အမေရိကန်က ရခိုင်ပဋိပက္ခဒေသခံများအတွက် ဒေါ်လာ လေးသန်းကျော် ထပ်မံထောက်ပံ့


From :7day

အမေရိကန်ပြည်ထောင်စုက ရခိုင်ပြည်နယ်ပဋိပက္ခ ဒေသခံများအတွက် လူသားချင်း စာနာထောက်ထားသော အကူအညီများဆောင်ရွက်ရန် ဒေါ်လာ လေးသန်းကျော် ထပ်မံအကူအညီပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

လူဦးရေတစ်သိန်းကျော်အတွက် နှစ်လခွဲစာ စားသောက်ကုန်များ၊ ပဋိပက္ခဒဏ်ခံမိသားစု ၂,၀၀၀ ခန့်အတွက် အခြေခံအိမ်ထောင်သုံးပစ္စည်းများနှင့် အမျိုးသမီးနှင့်ကလေးများအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး ပညာပေးရေး၊ ဘေးကင်းရေးနှင့် သင့်တော်သော တစ်ကိုယ်ရေသန့်ရှင်းရေးနည်းစဉ်များကို မြှင့်တင်အားပေးရေးတို့ကို ဆောင်ရွက်ရန် အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) က ကုလသမဂ္ဂစားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် Save The Children တို့မှတစ်ဆင့်ပေးအပ်ခဲ့ကြောင်း အမေရိကန်သံရုံးက ဇန်န၀ါရီလ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

"ကျွန်တော်တို့ကလည်း ကိုယ့်နည်းလမ်းနဲ့ကိုယ် အကူအညီပေးပါတယ်။ ဒါပေမဲ့ လိုအပ်နေတုန်းပါပဲ" ဟု ရခိုင်ပြည်နယ် ဘေးဒုက္ခကယ်ဆယ်ရေးကော်မတီအဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သော ၂၀၁၂ ခုနှစ် ဇွန်လမှ စ၍ ရခိုင်ပြည်နယ်အတွက် အမေရိကန်အစိုးရက အကူအညီစုစုပေါင်း ဒေါ်လာ ခုနစ်သန်းကျော် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


  . www.MyanmarExpress.net
Powered by Blogger.