ဇာဂနာ ဘာကြောင့် ဆဲဆိုခဲ့သနည်း
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) တွင်
သတင်းစာရှင်းလင်းပွဲ လုပ်နေသော ကိုဇာဂနာ (ဓာတ်ပုံ - ဧရာဝတီ) တနေ့က
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ပြည်ပရောက် မြန်မာ အတိုက်အခံ ခေါင်းဆောင်
ဒေါက်တာနိုင်အောင်၊ ဒေါက်တာ သောင်းထွန်း၊ ဦးညိုအုန်းမြင့် တို့ ၃ ဦးကို
ရန်ကုန် လေဆိပ်ကို သွားရောက်ကြိုဆိုရင်း လူရွှင်တော် ဦးဇာဂနာက
သတင်းထောက်များကို ဆဲလိုက်တယ်ဆိုတဲ့ဖြစ်ရပ်ဟာ အတော်ပွဲဆူသွားပါတယ်။ကမ္ဘာကပါ
သိတဲ့ မြန်မာလူရွှင်တော် တယောက်အနေနဲ့ ဒီလို သတင်းထောက်တွေကို ဆဲဆိုတာမျိုး
မဖြစ်သင့် ဘူးလို့ ဝေဖန်မှုတွေက ကျယ်လောင်ပါတယ်။ ဆဲဆိုသံပါတဲ့ ရုပ်သံ
ပြကွက်ကလည်း အင်တာနက်မှာ ပျံ့နှံနေ တာပါ။ဓာတ်ပုံ- ဒေါက်တာ
လွမ်းဆွေဖေ့စ်ဘုတ် ဒါပေမယ့် အခု ဒီကိစ္စကို ဒေါက်တာလွမ်းဆွေနဲ့ ချက်တင်မှာ
ပြောလိုက်တာကတော့ သူဆဲတာ တွန်းချတဲ့သူကို ပါတဲ့ ။ ကံကောင်းလို့
တွန်းချသူကြောင့် နဖူးမကွဲတာပါတဲ့။ ကြားထဲက ကျန်တဲ့သူတွေက ဖွလိုက်တာလို့
ဆိုပါ တယ်။ ဖြစ်စဉ် အမှန်ကို ကာယကံရှင်တွေက အသိဆုံးဖြစ်မှာပါ။`