မန်မာ့ စီးပွားရေး ဆယ်စုနှစ် အတွင်း တစ်နှစ် ရှစ်ရာခိုင်နှုန်း တိုးတက်မည်ဟု အာရှ ဖွံ့ဖြိုးရေး ဘဏ် ခန့်မှန်း


မြန်မာ့ စီးပွားရေး ဆယ်စုနှစ် အတွင်း တစ်နှစ် ရှစ်ရာခိုင်နှုန်း တိုးတက်မည်ဟု အာရှ ဖွံ့ဖြိုးရေး ဘဏ် ခန့်မှန်းမြန်မာ့ စီးပွားရေးသည် အိမ်နီးချင်း တရုတ်၊ အိန္ဒိယတို့နှင့် ကုန်သွယ်မှု တိုးတက်အောင် အစိုးရက ပြုလုပ်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း နိမ့်အောင် ထိန်းထားခြင်း အားဖြင့် လာမည့်ဆယ်စုနှစ်အတွင်း တစ်နှစ်ရှစ်ရာခိုင်နှုန်းဖြင့် စီးပွားရေးတိုးတက်နိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းလိုက်သည်။
ယနေ့ ထုတ်ပြန်သေ ADB ၏ အစီရင်ခံစာ၌ ''စီးပွားရေးအတွက် အနီးကပ်ကာလ ခန့်မှန်းချက်မှာ ထိုင်း စီးပွားရေး၏ ဆယ်ပုံ တစ်ပုံပ မာဏရှိ ပြီး၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှုနှင့် ကုန်စည် ရောင်းချ ရမှု မြင့်တက် ခြင်းကြောင့် မျှော်လင့်ချက် အပြည့် ရှိနေသည်'' ဟု ဖော်ပြ ထားကာ နှစ်စဉ်စီးပွားရေးတိုးတက်နှုန်း ရှစ်ရာခိုင်နှုန်းသည် ၂၀၃၀ ခုနှစ်အရောက်တွင် တစ်ဦးချင်း ဂျီဒီပီ သုံးဆ တိုးစေကာ ဒေါ်လာ ၃၀၀၀ ခန့်ရှိလာစေမည်ဟု ခန့်မှန်းထားသည်။
ADB ၏ လက်ထောက်စီးပွားရေးအကြီးအကဲ စင်ယောင်ပက်ကလည်း ''မြန်မာဟာ သဘာဝရင်းမြစ်တွေ ကြွယ်ဝပြီး ဒေသတွင်းမှာ မဟာဗျူဟာကျတဲ့ တည်နေရာမှာရှိသလို လူငယ်ဦးရေလည်း အများအပြား ရှိပါတယ်။ ဒီအချက်တွေအားလုံးက ကာလတိုအတွင်းမှာပဲ မြန်မာကို အလွန်အားကောင်းတဲ့ တိုးတက်ဖွံ့ဖြိုးမှုရအောင် ကူညီပေးနိုင်မှာပါ'' ဟုပြောသည်။
ADB က အစိုးရသည် နိုင်ငံ၏ လုပ်သားအင်အား သုံးပုံနှစ်ပုံနီးပါးရှိနေသော စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးအောင် လက်ငင်းလုပ်သင့်ကြောင်း နိုင်ငံတော်လယ်ယာစိုက်ပျိုးရေးကဏ္ဍ ရင်းမြစ်များကို ကုန်ထုတ်လုပ်မှု တိုးတက်အောင် အသုံးချနိုင်စွမ်း အလားအလာမှာလည်း အလွန်ကြီးမားကြောင်း ဆိုခဲ့သည်။
မြန်မာ့စီးပွားရေး တိုးတက်မှုအတွက် အန္တရာယ်များမှာ မက်ကရိုစီးပွားရေးစီမံခန့်ခွဲမှုပိုင်း၊ အခြေခံအဆောက်အအုံချို့ငဲ့မှုနှင့် အခွန်ရငွေ နိမ့်ကျမှုတို့ဖြစ်ပြီး လူဦးရေ၏ လေးပုံတစ်ပုံခန့်သာ လျှပ်စစ်မီးနှင့် ဘရော့ဒ်ဘန်းအင်တာနက်ချိတ်ဆက်မှု ရရှိသေးကြောင်း အစီရင်ခံစာက ဖော်ပြခဲ့သည်။
Powered by Blogger.