မီးလောင်မှု့ ဖြစ်ရင် ယာဉ်မောင်း ယာဉ်နောက်လိုက်နဲ့ ခရီးသည်တွေ အတွက် သတိပေးချက်"shareနော်


"CNG ယာဉ်များ မီးလောင်မှု့ ဖြစ်ရင် ယာဉ်မောင်း ယာဉ်နောက်လိုက်နဲ့ ခရီးသည်တွေ အတွက် သတိပေးချက်" မြန်မာနိုင်ငံအတွင်း ခရီးသည်ပို့ဆောင်ပေးနေကျသော CNG ယာဉ် ( ကိုးရီးယား တရုတ် ကားဟောင်း ကားသစ်များ) အတွက်။ & သဘာဝဓာတ်ငွေ့(natural gas) သည် လေထုထဲ ပြန်နှံပါ က အလွယ်တကူ မီး စတင်မလောင်ကျွမ်းနိုင်ပါ။ & လေထဲ တွင် သဘာဝဓာတ်ငွေ့ (natural gas) ပမာဏ (5% ~15%) အတွင်း ကိုက်ညီချိန်၌ မည်သည့် မီးSpark ဥပမာ - မီးခြစ် ခြစ်ခြင်း ။ ဝါယာလျော့ဖြစ်ခြင်း။ တခုခုနှင့် ပြင်းထန်းစွာထိခိုက်မိပြီး မီးspark ထွက်ခြင်း။ စသည့် ဖြစ်စဉ်မျိုး ဖြစ်ပါက အလွယ်တကူ မီးလောင်တတ်ပါ သည်။ & လေထုထဲ သဘာဝဓာတ်ငွေ့ပမာဏ 5 % အောက် နှင့် 15 %အထက် တွင် မည့်သည့် အကြောင်းကြောင့် မီး spark ဖြစ်စေကာမူ အလွယ်တကူမီး မလောင်တတ်ပါ။ & မြန်မာနိုင်ငံတွင် cng ယာဉ်များ မီးလောင်မှု့ ဖြစ်စဉ်အများ စုမှာ ကား လျှပ်စစ်ပိုင်းဆိုင်ရာ ကြောင့် တွေ့ရှိရပါသည်။ @@@ CNGယာဉ် ဝါယာလျော့ ဖြစ်ပါက ယာဉ်မောင်း ယာဉ်ကူများမှ ကားဘက်ထရီ ကြိုးကို အမြန်ဖြုတ်ပါ။ မှတ်ချက်# ထိုချိန်တွင် ဘက်ထရီကြိုးဖြုတ်ရန် ဂွင်းတွေ ဂွတွေ ရှာနေစရာမလိုပါ။ ဝါယာလျော့ အပူကြောင့် ဘက်ထရီအိုး ခဲခေါင်းများ အလွန်ပူနေသဖြင့် လက်ဖြင့် ပြင်းပြင်း ဆောင့်ဆွဲဖြုတ်ပါက ကားမီးလောင်မှု့ ကင်းလွတ်ပါမည်။ @@@CNG ယာဉ်နောက်လိုက် မှ လည်း CNG အိုးဘားများကို အမြန်ဆုံး ပိတ်ရပါမည်။မီးသတ်ဆေးဖူးဖြင့် မီးလောင်သော အစိတ်အပိုင်းကို ငြိမ်းသတ်ရပါမည်။ မှတ်ချက်# cngယာဉ်များတွင် မီးသတ်ဆေးဘူး ထားရှိရန်။ @@@ ခရီးသည်များမှ အရမ်းကြောက်လန့်ပြီး ကားပြတင်းမှ ခုန်ချခြင်း မပြုဘဲ ကားတံခါးမှ မြန်မြန်ဆင်းပြီး လေဆန်ဘက်သို့ အမြန် ပြောင်းရွေ့နေရပါမည်။ မှတ်ချက် # cng ဝါယာလျော့ဖြစ်နေသော ယာဉ်နှင့် ဝေးရာ။ # အရမ်းကြောက်လန့်ပြီး ကားပြတင်းပေါက်မှ ခုန် ခြင်းကြောင့် လူတစ်ဦး အသက်ဆုံးရှူံး ခဲ့ရသော ဖြစ်စဉ် များလဲ ရှိခဲ့ဖူးပါသည်။ @@@ cng ယာဉ်မောင်းများ cng အိုးဘား(လျှပ်စစ်ဖြင့် အဖွင့်ပိတ်ပြုလုပ်သော) မကောင်းပါက အသိမှတ်ပြုထား cng service center တွင် အမြန်ဆုံး ပြုပြင် ရန်။ မကောင်းပါက အသစ်လဲလှယ်ရန် လိုအပ်ပါသည်။ မှတ်ချက်# cng ယာဉ်ဟောင်းအများစုမှာ ယင်း လျှပ်စစ်အိုးဘားများ ကောင်းမွန်စွာ အလုပ် မလုပ်တော့ပါသဖြင့် လျှပ်စစ်လိုင်းများ ဖြုတ်ထားပြီး အမြဲအိုးဘားများကို ဖွင့်တဲ့ အနေအထားတွင် ထားရှိလျက်ရှိရာ အရေးပေါ် cng အိုးဘားပိတ်လျှင် များစွာ အခက်အခဲရှိပါသည်။ @@@ cng ယာဉ်များတွင် ခရီးသည် ထိုင်ခုံအောက် cngအိုးများ တပ်ဆင်ထားသော ယာဉ်များ ပိုမို သတိထားရပါမည်။ gas ယိုစိမ့်မှု မတော်တဆ ရှိချိန်တွင် မီးspark တခုခုဖြစ်ပါက မီးလောင်နိုင်ပါသည်။ မှတ်ချက် # cng ယာဉ်မောင်းများ ကားမောင်းစဉ် ကားပေါ်၌ ဆေးလိပ်သောက်ခြင်း လုံးဝ လုံး ဝ မပြုလုပ်ရန်။ @@@ CNG ကားများ ခရီးစဉ် မစမီ နေ့စဉ် gas ယိုစိမ့်မှု့ရှိ / မရှိ ဆပ်ပြာရည်ဖြင့် စစ်ဆေးရပါမည်။ @@@ မီးလောင်မှု့ ဖြစ်ထားသော cng အိုးများ ပြန်လဲ အသုံးပြုခွင့် လုံးဝ လုံးဝ ခွင့်မပြုထားပါ။ @@@ တရုတ် or ကိုးရီးယား cng ယာဉ်ဟောင်းများ ယာဉ်သစ်များ ဖြင့် စီးနင်းလိုက်ပါနေကျသော ခရီးသွားပြည်သူများ cng ကားမီးလောင်မှု့မှ ကင်းဝေး စေကြောင်း ဆုတောင်း လျက်... Credit@ Ko sai


No comments

Powered by Blogger.