ရခိုင်ပြည်သတင်းများ
စစ်တွေမြို့၊ ပင်လယ်နှင့်နီးသည့် မြို့သူကြီးရပ်ကွက်တွင် ဘင်္ဂါလီလူမျိုး
နှစ်ဦးက မိမိနေအိမ်များကို မီးဖြင့်ရှို့ကာ ပင်လယ်အတွင်းသို့ လှေဖြင့်
ထွက်ပြေးရာ မြို့ခံများက လှေများဖြင့်လိုက်လံဖမ်းဆီးခဲ့ေ
စစ်တွေမြို့ အရှေ့မြောက်ဘက် ကုလားတန်မြစ်နံဘေးရှိ ဘင်္ဂါလီရွာ
ဖြစ်သော တရားသီးစုရွာတွင် မီးလောင်မှု ဖြစ်ပွားနေကြောင်း သိရပါသည်။ အဆိုပါရွာကို ရွာတွင် နေထိုင်နေသော ဘဂါင်္လီတစ်ဦးကပင် မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးရှို့ခဲ့သူကို ဖမ်းဆီးရမိထားကြောင်း သိရပါသည်။
တရားသီးစုရွာတွင် နေထိုင်သူများမှာ ထွက်ပြေးသွားပြီးနောက် မီးလောင်ကျွမ်းမှု စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
““ဘူးသီးတောင် မောင်တောတွင် ပစ်ခတ်မှုများဖြစ်နေသည့် သတင်းများ မမှန်ဟုဆို””
ဘူးသီးတောင်-မောင်တောမြို့များတ
ကြောင်းဘူးသီးတောင်အခြေစိုက်ဗျု
မောင်တောမြို့တောင်ဖက်အလယ်သံကျေ
ပြောသည်။
-ကျောက်ဖြူမြို့ ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မြစ်နားတန်းရပ်ကွက် ကျွန်းသာယာ အစုရှိ ဘင်္ဂါလီများနှင့် ဒေသခံ ရခိုင်လူမျိုးများအကြား ဆန်ရောင်းဝယ်ရာမှ အချင်းများဖြစ်ပွားခဲရာ မြို့နယ်တည်ငြိမ်ရေး ပူးပေါင်းအဖွဲ့များနှင့် လုံထိန်းတပ်များက အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
-စစ်တွေတွင် ပစ်မိန့်ပေးပြီ နံနက် ၁၂ နာရီဲ၊ ဇွန် ၁၀၊ ၂၀၁၂၊ YPI အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးသည် စစ်တွေမြို့မင်းဂံရပ်ကွက်ဘက်မှ မြို့ထဲသို့ ၀င်ရောက်လာမည့် အန္တရာယ်ကြုံတွေ့နေရပြီးနောက် လွန်ခဲ့သည့် မိနစ်ပိုင်းတွင် လုံထိန်းရဲတပ်ဖွဲ့အား ပစ်မိန့်ပေးလိုက်ပြီဖြစ်ကြောင်း၊ လုံထိန်းရဲတပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် သတိပေးနေကြောင်း စစ်တွေမြို့ခံတဦးက YPI သို့ပြောသည်။ ... ရထားသံလမ်းတလျှောက် မြို့ထဲဘက်သို့ ဦးတည်လာနေသည့် လူစုလူဝေးကို လုံထိန်းရဲများက တားဆီးထားလျှက်ရှိပြီး ရှေ့ဆက်တက်လာပါက ပစ်ခတ်ရမည်ဟု သတိပေးလျှက်ရှိသည်ဟု ဆိုသည် လုံထိန်းရဲတပ်ဖွဲ့ဝင်များကို စစ်တွေမြို့ခံ ရခိုင်အမျိုးသားများက အကူအညီပေးနေသည်ဟုလည်း သိရသည်။
““ဘူးသီးတောင် မောင်တောတွင် ပစ်ခတ်မှုများဖြစ်နေသည့် သတင်းများ မမှန်ဟုဆို””
ဘူးသီးတောင်-မောင်တောမြို့များတ
ကြောင်းဘူးသီးတောင်အခြေစိုက်ဗျု
မောင်တောမြို့တောင်ဖက်အလယ်သံကျေ
ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် စသည့် ဒေသများအား ဘင်္ဂလားဒေ့ရှ်၊ အကြမ်းဖက် အယ်ကိုင်ဒါများက ကိုယ်ပို်င် အုပ်ချုပ်ခွင့်တောင်းကြောင်း ကြားသိရသည်။ အဆိုပါ ပြဿနာကို ဖြေရှင်းရန်အတွက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သွားရောက်ကြောင်း သိရသည်။ ကိုးကား - မြစ်မခ
မနက် ၁ နာရီ နောက်ပိုင်းရရှိသည့်သတင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှမိုးပေါ်ထောင်ပြီးပစ်ခတ်ခြောက်လှန့်သော်လည်းလူထောင်ကျော်ခန့်တက်လာသည့်လူအုပ်မှာရပ်တန့်ခြင်းမပြုပဲဆက်လက်ချီတက်နေဆဲဖြစ်သောကြောင့်လူအုပ်ထဲသို့ တည့်မတ်စွာပစ်နေတာတွေ့ကြောင်းသိရပါတယ်။[စစ်တွေ]
-ည ၁၁ နာ၇ီ နောက်ဆုံးရသတင်းများ
စစ်တွေက မိတ်ဆွေတစ်ယောက် တိုက်ရိုက် သတင်းပို့နေပါတယ်။ လတ်တလော ဖုန်းလိုင်းများ ခေါ်ဆိုဖို့ ခက်ခဲနေပြီး အိမ်တွင်းမှာ မီးပိတ်အမှောင်ချထားကာ ခက်ခက်ခဲခဲနဲ့ သတင်းပေးပို့နေရတာဖြစ်ပါတယ်။
- လမ်းတွေပေါ်မှာ မောက်(ရခိုင်)တွေ အများကြီးဖြစ်နေပြီး လမ်းထဲမှ မွတ်စလင်မ်အိမ်များကို လိုက်လံ စုံစမ်း ရှာဖွေနေတယ်လို့ သိရပါတယ်။
- လူစုလူဝေးဟာ နှစ်ဖက်စလုံးမှာ တဖြည်းဖြည်း ပိုမို များပြားလာတာကြောင့် မွတ်စလင်မ်များဘက်မှ ရဲစခန်းကို ဆက်သွယ် အကြောင်းကြားသော်လည်း လူအင်အား မရှိလို့ မလာနိုင်ကြောင်း ပြောပါတယ်။
- မြို့တော်ခန်းမမှာ ရခိုင်များ လူစုနေတာ အယောက် 800လောက် ဖြစ်လာတယ်လို့သိရပါတယ်။
-မော်လိပ်ကျောင်းအနီးမှာတော့ ရခိုင်များ လူ 500ယောက်လောက် စုမိနေပါတယ်။
- ရခိုင်လူမျိုးများ ဘကျော်လမ်းဆုံမှာ လူများ ကြောက်ခမန်းလိလိ အရမ်းကို များပြားနေပြီး ဓာတ်တိုင် သံချောင်းများ အဆက်မပြတ်ခေါက်ပြီး လူစုနေတယ်လို့ သိရပါတယ်။
-အောင်မင်္ဂလာရပ်ကွက်ကို မကြီးမြိုင်ရွာမှ မွတ်စလင်မ်များ အိုးပစ် အိမ်ပစ် ထွက်ပြေးလာကြတယ်လို့ သိရပါတယ်။
- နာဇီရွာမှာတော့ ပုံမှန်အတိုင်း ရွာသားများ ရှိနေတယ်လို့ သိရပါတယ်။
-ဈေးအောင်ရွာမှ မောက်(ရခိုင်)အများစုဟာ နာဇီရွာသို့ လာရောက်တိုက်ခိုက်တော့မယ်လို့ သတင်းရရှိပါတယ်။
- မွတ်စလင်မ်များဘက်က မိမိအသက်အတွက် ပြန်လည်ခုခံဖို့ အင်အားမမျှကြောင်း လူအလွန်နည်းကြောင်း သိရှိရပါတယ်။
- နာဇီရွာဘက်က အသံများ ကြားနေရသောကြောင့် အောင်မင်္ဂလာမှ မွတ်စလင်များ အထူးစိုးရိမ်နေကြောင်း သိရပါတယ်။
- စစ်တွေမြို့ငြိမ်းချမ်းဖို့အတွက် ဆုတောင်းကြဖို့ ပြောနေပါတယ်။
- အခု စစ်တွေမှာ မိုးတွေလေတွေ အရမ်းတိုက်နေပါတယ်။
- (ခေတ္တအဆက်အသွယ် ပျက်သွားပြီး) ယခုအဆက်အသွယ်ပြန်ရပါပြီ။ ပေါက်တောမြို့နယ်မှ မွတ်စလင် အိမ်တွေကို ဖျက်ခံနေရပါတယ်။ မွတ်စလင် ရွာသစ်ဟုခေါ်ပါသည်။ အခု မွတ်စလင်မ် ၇ ယောက် ဂ ယောက်လောက် သေတယ်လို့ သတင်းရရှိပါတယ်။