မင်္ဂလာဦးညတွင် မိန်းကလေးများ အပျို စစ်ကြောင်း သက်သေပြနိုင်ရန် နည်းလမ်း
အမြှေးပါး စုတ်ပြဲသွားသည့်အခါ သဘာဝအတိုင်း သွေးထွက်သည့် ပုံစံမျိုးရရှိအောင် ပြုလုပ်သည် ------------------------------------------------ ဗြိတိန်အမျိုးသားကျန်းမာရေးဌာန၌ ၂၀၀၅ခုနှစ်မှ ၂၀၁၅ခုနှစ်အတွင်း အပျို မြှေးပြု ပြင် အစားထိုးသူပေါင်း ၃၄၈ဦးရှိခဲ့သည်ဟုဆိုပါတယ်။ အမျိုးသမီးများ အပျိုပြန်ဖြစ်ရန်အတွက် အပျိုမြှေး(Hymen)ပြုပြင်မှုခံယူနိုင်ပြီး အမေရိကန်ဒေါ်လာ ၆ဝဝဝပေးရမည် ဖြစ်သော်လည်း ခွဲစိတ်ကုသမှုအစီအစဉ်မှာ နာရီဝက်ခန့်သာ ကြာမြင့် ပါတယ်။ သတို့သမီးအချို့ကတော့ အပျိုစင် စစ်စစ်ဖြစ်ကြောင်း သက်သေပြရန်အတွက် လက်ထပ်ခြင်းမပြုမှီ အပျိုမြှေးပြုပြင်သည့်ခွဲစိတ်မှုကို ခံယူကြကြောင်းသိရသည်။ အချို့အမျိုးသမီးများတွင် မင်္ဂလာဦးည၌ သူတို့၏ ခင်ပွန်လောင်း သို့မဟုတ် ဆွေမျိုးများ၏ အပျိုစစ်စစ်ဖြစ်ကြောင်း သက်သေပြရန် ဖိအားပေးခံရသည်ဟု ဆိုသည်။ အပျို မြှေးပြု ပြင် သည့် ခွဲစိတ်ကုသမှုလုပ်ငန်းစဉ်၌ အပျိုမြှေးကို ပြန်ချုပ်ခြင်း သို့မဟုတ် ပြန်လည်ဖွဲ့စည်ယူခြင်း ပြုလုပ်ခဲ့သောကြောင့် မင်္ဂလာဦးညတွင် ပြန်လည်စုတ်ပြဲသွားပြီး သွေးထွက်ခြင်းဖြင့် အပျိုစစ်စစ်ဖြစ်ကြောင်း သက်သေပြနိုင်သည်ဟုဆိုသည်။ တချို့အမျိုးသမီးများတွင်အပျို မြှေးအား ပြန်လည်ပြုပြင်၍ မရတော့သောကြောင့် အပျိုမြှေးအတုဖြင့် အစားထိုးရသည်ဟုဆိုပါတယ်။ ယင်း၌ သွေးအိတ်တစ်ခု ထည့်သွင်းပြီး အမြှေးပါး စုတ်ပြဲသွားသည့်အခါ သဘာဝအတိုင်း သွေးထွက်သည့် ပုံစံမျိုးရရှိအောင် ပြုလုပ်သည်ဟု ဆိုသည်။ အဆိုပါခွဲစိတ်မှု လုပ်ငန်းစဉ်ကို သာမန်ထုံဆေးဖြင့်သာ ရိုးရိုးဆေးခန်းများ၌လည်း ပြုလုပ်နိုင်ပြီး ဆရာဝန်များက ယင်းကဲ့သို့ အပျို မြှေးပြု ပြင် ခြင်းသည် ရုပ်ပိုင်းဆိုင်ရာအရနှင့် စိတ်ပိုင်းဆိုင်ရာအရ ကျန်းမာရေးကို လွန်စွာ အထောက်အကူပြုသည်ဟု ဆိုပါတယ်။ တစ်နည်းအားဖြင့် မိန်းကလေးတွေရဲ့ စိတ်သောက ကို ဖြေလျော့ပေးတာမျိုးလည်း ဖြစ်ပါတယ်။ Credit : :မြန်မာဆန်သစ်