ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် သတင်းအချက်အလက် စထုတ်ပြန်

ရန်ကုန်၊ သြဂုတ် ၁၄

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် သတင်းအချက်အလက် ဖြန့်ဝေမှုကို သြဂုတ်လ ၁၄ ရက်နေ့မှစ၍ ဗဟိုဘဏ်အင်တာနက် စာမျက်နှာတွင် စတင်ထုတ်ပြန်ကြောင်း ကြေညာသည်။

နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာ ငွေကြေးဈေးနှုန်းများနှင့် ရောင်း၊ ဝယ်သည့် ငွေကြေးဈေးနှုန်း ပမာဏများကို www.cbm.gov.mm တွင်ဝင်ရောက် ကြည့်ရှုနိုင်ပြီး အလိုအလျောက် ဖြေကြားသည့် တယ်လီဖုန်းအမှတ် ၀၁-၈၆၀၅၁၀၀ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန် တစ်ဒေါ်လာလျှင် ၉၇၄ ကျပ် သတ်မှတ်ထားပြီး ယင်းနေ့အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၃ သန်း ရောင်းချထားကြောင်း ယင်းအင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
Powered by Blogger.