ဖမ်းမိမူးယစ်ဆေးဝါး တန်ဖိုး ကျပ်သိန်းပေါင်း ၁၅၀၀ ကျော်ရှိ


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ၂၀၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှု ၃၃ မှု ဖမ်းဆီးရမိခဲ့ပြီး တန်ဖိုး ကျပ်သိန်းပေါင်း ၁၅၀၀ ကျော် ရှိတယ်လို့  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု ၅ က ခေတ္တရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး လှထွေးက ပြောပါတယ်။

မူးယစ်ဆေးဝါး ဖမ်းဆီးနိုင်မှုတွေမှာ ကလေးမြို့အနေနဲ့ ဘိန်းဖြူအမှုဟာ ၂၂ မှုထိ ရှိခဲ့ပြီး ၂၀၁၅ အတွင်း အရေအတွက် အများဆုံး ဖမ်းဆီးနိုင်ခဲ့ပါတယ်။

တခြား မူးယစ်ဆေးဝါး ဖမ်းဆီးနိုင်မှုတွေအနေနဲ့ စိတ်ကြွဆေး၊ ဆူဒိုအက်ဖီဒရင်းဆေးပြားနဲ့ ဆူဒိုအမှုန် စတဲ့အမှုတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

အများဆုံး ဖမ်းဆီးနိုင်မှုကတော့ ဘိန်းဖြူမှုဖြစ်ပြီး ၂၂ မှုရှိတယ်လို့ ဆိုပါတယ်။
ဒီဗွီဘီ

No comments

Powered by Blogger.