အတိတ်ကြောင်းတွေဖွင့်ချလိုက်တဲ့ဖွေးဖွေး





NOW! Weekly Magazine added 6 new photos. 1 hr · ၉နှစ်တာ ဘဝကန့်လန့်ကာကို ဖွင့်လှစ်ပြခဲ့တဲ့ ဖွေးဖွေး ================================= ၂၀၁၆ စက်တင်ဘာမှာ ကျွန်မတို့ now! ရပ်တည်လာတာ ၉နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ စတင်ခဲ့ချိန်ကနေ အခုချိန်ထိ now! ရဲ့ cover တွေကို အသေအချာ စီစဉ်ရိုက်ကူးခဲ့ပြီး ကာဗာရှင်နဲ့ အင်တာ ဗျူးကိုလည်း now!ရဲ့ အကြီးဆုံးကဏ္ဍ အဖြစ် အလေးပေးဖော်ပြခဲ့တဲ့ အစဉ်အ လာကို ဒီ 9th Anniversary Issue မှာလည်း ဆက်လက်ထိန်းသိမ်းလိုက်ပါ တယ်။ ကာဗာစတားကတော့ လတ်တ လောမှာ ပရိသတ်စိတ်ဝင်စားမှု အမြင့် ဆုံးဖြစ်နေတဲ့ အကယ်ဒမီနှစ်ဆုရှင် ဖွေး ဖွေးပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမက လည်း ဩဂုတ်လ ၉ရက်နေ့ဖွား ၉ဂဏန်း ရှင်တစ်ယောက်ဖြစ်ပြီး သူမ အနုပညာ လောကထဲ စတင်ဝင်ရောက်ခဲ့ရာနှစ်က လည်း လွန်ခဲ့တဲ့ ၉နှစ် now! စတင်ခဲ့ရာ ၂၀ဝ၇ကပဲမို့ now! ပရိသတ်တွေနဲ့ ထိတွေ့မှုအများဆုံး အနုပညာရှင်တွေ ထဲက တစ်ဦးဖြစ်တဲ့ ဖွေးဖွေးရဲ့ now! အပေါ် ခံစားချက်တွေနဲ့အတူ သူမရဲ့ လက်ရှိဖြစ်တည်မှု၊ ၉နှစ်တာ အနုပ ညာသက်တမ်းအတွက် ရွေးချယ်ရပ် တည်မှုနဲ့ သူမဘဝထဲက ခံစားချက် အဖုံဖုံကို ကာဗာစတိုရီအဖြစ် တင်ဆက်ပေးထားတာလေးတွေကနေ ဖွေး ဖွေးကို ပုံရိပ်ဖမ်းကြည့်ဖို့ လွယ်ကူမယ် ထင်ပါတယ်။ သူမနဲ့ဆုံဖြစ်တိုင်း အနုပညာအ ကြောင်းတွေပဲ ပြောဖြစ်ခဲ့ကြရာက အခု လို ၉နှစ်ပြည့်မှတ်တိုင်လေးအတွက် တော့ ဘဝနဲ့ စပ်ဆိုင်တာလေးတွေကိုပဲ အလေးပေး ပြောကြမယ်ဆိုတာကို သ ဘောတူတဲ့ ဖွေးဖွေးက လတ်တလော မှာ ကားရိုက်တွေထက် ကြော်ငြာတွေပဲ ခပ်စိတ်စိတ် ရိုက်ကူးဖြစ်ရင်း လူရော စိတ်ပါ လန်းဆန်းနေအောင် နေထိုင်နေ တယ်လို့ စပြီး ပြောပြလာပါတယ်။ Continue reading full story on ..... now!magazine Cover story section Issue 461 Shoot Supervisor - Than Htike Oo Stylist -Judson Fish Hair & Makeup - Ma Cho ,Ma Khine ( Hello) Photo - Jason ( Sense Photography) Story writer - စောနန္ဒာစင်
Powered by Blogger.