စီးပွားရေး ပိတ်ဆို့မှု ကင်းစင်မှ ဗဟိုဘဏ် လက်ခံ လဲလှယ်ပေးမည်



ဟောင်းနွမ်း ကန်ဒေါ်လာ စီးပွားရေး ပိတ်ဆို့မှု ကင်းစင်မှ ဗဟိုဘဏ် လက်ခံ လဲလှယ်ပေးမည်နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှု ကင်းစင်မှသာ ဟောင်းနွမ်း ကန်ဒေါ် လာ များအား လက်ခံလဲ လှယ်ပေး မည် ဖြစ်ကြောင်း မြန်မာနိုင် ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးမောင်မောင် ဝင်းက ပြောသည်လက်ရှိ အခြေ အနေ၌ မြန်မာနိုင်ငံ အား နိုင်ငံတကာမှ စီးပွားရေး ပိတ်ဆို့ ထားမှုကြောင့် ပြည်တွင်း ဘဏ်များရှိ ဒေါ်လာ များမှာ ပြည်ပနိုင်ငံများ၌ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်မရဘဲ ပြည်တွင်း၌သာ လှည့်ပတ် သုံးစွဲနေရကြောင်း ၎င်းက ပြောသည်။
“ဒီမှာလုပ်နေတဲ့ ဘဏ်တွေက သူတို့ဆီဝင်လာတဲ့ ဒေါ်လာတွေကို နိုင်ငံခြားကိုသွားပြီး ရောင်းလို့မရဘူး။ ရောင်းလို့မရတာကလည်း ကျွန်တော်တို့ နိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားမှုကြောင့်ပဲ။ ဒါကြောင့် ကျွန်တော်တို့က ဒေါ်လာကို အကူးအပြောင်းလုပ်ဖို့ ခက်ခဲသလို အပြင်ကို ယူဖို့အတွက်လည်း ပိုခက်ခဲတယ်။ ဒီ့အတွက်ကြောင့် ကျွန်တော်တို့ဘဏ်တွေက ဒေါ်လာကို ငွေသားအဖြစ်နဲ့ ဒီက Customer တွေကို ထုတ်ပေးရတယ်။ အဲဒီလို ထုတ်ပေးရာမှာလည်း သူတို့က ဟောင်းတာတို့ နွမ်းတာတို့ဆိုရင် အဆင်မပြေတဲ့အတွက် ကျွန်တော်တို့က အကောင်းတွေပဲ ထုတ်ပေးရတယ်။ ဒါကြောင့် ကျွန်တော်တို့ဘဏ်တွေကလည်း ဒေါ်လာအကောင်းတွေကိုပဲ လက်ခံရတာ ဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက ထပ်လောင်းပြောသည်။
ထိုသို့သော အခြေအနေများကြောင့် လက်ရှိ နိုင်ငံခြားငွေလဲလှယ်ရေး ကောင်တာများ၌ ဒေါ်လာ လာရောက်လဲလှယ်ရာတွင်လည်း လဲလှယ်သူများမှာ အခက်အခဲ အနည်းငယ်ဖြစ်နေရသည်ဟု နိုင်ငံခြားငွေကြေး တရားဝင် ရရှိနေသူများက ပြောသည်။ “ကျွန်တော်တို့ သွားလဲတာ ၂၀၀၆ စီးရီး ရာတန်တွေပါဗျာ။ အဲဒါကို နိုင်ငံတကာမှာလည်း သုံးခဲ့ပြီးပြီ။ အကုန်လုံးက လက်ခံတယ်။ ဒီရောက်တော့ သိမ်ဖြူမှာသွားလဲတာ တစ်ဝက်ပဲ လဲလို့ရတယ်။ ကျန်တစ်ဝက်ကလဲလို့ မရဘူး။ ဒါဆိုရင် ကျွန်တော်တို့က အဲဒီ့ပိုက်ဆံတွေကို ဘယ်လိုလုပ်ရမှာလဲ။ သုံးလို့ မရတော့ဘူးလား” ဟု နိုင်ငံခြားသင်္ဘောသား ကိုမောင်ဝင်းသာက ပြောသည်။ “ဒီအခက်အခဲက ဘယ်တော့ ပြေလည်မလဲ ဆိုရင် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်လို့ ဒီက ဒေါ်လာတွေကို ကြိုက်တဲ့ နိုင်ငံတွေကို သွားပြီး ရောင်းလို့ရပြီဆိုရင် ဒီမှာလည်း ဒေါ်လာကို ကြိုက်သလောက်ဟောင်း၊ စစ်ရင်ပြီးရောဆိုပြီး လက်ခံသွားမှာပါ” ဦးမောင်မောင်ဝင်းက ထပ်လောင်း ပြောကြားသည်။ စံကျော်
Powered by Blogger.