Christmas မှ X'mas အဖြစ်သို့ အတိုကောက် ဖြစ်လာပုံ


လက်ဆောင်ပစ္စည်းတွေ ပေးတာပဲဖြစ်ဖြစ်၊ သကြားလုံးတွေ လိုက်ဝေရာမှာပဲ ဖြစ်ဖြစ် လူတိုင်း ခရစ္စမတ်စ် အစဉ်အလာကို မြတ်နိုးကြပေမယ့် ဒီရိုးရာ အစဉ်အလာတွေ ဘယ်လို၊ ဘယ်က လာလဲဆိုတာ လူအနည်းအကျဉ်းလောက် သာ သိကြပါတယ်။ ဒီခရစ္စမတ်စ် အစဉ်အလာများရဲ့ အံ့သြပျော်ရွှင်ဖွယ်ရာနဲ့ မူလဇစ်မြစ်ကို လေ့လာကြည့်ကြရအောင်။

ဘာကြောင့် Xmas လို့ အတိုကောက် ခေါ်သလဲ။

ဒါက ခရစ္စမတ် ကြိုဆိုနှုတ်ဆက်တဲ့ ကဒ်ပြားတွေမှာ နေရာအလုံလောက်မရှိတဲ့အခါ ကျွန်ုပ်တို့ သုံးကြတဲ့ အတိုကောက် ပုံစံတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် X ဆိုတဲ့ အက္ခရာစာလုံးက Christmas ဆိုတဲ့ဝေါဟာရမှာ Christ ကို အစားထိုးတဲ့ အရာတစ်ခုဖြစ်ကြောင်း လူအနည်းငယ်သာ သိရှိကြပါတယ်။ လက်စသတ်တော့ ဂရိစလုံး 'chi' ကို 'x' လို့ ရေးထားတာဖြစ်ပြီး ဂရိဘာသာစကားမှာ Christ ဝေါဟာရရဲ့ ပထမဆုံး အက္ခရာစာလုံး ဖြစ်ကြောင်း သိရပါတယ်။ 

Ref: Indiatimes

No comments

Powered by Blogger.