ထင်းအစား စပါးခွံဖြင့် ပြုလုပ်တေ ထင်းချောင်းလုပ်ငန်း ရခိုင်တွင် စတင်ထုတ်လုပ်
မင်းဇံ (လေးဝတီ)။ ။ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထင်းအစားထိုး
စပါးခွံနန့် လောင်စာထင်ချောင်းထုတ်လုပ်မှုကို ဖေဖေါ်ဝါရီလ ၅ ရက်နိ့က
အောင်မြင်စွာ စမ်းသတ်နိုင်ခရေလို့ လေးဝတီက သတင်းရရှိပါသည်။
ရခိုင်ပြည်နယ်အတွင်း သဘာဝသစ်တောတိ ပြုန်းတီးလာမှုကြောင့် ထင်းတိရှားပါးလာမူကို ကာကွယ်နိုင်ဖို့အတွက် ထင်းအစားထိုး စပါးခွံနန့် ပြုလုပ်တေ နည်းပညာစမ်းသပ်မှုတစ်ရပ် အောင်မြင်ခရေလို့ သိရပါသည်။
ယင်းထုတ်လုပ်မူကို စစ်တွေမြို့ဆတ်ရိုးကျချောင်း တစ်ဖက်ကမ်း စက်မှုရပ်ကွက်မှာ စပါးခွံနန့် လောင်စာထင်းချောင်းတိကို စတင် ထုတ်လုပ်နီကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး ဦးသန်းဝင်းက ပြောဆိုပါသည်။
“ကျွန်တော်ရို့ ရခိုင်ပြည်မှာ သစ်တောတိပြုန်းလာလို့ ထင်း ရှားလို့ ဘင်္ဂလားဒေ့ရှ်နည်းပညာနန့် စပါးခွံတိကို ထင်းအဖြစ် စတင်စမ်းသတ် ထုတ်လုပ်နီပါရေ။ အဂုပိုင် ထင်းအဖြစ်လုပ်ဖို့ အခက်အခဲတိ ဟိပါရေ။ ထင်းမဟိလို့ အခက်အခဲဖြစ်နီရေ နီရာတိမှာ သုံးစွဲနိုင်အောင်အတွက် ရခိုင်ပြည်မှာ တောတောင်တိမှာလည်း တောင်းဂတုံးအဆင့် ဖြစ်လာရေ ယင်းနန့် ထင်းအစား အဂုပိုင် စပါးခွံနန့် ထင်းချောင်းတိ ထုတ်လုပ်ရခြင်း ဖြစ်ပါရေ” လို့ ပြောဆိုပါသည်။
ယင်းထုတ်လုပ်မူကို ရခိုင်ပြည်နယ်ဆားလုပ်ငန်းရှင်မျးအသင်းက ဝန်ထမ်းတိနန့် ရခိုင်ပြည်နယ် သစ်တောဝန်ကြီး ဦးအောင်သန်းတင်ရို့က ပူးပေါင်းပြီး ထုတ်လုပ်နီခြင်းဖြစ်ကြောင်း သိရပါသည်။
ရခိုင်ပြည်တွင် သစ်တောတွေပြုန်းတီးလာရေအတွက် ထင်း ရှားပါးလာမူကြောင့် သဘာပတ်ဝန်းကျင်ပျက်စီးမူကို ကာကွယ်ဖို့ အထောက်အကူဖြစ်စီဖို့ အဂုပိုင် မရှိမဲ့ရှိမဲ့ဖေသာတိကိုစု ပြီးကေ လုပ်နီခြင်းဖြစ်ကြောင်း သူက ပြောဆိုပါသည်။
ရခိုင်ပြည်နယ်အနှံ့အပြားတွင်လည်း အဂုပိုင် စပါးခွံဖြင့် ထင်းချောင်းထုတ်လုပ်မူကို လုပ်ကိုင်လိုသူများကို ကူညီဆောင်ရွက်နိုင်ဖို့ အတွက်လည်း ကြိုးစားနီကြောင်း သိရပါသည်။
ရခိုင်ပြည်တွင် စပါးခွံပေါများရေအတွက် အဂုပိုင် ထင်းအစားထိုး လောင်စာထင်းချောင်းတိကို လက်လုပ်လက်စားလူတန်းစားတိက အစ အသုံးပြုနိုင်ဖို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။http://www.arakanlaywaddy.com