"ရဟန်းသံဃာတော်တို့အား စွပ်စွဲပုတ်ခတ်ေ ပြာဆိုသူတို့ သိစေရန်"


ေ အ်ာဒီတစ်ခါတော့် နိုင်ငံရေးကဗျာ ဘယ်သူက တိုင်းပြည်ကို ကောင်းအောင်လုပ်နိုင်မလည်း ဒါကတော့် အ များအတွက် ကိုယ်ကျိုး မကြည့်ပဲလုပ်တဲ့သူကတော့် တော်တယ်လို့ဆိုလိုရပါလိမ့်မယ် အမျိုးစောင့် ဥပဒေ ဆိုတာလည်း မြန်မာမိန်းကလေးတွေ အတွက် တပါးသောတိုင်းပြည်က လာမစော်ကားအောင် လုပ်သည် ဟု ယူဆမိပါတယ် ဆရာတော်ဝီရသူကို အများအတွက် အလုပ်လုပ်တာတောင် ဆရာတော်မဟုက်ဘူးလို့ *ပြောတာ ၀မ်းနည်းစရာတစ်ခုပါ ဆရာတော် ဘွဲ့တွေလက်မှက်တွေက တော်တော်ကြိုးစားပြီးမှ ရလာတာ ဒါတောင်မှ ဆရာတော်ကို အတုလို့ပြောတာ ၀မ်းနည်းစရာတစ်ခုပါ ဆရာတော်ကမစိုးရိမ်မှာ ကထိကတစ် ပါး ပါ အင်း ချစ်တာ ကြိုက်တာကတော့် ကျွန်တော်မပြောလိုပါ သို့သော် မြန်မာမိန်းကလေးက တခြားဘာ သာက လူတွေကို မချစ်စေချင်ပါ ကျွန်တော်စေတနာစကားပါ ကျွန်တော်ပြောတဲ့စကားကသိပ်မကောင်းပါ ကျွန်တော်ဖေ့ဘွက်ကနေ ပြီး ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီး တင်ပြလိုက်ပါ
မယ် သဘောကျမယ်ယူဆ၏




"ရဟန်းသံဃာတော်တို့အား စွပ်စွဲပုတ်ခတ်ေ ပြာဆိုသူတို့ သိစေရန်"

****************************** *************

မျိုးစောင့်ဥပဒေနှင့်ပတ်သက်ပြီး ရဟန်းသံဃာတော်တို့အား ပြင်းပြင်းထန်ထန စွပ်စွဲပုတ်ခတ်ပြောဆိုလာကြကုန်၏..။ ထိုသို့ ပြောဆိုပုတ်ခတ်ကြကုန်သော သူတို့သည် ဗုဒ္ဓဘာသာဝင်မဟုတ်သူများနှင့ ဗုဒ္ဓဘာသာဝင်ဆိုသူတို့လည်းဗုဒ္ဓစာပေကို မလေ့လာဖူးသော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ သာ ဖြစ်ကြပေသည်..။

ဗုဒ္ဓစာပေကိုလေ့လာကြည့်ရင်ဘုရားရှင်သည် ၀ိနည်းသိက္ခာပုဒ်များကိုပညတ်တော်မူရာ၌ ဘုရားဖြစ်ဖြစ်ခြင်းကြိုတင်ပညတ်တော်မူခြင်း မဟုတ်ပေ..။ အပြစ်ကျူးလွန်သူတို့ ပေါ်လာမှသာ ပြစ်မှုကြောင်းအားလျော်စွာ သိက္ခာပုဒ် ပညတ်ခြင်းသာဖြစ်ပါသည်..။ ယခုလဲ မျိုးစောင့်ဥပဒေကိုပြဋ္ဌာန်းဖို့လိုအပ်လာတဲ့ အကြောင်းတွေ ပေါ်လာလို့ဆရာတော သံဃာတော်များဆောင်ရွက်နေကြခြင်း ဖြစ်ပါသည်..။

ဘာ့ကြောင့်လဲဆိုရင်ဘုန်းဘုန်းတို့လူမျိုးရေး ၀ါးမျိုမှုတွေ ခံနေကြရတယ်..အတိတ်သမိုင်းနဲ့ ဗုဒ္ဓဘာသာနိုင်ငံတွေကို ကြည့်ကြပါ.. အားလုံးသိပြီးသားတွေမို့အကျယ်မရေးတော့ပါ ဘူး..ဒီကနေ့ဒီနိုင်ငံအတွင်းမှာလဲဒီလိုဝါးမျိုမှုေ တွဟာ နေ့စဉ်နှင့်အမျှတွေ့ကြုံနေရပါတယ်..။ ဒါကြောင့်အဓိကပြောချင်တာကတော့ လူမျိုးပျောက်ရင်ဘာသာပျောက်မှာမို့ပါပဲ..။ ဘာသာမပျောက်ဖို့ အတွက် လူမျိုးမပျောက်ေ အာင်မျိုးစောင့်ဥပဒေကိုဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်...။

ထိုသို့မျိုးစောင့်ဥပဒေအတွက် ဆောင်ရွက်နေကြသော ဆရာတော် သံဃာတော်များကိုဝိနည်းနဲ့မညီဘူးလို့လဲ စွပ်စွဲကြပါတယ်..။ ဘယ်သိက္ခာပုဒ်နဲ့ ငြိစွန်းနေပါသလဲ..သိက္ခာပုဒ်အထောက် အထားနဲ့ပဲ ပြောပြကြပါ.. ၀ိနည်းနဲ့မညီရင် ဘုန်းဘုန်းတို့အခုလုပ်နေတဲ့အလုပ်ကို အခုချက်ချင်းရပ်ပေးပါ့မယ်..။ ပိဋကတ်စာပေမှာ ..ဉာတကာနဉ္စသင်္ဂဟော..လောကတ္ထစရိယံ ..ဉာတတ္ထစရိယံ..တို့ဟာ လူပုဂ္ဂိုလ်တွေနဲ အရင်းနီးဆုံးစကားလုံးတွေပါ.. ဒီစကားလုံးတွေဟာ အမျိုးဘာသာ သာသနာကို ချီးမြှောက်စောင့်ရှောက်ဖို့ဟောခဲ့တဲ့ စကားတော်တွေပါ..။

နောက်တစ်ခါအိမ်ထောင်သားမွေးကိစ္စတွေကို ဘုန်းဘုန်းတို့နဲ့မဆိုင်ဘူးလို့ဘုန်းဘုန်းတို့က ကိုယ့်အလုပ်ကိုယ်မလုပ်ဘူးလိ ပြောလာကြတယ်..ဆိုင်လိုက်တာမှ ကလေးမွေးတဲ့ နေရာထိတောင်ဆိုင်ပါတယ်.. အင်္ဂုလိမာလသုတ်ကိုကြည့်လေ.. ကလေးမမွေးနိုင်တဲ့အမျိုးသမီးတွေကိ ဘုရားရှင်လက်ထက်တော်ကအင်္ဂုလိမာလ မထေရ်မြတ်ကိုတော်တိုင် အိမ်တိုင်ရာရောက လိုက်ပါဆောင်ရွက်ပေးတော်မူခဲတာပဲ..။ ဗုဒ္ဓဘာသာဝင်တို့ရဲ့အိမ်ထောင်ရေးကိစ္စမှာ ဘုန်းဘုန်းတို့နဲ့ဆိုင်လို့ဘုန်းဘုန်းတို့ လုပ်နေကြတယ်ဆိုတာ သဘောပေါက်ကြပါ..။

ဘုန်းဘုန်းတို့ကတော့အမျိုးဘာသာ သာသနာ မကွယ်ပျောက်ဖို့အတွက်..ဗုဒ္ဓသာသနဘာရော အ၀ဿံဝဟိတဗ္ဗော = ငါသည် ဗုဒ္ဓသာသနာ့တာဝန် (အမျိုးဘာသာ သာသနာ တာဝန်)ကိုမချွတ် ထမ်းဆောင်ရမည် ဟူသော သန္နိဋ္ဌာန်ဖြင့်မျိုးစောင့်ဥပဒေ မှ အစ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို အသက်ထက်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း..။

အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြကုန်သော ဗုဒ္ဓဘာသာဝင်အပေါင်းသူတော်ကောင်း တို့... အမျိုးဘာသာ သာသနာ မကွယ်ပျောက်စေဖို့..၀ိုင်းဝန်းထိန်း သိမ်းစောင့်ရှောက်ကြပါစို့....

ဦးနရပတိဆရာတော် ငြိမ်းချမ်းရေးပ ရိယတ္တိစာသင်တိုက်—       
ဗမာ့သားဖေ့ဘွက်မှကူးယူ၏ www.zayyathuya.blogspot.com

Powered by Blogger.