သတင်းများ
စစ်ပွဲကြားမှ ရှောင်ပြေးလာသော ပြည်တွင်းပလောင်ဒုက္ခသည် (၅၀၀)ကျော် အကူညီလိုအပ်နေ
- Thursday, 26 January 2012 08:26
မြန်မာစစ်တပ်နှင့်
ကချင်လွတ်လပ်ရေးတပ်မတော်တို့မှ လွန်ခဲ့သော ဒီဇင်ဘာလတွင် ကချင်ပြည်နယ်၊
ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မန်လွယ်ရွာတွင် ထိုးစစ်ဆင်းသည့်စစ်ရှိန်ကြောင့် ပြည်တွင်း ပလောင်ဒုက္ခသည် အချို့ယခုချိန်ထိ အကူအညီများ လိုအပ်နေသည်ဟု သိရှိရပါသည်။
ဇန်န၀ါရီလ ၂၆ရက်နေ့တွင် ပြည်တွင်းပလောင်ဒုက္ခသည် (၂၀)ယောက်နီးပါး မန်လွယ်ရွာမှ နမ့်ခမ်းမြို့ရှိ တအာင်းအမျိုးသားပါတီရုံးသို့ ထပ်မံ ရောက်ရှိလာသည်ဟု သိရှိရပါသည်။
“
ဒီမနက်ပဲ ပလောင် ဒုက္ခသည် အယောက် (၂၀)နီးပါးလောက် ပြန်ရောက်လာတယ်။ သူတို့
နေတဲ့နေရာက တည်ငြိမ်မှု မရှိသေးဘူးလို့ ပြောတယ်။ သူတို့ကတော့
တအာင်းအမျိုးသားပါတီကို အကူညီတောင်းတယ်။ နမ့်ခမ်းမြို့မှာ လာနေလို့
ရလားပေါ့၊ တအာင်းအမျိုးသားပါတီက မကူညီရင်လည်း သူတို့တွေ ဒုက္ခရောက်မှာလေ”
တအာင်းအမျိုးသားပါတီတစ်ဦးမှ ပြောပြခဲ့ပါသည်။
ယခင်က ပြည်တွင်းပလောင်ဒုက္ခသည် (၃၀၆) ယောက်သည် ရွာပြန်လျှင်လည်း ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့မှုများ လိုအပ်နေသည်ဟု သိရှိရပါသည်။
“
အခု နမ့်ခမ်းမြို့မှာရှိတဲ့ တအာင်းအမျိုးသားပါတီရုံးမှာ ဒုက္ခသည် (၃၀၆)
ယောက်ရှိတယ်။ အမျိုးသမီးကတော့ ၂၀၀ ၀န်းကျင်လောက် ရှိတယ်။ သူတို့အတွက်တော့
လောလောဆယ်ဆယ် လိုအပ်တဲ့ ဆန်၊အ၀တ်အစားနဲ့ ကျန်းမာရေးအထောက်အကူတွေ
လုံလောက်မှုတော့ရှိပါတယ်။ ဒါပေမယ့် သူတို့ ဒေသမှာ ပြန်သွားမယ်ဆိုရင်တော့
လိုအပ်တဲ့ လမ်းခရီးစရိတ်ရယ၊် ရွာပြန်ရောက်ရင်လည်း ပြန်လည်ထူထောင်ရေးအတွက်
အကူအညီတွေ လိုအပ်နေသေးတယ်။ ဒီအတွက် ကျနော်တို့မှာ ထောက်ပံ့ဖို့ ငွေမရှိဘူး”
ဟု ဒုက္ခသည်ကူညီပေးသည့် တအာင်းအမျိုးသားပါတီ အတွင်းရေးမှူးမှ ပြောပြပါသည်။
နမ့်ခမ်းကျေးရွာ ပင်လုံကျေးရွာ ပြည်တွင်း ပလောင်ဒုက္ခသည် (၁၉၆)ယောက်သည်
ဒီဇင်ဘာလကတည်းက အကူအညီရရှိမှု လုံလောက်ခြင်းမရှိပါဟု စုံစမ်းသိရှိရပါသည်။
“အခု
လောလောဆယ်မှာ အကူအညီမရသေးတာကတော့ ပင်လုံကျေးရွာမှာ နေတဲ့ ပလောင်ဒုက္ခသည်
(၁၉၆)ယောက်ရှိနေတယ်။ အမျိုးသမီးများနဲ့ကလေးက (၁၂၀)ကျော်လောက်ရှိတယ်။
အမျိုးသားကတော့ (၇၀)နီးပါးလောက်ပေါ့။ ကျနော်တို့
နမ့်ခမ်းမြို့ပေါ်မှာအဓိက တာဝန်ယူထားတယ်ဆိုတော့ သူတို့ဆီမှာ
ဆန်အနည်းငယ်လောက်ပဲ သွားရောက်ထောက်ပံ့ပေးနိုင်တယ်၊
နမ့်ခမ်းမြို့အပိုင်းမှာလဲ ပြတ်လပ်မှာကို စိုးရိမ်ရတယ်။ မန်လွယ်ရွာမှာနေတဲ့
ပလောင်ဒုက္ခသည်တွေ တကယ်ပဲအကူအညီလိုအပ်နေတယ်။ သူတို့က
ကျေးရွာဘက်ပိုင်းမှာနေကြတာဆိုတော့ အကူအညီတွေ မရရှိကြဘူးဖြစ်နေတယ်”
ပလောင်ဒုက္ခသည်ကူညီပေးသည့် တအာင်းကော်မတီအဖွဲ့၏ အတွင်းရေးမှူးမှ ပြောပြပါသည်။
ပလောင်အမျိုးသမီးအစည်းအရုံး
သတင်းမှတ်တမ်းနှင့် သုတေသနဌာန
ပလောင်ဒုက္ခသည်ကို ကူညီလိုလျှင်-
ဆက်သွယ်ရန်- တရုတ်ဖုန်း ၁၃၉-၈၈ ၂၃-၈၃၁၁- မြန်မာဖုန်း- ၀၉၅-၂၃ ၂၅-၉၆
အမှားပြင်ဆင်ချက်
နမ့်ခမ်းကျေးရွာ
ပင်လုံကျေးရွာ ပြည်တွင်း ပလောင်ဒုက္ခသည် (၁၉၆)ယောက်သည် ဒီဇင်ဘာလကတည်းက
အကူအညီရရှိမှု လုံလောက်ခြင်းမရှိပါဟု စုံစမ်းသိရှိရပါသည်။ နမ့်ခမ်းမြို့နယ်အစား မန်တုန်မြို့နယ်ဟု ပင်လုံအစား တုန်ဟုန်ကျေးရွာဟု ပြင်ဆင်ဖတ်ရှုပေးပါ။