အေးနေဝင်းနဲ့ပတ်သက်မှု မရှိဘူးလို့ ဖြေရှင်းလာတဲ့မော်ဒယ်မလေး



မကြာသေးခင် ရက်ပိုင်းလောက်က အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ တက်လာတာနဲ့ ပတ်သက်လို့ သူမက ပြန်ဖြေရှင်းလိုက်တာ ဖြစ်ပါတယ်။ အေးနေဝင်းနဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ချို့ မကြာသေးမီ ရက်ပိုင်းက အွန်လိုင်းပေါ်မှာ ပြန့်ခဲ့ပါတယ်။ အဲ့ဒီဓာတ်ပုံကိစ္စနဲ့ပတ်သက်ပြီး စိတ်ဝင်စားနေကြတာကို သူမအနေနဲ့ အံ့သြမိတယ်လို့ ဆိုပါတယ်။ သူငယ်ချင်းများနဲ့ အတူ ဓာတ်ပုံတွဲရိုက်ထားတာ ဖြစ်ပြီး နှစ်ယောက်တည်း တတွဲတွဲလုပ်နေတာလဲ မဟုတ်တဲ့ အတွက် ဒါကို အထင်လွဲကြတဲ့အတွက် သူမအနေနနဲ့ စိတ်မကောင်းမိကြောင်း ပြောပါတယ်။ သူငယ်ချင်းတစ်ယောက်လို အစ်ကိုတစ်ယောက်လို ခင်မင်တဲ့သူတွေ ဖြစ်သလို အစ်ကိုအရွယ်ဖြစ်တဲ့အတွက် အဆင်ပြေအောင် ဆက်ဆံတတ်တာပဲ ရှိတယ်လို့ သူမက ဆိုပါတယ်။ အဲ့အတွက်ကိုလည်း တစ်ခြားသူတွေ တစ်မျိုးမြင်နေတာကို နားမလည်ဘူးလို့လည်း ပြောပါတယ်။ Source : 7day News
Powered by Blogger.