ရုပ်ရှင်ဗီဒီယိုလူကြမ်းသရုပ်ဆောင် ဓါးထိုးခံရ ( ကြည့်ရန် နိပ်ပါ )



“စကားများပြီးဖြစ်ကြတာပါ။ ချက်နားမှာတစ်ချက်အထိုးခံရတယ်။ ရုပ်ရှင်ဗီဒီယိုလူကြမ်းသရုပ်ဆောင်ကိုကုလား(ခ)ကုလားကြီးဓားထိုးခံရပြီးရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာနတွင် ကုသမှုခံယူနေရသည်ဟု ၎င်း၏လုပ်ဖော်ကိုင်ဖက်များက ပြောသည်။ ၄င်းလုပ်ဖော်ကိုင်ဖက်ဖြစ်သူ ကိုနိုင်လင်းက “စကားများပြီးဖြစ်ကြတာပါ။ ချက်နားမှာတစ်ချက်အထိုးခံရတယ်။ အခုရဲတိုင်ထားတယ် ”ဟုပြောသည်။ ကိုကုလားသည် စက်တင်ဘာလ ၂၅ရက်ညနေလေးနာရီအချိန်တွင် သန်လျှင်မြို့နယ်ရှိ စစ်စီးတောဘုရားနားတွင် စကားများရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့သည်ဟုသိရသည်။ HH Photo Cerdit Tun Tun Win
Powered by Blogger.