ဘလောဂ့်ပေါ်ကစကားများ
မြန်မာနိုင်ငံအတွက်ကောင်းကျိုးတစ်ခုမှမပေးခဲ့တဲ့ မုန်တိုင်းကြောင့်
ရန်ကုန်နဲ့မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အလူးအလဲ ခံစားခဲ့ရတာ အားလုံးအမြင်ပါ။
ဒီမုန်တိုင်း ရဲ့ အကျိုး ဆက်တွေကြောင့် သေဆုံးသူများနဲ့ တကွ အိုးအိမ်မဲ့
ဒုက္ခရောက်နေသူတွေ သိန်းနဲ့ချီနေပါပြီ။ ဒီလို ဒုက္ခသည် တွေအတွက်
နိုင်ငံတကာမှကူညီနေသလို ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကြိုးစားပြီး
အကူအညီပေးလျှက်ရှိပါတယ်။ မြန်မာပြည်မှာ မုန်တိုင်းဒဏ်သင့်ခဲ့ရတဲ့
ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့တယ်။
ဒီဒုက္ခသည်တွေအားလုံးဟာ ကျွန်မတို့ရရဲ့ ညီအစ်ကို မောင်နှမ မြန်မာပြည်သူ ပြည်သားတွေဆိုတာကို စစ်အာဏာရှင်တွေကို သိစေချင်ပါတယ်။ နိုင်ငံတကာက ပေးနေတဲ့ အကူအညီတွေကို ဒုက္ခရောက်နေတဲ့ သူတွေလက်ထဲမရောက်ဘူးလို့ ကျွန်မ မျက်စိမှိတ်ပြီး ငြင်းမနေပါဘူး။ ဒါပေမဲ့ လိုအပ်တာထက် သိပ်ကိုနည်းတဲ့ ပမာဏလောက်ပဲရောက်တာပါ။ ဒုက္ခသည်တွေဟာ သူတို့နေတဲ့ နေရာကို ကားတစ်စင်းရောက်လာတာပဲဖြစ်ဖြစ်၊ လူများများရောက်လာတာပဲဖြစ်ဖြစ် အပြေးအလွှားရောက်လာတော့တာပါပဲ။ သူတို့ မျက်လုံးတွေမှာ မျှော်လင့်ချက်ရောင်ခြည်တွေ သမ်းနေတာကိုမြင်ရတော့ ကျွန်မရင်ထဲမှာ ကျွန်မလုပ်နေနိုင်တာလေးကိုလုပ်နေရတာကိုပဲ အားမလိုအားမရဖြစ်မိပါတယ်။ ပြိုလဲကျနေတဲ့ သူတို့ရဲ့အိမ်တွေကို ပြန်ပြင်ကြဖို့ မတွေးနိုင်သေးပဲ ၊ ထမင်းစားရဖို့ကိုပဲ အနိုင်နိုင်ရုန်းကန်နေရတဲ့ သူတို့ တစ်တွေကို နိုင်ငံတကာက အလှူရှင်တွေ ၊ စေတနာရှင်တွေ ၊ အဖွဲ့အစည်းတွေက လှူဒါန်းနေကြတာကို ကြားရတော့ ၀မ်းနည်းဝမ်းသာ ဖြစ်မိပါတယ်။ ၀မ်းနည်းမိတာကတော့ ဒီလောက်ကြီးကို အတိုင်းအတာ တစ်ခု အနေနဲ့ လှူဒါန်းနေကြပေမဲ့ ဘာကြောင့်များ ခုထိ နလံ မထူနိုင်ကြသေးတာလဲ လို့တွေးမိပြီး ၀မ်းနည်းမိတာပါပဲ။ မြန်မာပြည်ကိုပြန်ရောက်နေတဲ့ ဘလော့ဂါတစ်ယောက်အနေနဲ့ ကျွန်မနဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းပြီး သတင်းတွေတင်ပေးစေချင်ခဲ့ပါတယ်။ တကယ်တော့ ကျွန်မ စာတွေအများကြီးရေးချင်ပါတယ်။ ဓာတ်ပုံတွေအများကြီးကိုလည်းဖော်ပြပေးချင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ သတင်းထက် ကျွန်မအရေးတကြီးလိုအပ်နေတာ ဆန်ပါ။ ဘိုကလေးမြို့နယ်မှာ လူတော်တော်များများ သေဆုံးခဲ့တာကို မီဒီယာတွေကျေးဇူးကြောင့်သိကြပေမဲ့ နောက်ထပ်လူပေါင်းများစွာသေဆုံးရန်ရှိနေတာကိုတော့ သတိတရရှိပေးကြပါ။ အလောင်းတွေကိုသေချာဆယ်ထားတာ မရှိသေးတဲ့အပြင် လမ်းမပေါ်မှအမှိုက်ပုံများကိုလည်း ခုမှပဲ ပြင်ဆင်ရှင်းလင်းနေကြတာပါ။ ယင်ကောင်တစ်လောင်းလောင်းနဲ့ လူသေအလောင်းတွေရှိနေဆဲ မြစ်ရေကိုသောက်နေကြရတဲ့အပြင် ၊ စိတ်ပိုင်းဆိုင်ရာလဲ သိပ်ကိုတုန်လှုပ်ခြောက်ခြားနေကြရရှာတဲ့ သူတို့တွေရဲ့ မျက်နှာတွေကိုတွေးကြည့်ပါ စာရင်းတွေကို ကျွန်မတတ်နိုင်သလောက် ရှာဖွေပြီးတင်ပေးပါ့မယ်။ ကျွန်မကိုဆက်သွယ်ရခက်တဲ့ အတွက် ဒီစာရင်းကိုကြည့်ပြီး လှူဒါန်းနိုင်တဲ့ လူပုဂ္ဂိုလ်များကိုတိုက်ရိုက် လှူကြပါ။လို့ အလေးအနက်တိုက်တွန်းပါတယ်။ ဆရာဝန်မ တစ်ယောက်နဲ့ ဘိုကလေးကိုသွားခဲ့ပေမယ့် နဂိုကတည်းက ဆေးပညာဗဟုသုတ နည်းတဲ့ အကိုအမတွေကို ထိထိရောက်ရောက် အကူအညီမပေးနိုင်ခဲ့ပါဘူး။ ခုတစ်ခေါက်တော့ ဆေးအဖွဲ့ကိုသတ်သတ် စီစဉ်သွားကြဖို့ရှိပါတယ်။ ဘယ်အဖွဲ့ အစည်း၊ ဘယ်တစ်ဦးတစ်ယောက်ရဲ့ အကူအညီကိုမျှ မရခဲ့ပါဘူး။ တတ်နိုင်သလောက်သူငယ်ချင်းတွေ စုပေါင်းပြီး တကယ်လိုအပ်တဲ့ သူတွေဆီကိုအရောက်သွားခဲ့တာဖြစ်ပါတယ်။ ခုအချိန်မှာတော့ ကျွန်မ တကယ်မနိုင်တော့ပါဘူး။ ခေါင်းမာမာနဲ့လဲ မငြင်းချင်တော့ပါဘူး။
ကျွန်မတို့ အကူအညီတကယ်လိုအပ်တဲ့ သူတွေလက်ထဲ ကိုအရောက်ထည့်နေပါတယ်။ ဆန်တစ်လုံးက အစ၊ ခေါက်ဆွဲ တစ်ထုတ်က အစ၊ ကိုယ်တတ်နိုင်သလောက်လှူကြပါ။ လှူဒါန်းလိုပါက .....
(ဆက်သွယ်ရန်)
Blogger ပေါက်ကရ၈၀ (yeaungthu@gmail.com)
ဘာညာ (barnyar.kwikwi@gmail.com)
ကျော်ဇေယျ ( 09-510-3547 (မြန်မာဖုန်း) ) ( kzy1980@gmail.com)
ကိုရန်နိုင်ထွန်း ဖုံး +၈၂-၁၁ ၉၇၂၃ ၄၇၇၃ ၊ yannainghtun@yahoo.com(ကိုရီးယား)