ရခိုင်လူမျိုးကို အားပေးရမယ်၊ တန်ဖိုးထားရမယ်ဆိုတဲ့ ဆရာကြီးအောင်သင်းနှင့် တွေ့ဆုံခြင်း
မူဂျာဟစ်က ဘယ်လောက်ဆိုးလဲဆိုရင် အဲဒီနယ်စပ်ထဲကို ၀င်ပြီးတော့ ရခိုင်မလေးတွေ၊ ဗမာမလေးတွေကို အတင်းအဓမ္မသိမ်းပိုက်တာတွေ၊ သတ်ဖြတ်တာတွေရှိတယ်။ စစ်ပြီးလောက်မှာပေါ့။ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ထိအောင် မူဂျာဟစ်တွေရှိတယ်။ အဲဒီမူဂျာဟစ်တွေရဲ့အကြောင်း ကို ရွှေဒုံးဘီအောင်က အစောဆုံး သေသေချာချာရေးခဲ့တာ။ သူရေးခဲ့တဲ့ သွေးနဲ့ရေးတဲ့စာထဲမှာပါတယ်။ ပြီးတော့ လခြမ်းထက်က ကြယ်တစ်ပွင့်၊ ကိုယ်တော့်ကရုဏာ၊ အဲဒီဝတ္ထုတွေမှာ မူဂျာဟစ်တွေ အကြောင်း အကုန်ပါတယ်။ ရွှေဒုံးဘီအောင်က အဲဒီတုန်းက သတိကြီးစွာ ပေးခဲ့တယ်။ ဒီကောင်တွေက ဗမာမတွေကို မျိုဖို့ချည်း စဉ်းစားနေတယ်။ အဲဒီတုန်းက အဲဒီဝတ္ထုတွေကို သူက ရှုမ၀မှာ ရေးတယ်။
ဘင်္ဂါလီတွေ ရခိုင်ဘက်စိမ့်ဝင်မှုများတဲ့အပေါ် ဆရာကြီး ဘယ်လိုသဘောရပါသလဲ?
ဒီကိစ္စက အထူးအဆန်းမဟုတ်ဘူး။ နယ်စပ်ဒေသဖြစ်လို့ ဟိုဘက်မှာ တိုင်းပြည်တစ်ပြည်၊ ဒီဘက်မှာ တိုင်းပြည်တစ်ပြည် ဖြစ်နေရင် အဲဒီဒေသကို တိုင်းကြပ်ပြည်ကြပ်နယ်လို့ခေါ်