Excel Password ဖော်ယူမည် ကိုစေတနာဆိုက်မှတင်ပြသည်
တစ်နေ့သ၌ ကျွန်ုပ်အား Galk မှ
မိတ်ဆွေတစ်ဦးသည် Microsoft Excel တွင် စာရိုက်ပြီး လုံခြုံရေးအတွက်
Password ပေးမိကြောင်း၊ အဆိုပါ Password ကို မေ့နေသည့်အတွက်
ပြန်လည်ဖော်ယူနိုင်သည့် နည်းလမ်းကို ကျွန်ုပ်အား မေးမြန်းလေ၏။
ကျွန်ုပ်လည်း တင်ခဲ့သော ပို့စ်ကို ပြန်လည်ကြည့်မိရာ ကျွန်ုပ်၏ အားနည်းကို မြင်တွေ့ရသည်။ သေချာ ရှင်းလင်းအောင် မရေးခဲ့သည့်အတွက် အသုံးပြုလိုသည့် User များ အခက်အခဲကြုံရသည်ကို တွေ့ရ၏။ ထို့ကြောင့် တင်ခဲ့သောပို့စ်ဖြစ်သည့် ယခုအကြောင်းကို Full Version အဖြစ် သုံးနိုင်ရန် ပြန်လည် ရှင်းလင်း တင်ပြအပ်ပေသည်။

ပြီးလျှင် Keygen ကို ဖွင့်ပါ။ Patch ကို နှိပ်ပါ။ ဖိုင်လမ်းကြောင်း မေးပါလိမ့်မည်။ Local Disk (C:) >> Program Files >> Intelore >> ExcelPasswordRecovery ကိုသွားပြီး ExcelPasswordRecovery ကို ရွေးပေးပါ။ Successful ဖြစ်သွားပါလိမ့်မည်။
ပြီးလျှင် Keygen ထဲမှ Key များကို Copy ယူ၍ Register Name နှင့် Registration Key ထဲသို့ ထည့်ပါ။ Register Name တွင် နှစ်သက်ရာ အမည်တစ်ခုခုကို ထည့်လိုက်ပါ။ ဒါဆိုလျှင် အိုကေသွားပါလိမ့်မည်။
ယခုဆော့ဝဲလ်သည် မည်သည့်အတိုင်းအတာထိ ဆောင်ရွက်နိုင်သည်ကို ကျွန်ုပ်ကိုယ်တိုင် မသိပါ။ အလွယ်တကူ ပေးသော Password များကို တော့ စမ်းဖူးပါသည်။ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ရင်း . . . .