာ ပြည်ပရှိ ကုမ္ပဏီများနဲ့ ယှဉ်ပြိုင်စွမ်း ရှိဖို့ လိုအပ် နေတယ်လို့ သိရပါတယ်။
 
ဒါတင်မကဘဲ မော်လမြိုင်၊ ဘီလူးကျွန်း၊ ဘားအံနဲ့ မြ၀တီ တို့မှာ စက်မှု လုပ်ငန်း ဖွံ့ဖြိုး ဖို့အတွက် ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး၊ အလုပ်သမား၊ မြို့ပြတည်ထောင်မှု၊ ပြည်ပ ကုန်သွယ်မှု အစရှိတဲ့ ဘက်စုံ ထောက်ပံ့မှု အားလုံးကို အပြည့်အ၀ ပေးဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြဿနာ ၃ ရပ်ကို ရင်ဆိုင်နိုင်ဖို့ အတွက် နယ်ပယ် အသီးသီးမှာ ကျွမ်းကျင်မှု လိုအပ် နေပြီး ခေတ်မီ စီးပွားရေး ပညာရှင်များကို လိုအပ် နေတာ ဖြစ်ပါတယ်။ ဒီလို ပညာရှင်တွေနဲ့ ဆောင်ရွက် မှသာ ပြည်တွင်းမှ ရရှိသင့်တဲ့ အကျိုးမြတ်များကို နိုင်ငံခြား အဖွဲ့အစည်းများ ထံမှ တောင်းဆိုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
 
 
Powered by Blogger.